BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

၂၅ ဦးအထိ အုပ်စုဖွဲ့ကာ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နိုင်မည့် feature ကို iOS နှင့် Android အတွက် Skype ဖြန့်ချိ


RangonNewsDaily:: February . 19 .2016
ပြီးခဲ့သည့်လက Skype group video calling အတွက် Microsoft က ကတိပြု ပြောကြားပြီးနောက် ယခုအခါ အဆိုပါ feature ကို iOS နှင့် Android အတွက် ဖြန့်ချိပေးလိုက်သည်။

၎င်း option ကို ဥရောပနှင့် အမေရိကန်ရှိ Skype account များထံ စတင်ဖြန့်ချိပေးထားပြီး မတ်လတွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိပေးသွားမည်ဟု Microsoft မှ ပြောကြားသည်။

Skype group video calling တွင် လူ ၂၅ ဦးအထိ ပါဝင်နိုင်ပြီး စကားပြောဆိုသူကို အလယ်ဗဟိုတွင် ဖော်ပြပေးကာ နားထောင်သူများကို ဘေးပတ်ပတ်လည်တွင် အရွယ်သေးငယ်သော လေးထောင့်ကွက်များဖြင့် ဖော်ပြပေးမည်ဖြစ်သည်။

Intel သည် ၎င်း၏ပရိုဆက်ဆာများအသုံးပြုထားသော Azure cloud server များတွင် SILK Super Wide Band audio codec ကို အသုံးပြုနိုင်ရန် Microsoft နှင့် ပူးပေါင်းဆောင်ရွက်ထားသောကြောင့် များပြားလှသော စကားပြောဆိုမှုများအတွက် ကြည်လင်ပြတ်သားသော အသံစနစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ group video calling ဖြန့်ချိမှုနှင့်အတူ Microsoft က Skype chat invitation feature ကို iOS နှင့် Android ထံ တိုးချဲ့ဖြန့်ချိပေးခဲ့သည်။ ၎င်း feature သည် အုပ်စုဖွဲ့ကာ စကားပြောဆိုရန်အတွက် လူများကို ဖိတ်ကြားနိုင်သလို Skype for Web ကို အသုံးပြုပြီး ဗီဒီယိုခေါ်ဆိုမှုတစ်ခုတွင် ပါဝင်နိုင်မည် ဖြစ်သည်။
Ref: TheVerge
Internet Journal , KOLATT(PBDN)
RangonNewsDaily