Pages

Friday, April 24, 2015

ပြည်တွင်းရောက် စမတ်ဖုန်းတွေကို စိန်ခေါ်မယ့် OPPO Mirror 3




RangonNewsDaily:: April . 24 .2015
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း ဈေးကွက်အတွင်း ရောက်ရှိလာတဲ့ စမတ်ဖုန်းတွေကို ကြည့်ပြီး ဒီတစ်ပတ်အတွက် ဖော်ပြဖို့အတွက် OPPO Mirror 3 ကို ရွေးချယ်ထားပါတယ်။ OPPO တို့က ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းများနဲ့ စမတ်ဖုန်းဈေးကွက်ဝေစုကို အခြားစမတ်ဖုန်း ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ရယူဖို့ ကြိုးစားလာကြတာပါ။

OPPO Mirror 3 က Smart Remote စနစ် ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအချက်က ထိပ်တန်း စမတ်ဖုန်းတွေမှာပဲ ပါဝင်လေ့ရှိတဲ့ စနစ်ပါ။ စမတ်တီဗီတွေကို အဖွင့်အပိတ်လုပ်နိုင်မယ်ပေါ့။ OPPO က N စီးရီး စမတ်ဖုန်းတွေမှာ ကင်မရာကို လှည့်လို့ရအောင် ဖန်တီးခဲ့သလို Mirror 3 မှာလည်း ထိပ်တန်း စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ စွမ်း ဆောင်ချက်တစ်ခုကို အလယ်အလတ်တန်း စမတ်ဖုန်းမှာ ထည့်သွင်းပေးလိုက်ပါပြီ။ နောက်ထပ် ဘယ်လိုအရည်အသွေးတွေ ပါဝင်မလဲဆက်ကြည့်ရအောင်။

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး
မျက်နှာပြင်အရွယ်အစားက ၄ ဒသမ ၇ လက်မအရွယ်အစားရှိပါတယ်။ မျက်နှာပြင် ကြီးကြီး အသုံးပြုချင် သူတွေ အတွက်တော့ စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး အလွယ်တကူ သယ်ဆောင်သွားနိုင်မယ့် ဒီဇိုင်းဖြစ်တဲ့အတွက် လူကြိုက်များနိုင်ပါတယ်။

ပုံရိပ်အရည်အသွေးက 720 x 1080 Pixels ရှိပါတယ်။ ပုံရိပ်သိပ် သည်းဆက 312 ppi ရှိတဲ့အတွက် နေရောင်အောက်မှာ အသုံးပြုမှုအတွက် ကောင်းကောင်းအထောက်အပံ့ ပေးမှာပါ။
နေရောင်အောက်ရောက်သွားရင် မျက်နှာပြင်ကို မမြင်ရတော့တဲ့ ပြဿနာ မရှိတော့ပါဘူး။

ကင်မရာ အရည်အသွေး
8MP အရည်အသွေးရှိတဲ့ ကင်မရာကို တပ်ဆင်ထားပါတယ်။ 3264 x 2448 pixels အရည်အသွေး ရှိပုံရိပ်တွေ ကို ရိုက်ကူးနိုင်ပါတယ်။ရှေ့ကင်မရာက 5MP ပါဝင်ပါတယ်။ Geo-tagging, touch focus, face detection စတဲ့ ကင်မရာစွမ်းဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။

HD အရည်အသွေးရှိ
ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါ တယ်။ ကင်မရာအရည်အသွေးက ထိပ်တန်းစမတ်ဖုန်းတွေ လောက်မမြင့်မားပေမယ့် ပေးရတဲ့ တန်ဖိုးအပေါ်မှာ တော့ စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။

ဘက်ထရီ အရည်အသွေး
စမတ်ဖုန်းတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် မေ့မထားသင့်တာက ဘက်ထရီအရည်အသွေးပါ။
အသုံးခံနိုင်မှုနည်း တဲ့ဖုန်းတစ်လုံးကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရမယ်ဆိုရင် အဆင်မပြေပါဘူး။ OPPO တို့က Mirror 3 မှာ 2000 Li-Ion mAh battery တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီကို ဖြုတ်လို့တော့ မရပါဘူး။ တစ်နေ့စာအသုံးပြုမှုအတွက် လုံလောက်တယ်ဆိုတာထက်ကို ပိုပါတယ်။ ဘက်ထရီအရည်အသွေးကတော့ စိတ်ကျေနပ်စရာပါပဲ။

GSM နှစ်ကတ်သုံးစမတ်ဖုန်း OPPO Mirror 3 က GSM ဆင်းမ်ကတ် နှစ်ကတ်အသုံးပြုနိုင်ပါတယ်။ နှစ်ကတ်လုံးကို အသင့် အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အော်ပရေတာနှစ်ခုကို ရွေးချယ်ဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေးပါတယ်။ ဈေးကွက်လိုအပ်ချက်နဲ့ အံဝင်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။

အခြား စွမ်းဆောင်ရည်များ
Android OS ဗားရှင်း 4.4 (kitkat) ကို အသုံးပြုထားပါတယ်။ Quad-core 1.2 GHz Cortex-A53 CPU ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ဖုန်းအတွင်းသိုမှီးနိုင်မှုပမာဏက 8GB ဖြစ်ပြီး RAM က 1GB ပါ။ ဖုန်းအတွင်း သိုမှီးနိုင်မှုကို 128 GB အထိ မြှင့်တင်အသုံးပြုနိုင်ပါတယ်။

Bluetooth,USB စတာတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင် ပါတယ်။ Accelerometer, proximity, compass, Magnetometer, Ambient Light Sensor စတဲ့ အာရုံခံစ နစ်တွေပါဝင်ပါတယ်။

OPPO Mirror 3 ကို ရောင်းဈေး ကျပ် ၂၁၉၀၀၀ သတ်မှတ်ထားပါတယ်။
ပြည်တွင်းဈေးကွက်ထဲက စမတ်ဖုန်း သစ်တွေကြားမှာ Mirror 3 အနေနဲ့ ဘယ်လောက်အထိ စိတ်ဝင်စားမှု ရနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ပေးရတဲ့ တန်ဖိုးနဲ့ မျှတတဲ့ စွမ်းဆောင်ရည်တွေကြောင့် Mirror 3 က ရွေးချယ်သင့်တဲ့ စာရင်းထဲမှာ ထည့်ထား ရမှာပါ။

Mizzima , 
KOLATT(PBDN)
RangonNewsDaily








0 comments:

Post a Comment