Pages

Sunday, February 21, 2016

“၂၀၁၆တွင် ဈေးကွက်ထဲဝင်လာမည့် ANDROID စမတ်ဖုန်းများ”


RangonNewsDaily:: February . 19 .2016
နှစ်သစ်တစ်နှစ်ရောက်ပြီဆိုလျှင် နာမည်ကြီး branded စမတ်ဖုန်းများ အသစ်ထုတ်ရန် တန်းစီစောင့်ဆိုင်းနေ ကြပါသည်။ Android 6.0 ထွက်ပြီ ဟုဆိုသော်လည်း ၂၀၁၅ကုန်ချိန်အထိ တန်ဖိုးမြင့် Android စမတ်ဖုန်းများ တွင် ယင်းကိုမတွေ့ရသေး။
ပြည်တွင်းသို့ရောက်လာသော စမတ်ဖုန်းအသစ် အတော်များများမှာ Android 5.1 က အမြင့်ဆုံးဖြစ်သည်။ ၂၀၁၆ ခုနှစ် နွေရာသီတွင် ပြည်တွင်းသို့ဝင်လာဖွယ်ရှိသော စမတ်ဖုန်းများ သည် Android 6.0 ကိုယူဆောင်လာကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ၂၀၁၆ ခုနှစ်တွင် ဈေးကွက်ထဲသို့ဝင်ရန်တာ စူနေသော Android စမတ်ဖုန်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။


<Samsung Galaxy S7 and S7 Edge>
လာမည့်မတ်လတွင်ကျင်းပမည်ဖြစ်သော Mobile World Congress တွင် Galaxy S7 ကို မြင်ကြရပါမည်။ Galaxy S6 တွင် Samsung သည် ယင်း၏ ကိုယ်ပိုင် Exynos Processor ကို မသုံးဘဲ Qualcomm Processor ကိုသာ ကျောထောက်နောက်ခံပြုခဲ့သည်။ ဤရည်ရွယ်ချက်အတိုင်းပင် Galaxy S7 တွင်လည်း ဆက်လက်ကျင့် သုံးသွားမည်ဟု မျှော်လင့်ရပါသည်။ 

Samsung သည် Snapdragon 820 Processor ကို Galaxy S7 တွင် အသုံးပြုရန် အတွက် စမ်းသပ်ခဲ့သည်။စင်စစ်အားဖြင့် Samsung သည် Qualcomm နှင့်အတူ ယှဉ်တွဲ၍အလုပ်လုပ်သွားရန်စဉ်းစားထားပုံရပြီး Snapdragon 820 တွင် 3G Hz အမြန်နှုန်းအထိ အလုပ်လုပ်နိုင်သော Kyro CPU cores များကို ထည့်သွင်းရန် ရည်ရွယ်ခဲ့သည်။ 

ယင်းရည်ရွယ်ချက်သာ အထမြောက်ခဲ့လျှင် Galaxy S7 တွင် Graphic အဖြစ် Adreno 530 ကိုမြင်ရနိုင်ပြီး LP DDR4RAM လည်းပါဝင်လာနိုင်သည်။ RAM ပမာဏမှာလည်း ယနေ့ခေတ် တန်ဖိုးကြီးဖုန်းများတွင် သုံးနေသည့် 4G အစား Galaxy S7 တွင် 6GB ပါလာနိုင်သည်။ Screen မှာအလွန်ကောင်းနေပြီးဖြစ်ရာ S7 တွင် အသစ် အဆန်းမြင်ရစရာအကြောင်းမရှိပါ။ 5.1 in ရှိသော QHD Super AMOLED Screen သာဖြစ်စရာအကြောင်းရှိသည်။ S6 တွင် တွေ့မြင်ခဲ့ရသော Fingerprint Scanner နှင့် Heartrate Monitor တို့သည် S7 တွင် ပြန်ပါ လာပါလိမ့်မည်။ Android 6.0 ကိုအခြေခံပြီး Touchwiz နှင့်ပွဲထွက်လာဖွယ် ရှိသော Galaxy S7 နှင့် S7 Edge တို့သည် ၂၀၁၆ ခုနှစ်တွင် လူကြိုက် အများဆုံး Android ဖုန်းများဖြစ်လာနိုင်ပါသည်။


<Sony Xperia Z6>
စမတ်ဖုန်းလောကတွင် ကိုးရီးယားဖုန်းများအခြေအနေကောင်းသော်လည်း ၂၀၁၅ ခုနှစ်ထဲတွင် Xperia Z5 ဖြင့် ပွဲထွက်လာခဲ့သော Sony သည် လှိုင်းကြမ်းလေကြမ်းများထဲတွင်စီးမျောခဲ့ရပါသည်။ Xperia Z5 သည် အကြီး အကျယ်အောင်မြင်မှုဟုမျှော်လင့်ခဲ့ပြီး သင့်တင့်သလောက်လည်း အောင်မြင်မှုရခဲ့သည်။ 

၂၀၁၆ ခုနှစ်တွင်လည်း အဆိုပါရည်မှန်းချက်ကို ခိုင်ခိုင်မာမာစွဲကိုင်ပြီး Xperia Z6 ဖြင့် ပွဲထွက်လာပါဦးမည်။Xperia Z6 နှင့်ပတ်သက်ပြီး သတင်းပေါက်ကြားမှုအနည်းအကျဉ်းသာရှိခဲ့သော်လည်း Sony သည် ခြောက်လ တစ်ကြိမ် စမတ်ဖုန်းမော်ဒယ် အသစ်ထုတ်သည့် စီမံကိန်းကိုရပ်ဆိုင်းလိုက်ပြီဟု ယုံကြည်ရပါသည်။ ထို့ကြောင့် Xperia Z6 သည် ၂၀၁၆ခုနှစ် စက်တင်ဘာလလောက်တွင်မှ ဈေးကွက်ထဲရောက်လာ နိုင်ပါမည်။ 

Z6 သည် Z5 မှာကဲ့သို့ပင်ရေလုံ သည့်စွမ်းရည်နှင့်လက်ဗွေစနစ် များပါဝင်လာဖို့များသည်။ သို့သော်စမတ် ဖုန်းလောကတွင် တခြားဖုန်းများ နှင့်မတူတစ်မူထူးကဲစွာ လှုပ်ခတ်နိုင်ရန် အတွက်ဆန်းသစ်မှုတစ်ခုခုက ပါလာ ပါဦးမည်။


<LG V10>
စမတ်ဖုန်းလောကတွင် LG G4 pro ကို Galaxy S6 ကဲ့သို့ပင် လူကြိုက်များ ကြပါသည်။ သို့သော် ဈေးနှုန်း ကြီးမြင့်လှသဖြင့် လူတိုင်းဝယ်ဖို့မတတ်နိုင်။ သို့အတွက် LG G4 pro နှင့်ပုံစံတူပြီး ဈေးသက်သာစေရန် အရည်အသွေး လျှော့ထားသော LG V10 ကိုထုတ်ခဲ့ပါသည်။ ဤဖုန်းတွင် Screen နှစ်ခု ပါသည်။ 

Screen resolutionမှာ QHD ဖြစ်ပြီး ရှေ့မျက်နှာစာအတွက် Selfie ကင်မရာလည်း နှစ်ခုပါဝင်သည်။ Video ကို မိမိစိတ် ကြိုက်ညှိပြီး ရိုက်ကူး နိုင်သော Manual Mode ပါဝင်ပြီး Micro SD ကို 2TB အထိ ထည့်သွင်း အသုံးပြုနိုင်သည်။အတွင်း Storage 64GB ပါသည်။ 3000mAh ဘက်ထရီမှာ ဖြုတ်၍တပ်၍ရသော ဘက်ထရီဖြစ်ရာ Service ဌာနအများ အပြားမထားနိုင်သေးသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်သင့်တော်သည်။ 

CPU အဖြစ် hexa-core ပါဝင်သော Snapdragon808 Chip ကိုသုံးပြီး RAM 4G ပါဝင်လာပါမည်။ အသံမှာ RAM 4G ဖြစ်ပါမည်။ ၂၀၁၅ခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်ထဲသို့ ပို့ရန်အထမမြောက်ခဲ့သော LGV10 သည် ၂၀၁၆ခုနှစ် နှစ်ဦးပိုင်း၌ ဈေးကွက်ထဲပီပီပြင်ပြင် ရောက်လာပါလိမ့်မည်။


<LG G Flex 3>
မျက်နှာပြင်ခွက်ခွက်နှင့် LG G Flex 2 ဖုန်းသည် စိတ်ဝင်စားဖွယ် ကောင်းသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။ ယင်းတွင်သုံးထားသော ပစ္စည်း များက ခြစ်ရာထင်ခဲ့လျှင် အလိုလိုပျောက်သွားစေရန်လုပ်ဆောင်ပေးနိုင် သော အစွမ်းရှိသည်။ 

Flex3 ကမူ ပို၍စိတ်ဝင်စားဖွယ်ကောင်းနိုင်ပါသည်။ ပေါ်ထွက်နေသော ကောလာဟလများအရ Flex3 သည်သတ္ထုကိုယ်ထည်၊ Premium design တို့နှင့် ပေါ်ထွက်လာမည်ဟုဆိုသည်။ ဤဖုန်းမော်ဒယ်အ သစ်တွင် Qualcomm Snapdragon 820 ပါဝင်လာဖွယ်ရှိပြီး RAM အနိမ့်ဆုံး 4GB ထည့်သွင်းပါလိမ့်မည် 

Micro SD ကို 32GB အထိထည့်သွင်းပြီး တိုးချဲ့ နိုင်ပါမည်။ပေါက်ကြားလာသောသတင်းများအရ ဤဖုန်းတွင်ပါဝင်မည့် ဘက်ထရီမှာ 3500mAh ရှိမည်ဟုသိရပြီး Fingerprint Scanner ကိုလည်း ထည့်သွင်းပေးပါမည်။ ကင်မရာများအဆင့် မြင့်လာပြီး ရှေ့ကင်မရာ 8 MP နှင့် နောက်ကင်မရာ 20.7MP ရှိပါသည်။ LG G Flex 3 ကို ထွက်ပါတော့ မည်ဟု ကုမ္ပဏီက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း ၂၀၁၆ နွေရာသီထဲတွင်ဈေးကွက်ဝင်လာမည်ဟု မျှော်လင့်ရပါသည်။ ဈေးနှုန်းမှာ သက်သာမည်မဟုတ်ပါ။ ပေါင် (၅၀၀)ကျော် ကျသင့်ပါလိမ့်မည်။


<One Plus 3>
One Plus သည် စမတ်ဖုန်းလောကတွင် အသစ်ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်ကိုကိုင်လှုပ်ခဲ့သည်။ One Plus 2 နှင့် One Plus X တို့ကဈေးကွက်မှာ အောင်မြင်သည်။ ယခုလည်း One Plus 3 ဆက်၍ထွက်လာမည့် အသံကို တီးတိုးတီးတိုးကြားနေရပြီ။ နောက်ထွက်မည့် မော်ဒယ်ပုံစံကို အွန်လိုင်းပေါ် တွင်လည်း တွေ့နေရပြီ။ ထိုပုံအ တိုင်းဆိုလျှင် Finger print Scanner သီးခြားပါမည့်ပုံမပေါ်ပါ။

One Plus သည် Sony ၏ လမ်းစဉ်အတိုင်းလိုက်ပြီး Finger Print Scanner ကို Power button တွင်ထည့်မည့် ပုံပေါ်သည်။ သို့တည်းမဟုတ် Fingerprint Scanner စီမံကိန်းကို လုံးဝစွန့်လွှတ်ကောင်း လည်းစွန့်လွှတ်နိုင်သည်။ သို့တည်းမဟုတ်ယင်းထက်ပိုပြီးဆန်းသစ်သော iris-scanning ကို သုံးကောင်းလည်းသုံးနိုင်သည်။

ကနဦးပေါက်ကြားသော One Plus 3 ဆိုင်ရာအချက်အလက်များ အရဆိုလျှင် One Plus 3 ၌သုံးမည့် CPU သည် 820 Chip ဖြစ်လာပါမည်။ ၂၀၁၆ ခုနှစ်ထုတ်ထိပ်တန်းအဆင့်ဖုန်း အားလုံးတွင်ယင်း Processor ကိုပင် အများဆုံးသုံးကြပါလိမ့်မည်။ ထို CPU ကို သုံးခြင်းကြောင့် Performance တက်လာမည့်အပြင် ဘက်ထရီအသုံးခံမှု ပိုကောင်းလာပါမည်။ 

ယင်း CPU နှင့်တွဲမည့် Adreno 530 graphic ကလည်း အဆင့်အမြင့်ဆုံးဖြစ်ပါသည်။ Qualcomm Quick Chrage 3.0 ကိုသုံးသဖြင့် အားသွင်းချိန်အလွန်တိုပါသည်။ Screen မှာ 1080P အဆင့် Full HD ကို အထောက်အပံ့ပေးပါသည်။ သုံးထားသည့်ပစ္စည်းများ အလွန်အဆင့်မြင့် သော်လည်း ဖုန်းကို ဒေါ်လာ(၅၀၀)အောက်ဈေးဖြင့်ရောင်းမည်ဟု ဆိုထား ရာသုံးစွဲသူတို့ အကြိုက်တွေ့ပါလိမ့်မည်။
Mobile Guide Journal (Every Monday)
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment