Pages

Tuesday, May 19, 2015

"ဇွန်လမှစတင်၍ မိုဘိုင်းဖုန်းငွေဖြည့်တင်းမှုများမှ အခွန် ၅ ရာခိုင်နှုန်းဖြတ်တောက်မည်"


RangonNewsDaily:: May . 19 .2015
အခွန်ဥပဒေအသစ်အရ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးထံမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်ဝယ်ယူသူများအနေဖြင့် ဇွန်လ ၁ ရက်မှစတင်ကာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ အခွန်ကောက်ခံမှုကို ၂၀၁၄-၁၅ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ကောက်ခံခြင်းဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ဖုန်းဘီလ်တစ်ထောင်ကျပ် ဖြည့်သွင်းပါက ၄၈ ကျပ် အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ၉၅၂ ကျပ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
::
သုံးစွဲသူများအနေဖြင့် ငွေဖြည့်ကတ်အတွက် အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ဆင်းမ်ကတ်အတွက် ၅ ရာခိုင်နှုန်းကို အော်ပရေတာများက ပေးဆောင်ရမည် ဖြစ်သည်။
7 Day ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment