Pages

Tuesday, May 19, 2015

မိုဘိုင်းဖုန်းငွေဖြည့်သွင်းသူများမှ ၅ရာခိုင်နှုန်းအခွန်ပေးဆောင်ရမှု ပြန်သုံးသပ်ရန် စီးပွားရေးပညာရှင်တိုက်တွန်း

RangonNewsDaily:: May . 19 .2015
အခွန်ဥပဒေသစ်အရ ဆက်သွယ်ရေးအော်ပရေတာသုံးခုမှ မိုဘိုင်းဖုန်းငွေဖြည့်သွင်းမှုများကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည့်အပေါ်တွင် ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညးဝန်ကြီးဌာနအနေဖြင့်ပြန်လည်သုံးသပ်သင့်ကြောင်းစီးပွားရေးပညာရှင်ဒေါက်တာမောင်မောင်စိုးကပြောသည်
" ကျွန်တော်တော့ဒီလိုကောက်တာတစ်ခါမှမကြားဖူးဘူး စားသောက်ဆိုင်မှာကောက်တာကတစ်မျိုးပေါ့ ဟိုတယ်မှာ ၅ ရာခိုင်နှုန်းကောက်တယ်ဆိုတာကစားသောက်နှိုင်တဲ့လူတွေပေးရတာ ဘာမှမဖြစ်ဘူး ၊ဒီဟာကအခြေခံကုန်စည်ထဲမှာပါတယ် ဒီအပေါ်မှာမကောက်သင့်ဘူးဒီလိုကောကိတယ်ဆိုတာမသုံးစေချင်တဲ့သဘော ၊ဒီကိစ္စကိုပြန်စဉ်းစားဖို့လိုတယ်"ဟု ဒေါက်တာမောင်မောင်စိုးကပြောသည် ။

မိုဘိုင်းဖုန်းအသုံးပြုမှုမှာအခြေခံကုန်စည်ဖြစ်သည့်အတွက် အခွန်ကောက်ခံမှုအားသုံးစွဲသူအပေါ်တွင် မကောက်သင့်ကြောင်း ကုမ္မဏီအပေါ်တွင်သာလုပ်ငန်းခွန်ကောက်သင့်ကြောင်း အဆိုပါပုဂ္ဂိုလ်ကဆိုသည်။


" အခုလိုဖုန်းဘေလ်ထဲကကောက်မယ်ဆိုတော့အရမ်းအံသြသွားတယ်အစထဲကဖုန်းခတွေဈေးကြီးရတဲ့ အထဲဒီလိုထပ်ကောက်မယ်ဆိုတော့သေပြီပေါ့ ပြီးတော့သူတို့အခွန်ကောက်တာကတော့ဟုတ်ပါပြီ ဒီအခွန်တွေကို ဘယ်မှာသုံးမှာလဲအစိုးရနဲ့ခရိုနီတွေသုံးဖို့အခွန်တိုးကောက်သလိုဖြစ်နေတယ် မဖြစ်သင့်ဘူး"ဟုဖုန်းသုံးစွဲသူတစ်ဦးကပြောသည်။


ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအရ ငွေဖြည့်ကတ် ကျပ် ၁၀၀၀ လျှင် ကျပ် ၉၅၂ ၊ကျပ်၃၀၀၀ထည့်သွင်း လျှင် ကျပ်၂၈၅၇ ၊ ကျပ် ၅၀၀၀လျှင်ကျပ် ၄၇၆၂ ၊ ကျပ် ၁၀၀၀၀လျှင် ကျပ် ၉၅၂၄ သာသုံးစွဲခွင့်ရတော့မည်ဖြစ်ကြောင်းသိရသည် ။
The Myanma Age , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment