Pages

Monday, May 25, 2015

Huawei P8 မိုဘိုင်းလ်ဖုန်းသစ်တွင် RAM 3GB ပါဝင်


RangonNewsDaily:: May . 25 .2015
Huawei ကုမ္ပဏီ၏နောက်ဆုံး မျိုးဆက်စမတ်ဖုန်းဖြစ်သော Ascend P8 တွင် Internal Memory အဖြစ် RAM 3GB ထည့်သွင်း ထားကြောင်းသိရသည်။
RAM 3GB ထည့်သွင်းထား သော ပထမဆုံးစမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည့် Asus Zen Fone 2 မိတ်ဆက်ပြီး ရက်ပိုင်း အကြာ၌ Huawei က RAM 3GB ပါဝင်သော Ascend P8 ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

Ascend Series သည် Huawei ထုတ် စမတ်ဖုန်းစီးရီးများထဲတွင် Luxury Series အဖြစ်သတ်မှတ် ခံရပြီး P8 တွင် အခြားနည်းပညာ ဆန်းသစ်မှုများလည်း ထည့်သွင်း ထားသည်ဟုသိရသည်။ နောက် ကင်မရာမှာ 13 MP ကင်မရာကို ဆက်လက်အသုံးပြုထားသော် လည်း ပုံရိပ်ကြည်လင်ပြတ်သားမှု နှင့်သဘာဝကျမှုအပိုင်းများ၌စွမ်း ဆောင်ရည်ပိုကောင်းလာစေရန်မှန်ဘီ လူးများ၏အရည်အသွေးကိုတိုးမြှင့် ထားသည့်အပြင် ဆော့ဖ်ဝဲပိုင်း လုပ်ဆောင်ချက်များကိုလည်း မြှင့် တင်ထားသည်ဟုဆိုသည်။ထို့အပြင် အသုံးဝင်စေမည့် ကိုယ်ပိုင်နည်း ပညာသစ်အမြောက်အမြားကိုပါ ထည့်သွင်းထားသည်ဟုသိရသည်။
The Union Daily, KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment