Pages

Sunday, June 10, 2018

မြင်းကပါကျေးရွာတွင် ပုဂံဘုရားတဆူ ရုတ်တရက်ပြိုကျ


RangonNewsDaily::Sunday. June 10. 2018
ပုဂံညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာ ပုဂံ နဲ့ ချောက်မြို့ကိုသွားတဲ့ ကားလမ်းနံဘေးမှာရှိတဲ့ ပုဂံဘုရားဟောင်းအမှတ်​ ၁၃၇၈ ဟာ ဇွန် ၈ ရက်နေ့ ည​နေ ၄ နာရီလောက်က ရုတ်​တရက် ​ပြိုကျသွားခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း ပုဂံ​ညောင်​ဦမြို့နယ်ထဲမှာ မိုးအဆက်​မပြတ် ​ရွာသွန်းနေတာကြောင့် ဘုရားအက်ကွဲကြောင်းတွေကနေတဆင့် မိုးရေယိုစိမ့်ပြီး ပြိုကျခဲ့တာလို့ မြင်းကပါဒေသခံအချို့က ပြောပါတယ်။
အခုပြိုကျခဲ့တဲ့ ဘုရားဟာ ၁၃ ရာစုတည်းက တည်ထားခဲ့တဲ့ ဘုရားဖြစ်ပြီး စစ်အစိုးရခေတ် ၁၉၉၇ ခုနှစ်မှာတော့ အသစ်ပြန်လည်မွန်းမံခဲ့တဲ့အထဲမှာ ပါဝင်တဲ့ ဘုရားတွေထဲက တစ်ဆူပါ။
အဲဒီလို ပြန်လည်မွမ်းမံခဲ့တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်တွေ အသုံးပြုခဲ့ခြင်းမရှိတာကြောင့် ပုဂံဘုရားတွေရဲ့ ကြံ့ခိုင်မှုအခြေနေနဲ့ပတ်သက်ပြီး အရေးပေါ်ကွင်းဆင်းစစ်ဆေးမှုတွေ လိုအပ်နေပြီလို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအခြေစိုက် Save Bagan အင်အားစုမှ ဦးလူလှက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ – စံထွေးအောင်
==============
DVB TV News

0 comments:

Post a Comment