Pages

Monday, July 6, 2015

CDMA 450/800 ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ


RangonNewsDaily:: July . 5 .2015
ဈေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်
၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။
MPT သည်၎င်း၏ ဆောင်ပုဒ်ဖြစ်သော “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့်အတိုင်း MPT ကိုအားပေးနေသော မိဘပြည်သူများနှင့် ထပ်မံတိုးပွားလာမည့်သုံးစွဲသူများအတွက် ဈေးနှုန်းသက်သာ၍ ယုံကြည်အားထားရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ထပ်မံမိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။
::
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် 00:00:01 မှစ၍ MPT၏ ဆွေသဟာအစီအစဉ်ကို သုံးစွဲသူ မိဘပြည်သူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု တစ်မိနစ် ၂၃ ကျပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်။ ဤဈေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများအားလုံးအတွက် အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။


လက်ရှိ ဆွေသဟာကို သုံးစွဲနေသူများအနေဖြင့် ဤဈေးနှုန်းသတ်မှတ်ချက်အသစ် တစ်မိနစ် ၂၃ ကျပ်ဖြင့်သုံးစွဲရန် မည်သည့် ထပ်ဆောင်းဝန်ဆောင်ခမှ ပေးရန်မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါဈေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ 
::
GSM/CDMA သုံးစွဲသူများအနေဖြင့် ဆွေသဟာစနစ်ကို ရယူရန် ၁၃၃၂ သို့ SWE ဟု အခမဲ့ စာတိုတစ်စောင်ပေးပို့ခြင်းဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေသဟာရှိ အခြားသောဝန်ဆောင်မှုဈေးနှုန်းများနှင့် ဆွေသဟာကို မရယူထားသော GSM နှင့် CDMA သုံးစွဲသူများ၏ အခြေခံသုံးစွဲမှုနှုန်းထားများမှာလည်း ယခင်အတိုင်းပင်ဖြစ်သည်။ 
::
CDMA 450 နှင့် CDMA 800 ဖုန်းများကို သုံးစွဲနေသူများအတွက်လည်း ခေါ်ဆိုနှုန်းထားအသစ်ကို ထပ်မံလျှောက်ထား ရယူရန် မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါဈေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ CDMA သုံးစွဲသူများအတွက် အခြားသောဝန်ဆောင်မှု နှုန်းထားများမှာ ယခင်အတိုင်းပင်ဖြစ်သည်။ ဈေးနှုန်းအသစ်သတ်မှတ်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ သုံးစွဲသူမိဘပြည်သူများအားလုံးကို ငွေဖြည့်ကတ်ဖြည့်ရာတွင် အပိုထပ်ဆောင်းငွေများ ထည့်သွင်းလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
::
ဇူလိုင်လ ၅ ရက်နေ့မှ ရ ရက်နေ့အတွင်း ငွေဖြည့်သော သုံးစွဲသူမိဘပြည်သူများအနေဖြင့် ၅၀% အထိ အပိုထပ်ဆောင်းငွေများကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ အပိုထပ်ဆောင်းငွေများကို ဇူလိုင်လ ၃၁ ရက်မတိုင်မီ MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးစွဲနိုင်မည်ဖြစ်သည်။
Ref - MPT ::--KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment