Pages

Sunday, June 10, 2018

"ပြင်စာ ရဲစခန်းက နေရဲ ပါ" လို့ဆိုပြီး မန္တလေး-ပြင်ဦးလွင်-နောင်ချို တစ်ကြောမှာနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ရဲတစ်ဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အင်ဖော်မာတစ်ဦးကို အရေးယူ

RangonNewsDaily::Sunday. June 10. 2018
ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရဲသတင်းပေး(အင်ဖော်မာတစ်ဦးကို) ပိတ်ချင်းမြှောင်ရဲစခန်းက အခုရက်ပိုင်းအတွင်းပဲ အရေးယူလိုက်ပါတယ်။
အဆိုပါ ဖမ်းဆီးလိုက်တဲ့အထဲမှာ မန္တလေးမြို့နယ်အတွင်းက ရဲစခန်းတစ်ခုမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ၎င်း တို့ကို သတင်းပေးနေတဲ့ ဥတိဘွား လို့နာမည်ရှိတဲ့ ရဲသတင်းပေး(အင်ဖော်မာ) ၁ ဦးတို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၇ ရက်နေ့က ဥတိဘွား(ရဲသတင်းပေး)အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ ခရီးသွား အိမ်စီးကားတစ်စီးကို ပိတ်ချင်းမြှောင်ရဲစခန်း(၀က်ဝံရဲစခန်း)အတွင်းခေါ်ဆောင်လာခဲ့ပြီး မင်္သကာလို့ရှာဖွေပေးပါဆိုပြီး စခန်းမှူး ရဲအုပ်တင်ကိုလတ်ထံအကူအညီတောင်းခဲ့ပါတယ်။


ပိတ်ချင်းမြှောင်စခန်းမှူးနဲ့အဖွဲ့လည်း သူတို့ခေါ်ဆောင်လာတဲ့ ခရီးသွားအိမ်စီးကား ကိုရှာဖွေပေးခဲ့ပေမယ့် တားမြစ်ပစ္စည်းတစ်စုံတစ်ရာမတွေ့ရှိရတာကြောင့် ရဲသတင်းပေး ဥတိဘွားကို ရာဇသတ်ကြီးပုဒ်မ ၁၈၂(မမှန်သတင်းပေးမှု) နဲ့အမှုဖွင့် အရေးယူလိုက်ပြီး ပြင်ဦးလွင် တရားရုံးကိုတင်ကာ ဇွန် ၈ ရက်နေ့မှာ ထောင် တစ်လ ချလိုက်ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရဲသတင်းပေးတို့စီးလာတဲ့ ကားဟာလည်း လိုင်စင်မဲ့ကားဖြစ်နေတာကြောင့် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ထပ်မံအမှုဖွင့်ပြီး တရားရုံးမှာ ရမန်ယူထားတယ်လို့ ပိတ်ချင်းမြှောင်ရဲစခန်း စခန်းမှူး ရဲအုပ်တင်ကိုလတ် ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

"ကျွန်တော့်ရဲစခန်းထဲကို ကားထိုးလာပြီး ရှာခိုင်းပေးတာဆိုတော့ ဆောင်ရွက်ပေးရတာပေါ့နော်။ ရှာပေးလိုက်တဲ့အချိန်မှာ ဥပဒေနဲ့မလွတ်ကင်းတဲံ့ပစ္စည်းမရှိဘူး။ ဒါကြောင့် မမှန်သတင်းပေး မှုနဲ့ ဥတိဘွားကို တရားစွဲတယ်။ မနေ့ကပဲ တရားရုံးကထောင် ၁လချလိုက်တယ်။လိုင်စင်မဲ့ကားကိစ္စအတွက်ကတော့ ထပ်ပြီးအမှုဖွင့်ထားတယ်။ ရမန်ယူထားပါတယ်။ ရဲ ၃ ဦးကတော့ တပ်ဖွဲ့ဝင်ဖြစ်နေတဲ့အတွက် သူတို့ကို အရေးယူဖို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်း ကိုအကြောင်းကြားရတယ်။ အဲ့ဒါကြောင့်သူတို့ ၃ ဦးကိုတော့ ပြန်အပ်လိုက်တယ် " လို့ ရဲအုပ်တင်ကိုလတ်က ပြောပါတယ်။

ပိတ်ချင်းမြှောင်ရဲစခန်းအတွင်းမှာ အဲဒီ ခရီးသွားအိမ်စီးကား ကိုရှာဖွေကြစဉ် အရှာဖွေခံရတဲ့ ကာယကံရှင်မိသားစုက တယ်လီဖုန်းနဲ့ တောက်လျှောက်ဆိုသလို ဗီဒီယိုမှတ်တမ်းတင်ပြီး လူမှုကွန်ရက်ကတစ်ဆင့်ဖြန့်ဝေခဲ့ပါတယ်။
အဆိုပါဖြန့်ဝေခဲ့တဲ့ဗီဒီယိုအထဲမှာ "နေရဲ" လို့ အမည်ခံပြီး မန္တလေး-ပြင်ဦးလွင်- နောင်ချို (ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်)မှာ အိမ်စီးကားတွေကိုလိုက်လံစစ်ဆေးနေတဲ့ ရဲတစ်ဦးလည်းပါဝင်နေတာတွေ့ရှိပါတယ်။
၎င်း ရဲတပ်ဖွဲ့ဝင်ဟာ သူ့ကိုယ်သူ "ပြင်စာရဲစခန်းက နေရဲ" လို့ ဆြို့ပီး မော်တော်ယာဉ်တွေကို လိုက်လံစစ်ဆေး ငွေကြေးတောင်းတာတွေပြုလုပ်နေတယ်လို့ အဆိုပါနယ်တစ်ကြောမှာ သွားလာလှုပ်ရှားနေတဲ့ ခရီးသည်တွေက ပြောဆိုထားကြပါတယ်။

နေရဲ အမည်ခံပြီး လိုက်လံစစ်ဆေးခြင်းခံခဲ့ရတဲ့ ခရီးသွားမိသားစုတစ်စုနဲ့ ပေါ်ပြူလာနယူးစ် ပြီးခဲ့တဲ့မေလအတွင်းမှာတွေ့ဆုံခဲ့ဖူးပါတယ်။
သူတို့မိသားစုဟာလည်းအလားတူဖြစ်စဉ်လိုပဲ ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် မေ ၂ ရက်နေ့မှာတင်ခဲ့ဖူးပါတယ်။
"ကျွန်တော်တို့လည်း သူတို့က ပြင်စာရဲစခန်းကလို့ပြောတော့တောက်လျှောက်ဗီဒီယိုရိုက်၊ စစ်ဆေးမယ်ဆိုရင်လည်း နီးစပ်ရာရဲစခန်းကိုသွားမယ်၊ ရဲစခန်းရောက်မှ ခင်ဗျားစစ်ဆေးပါဆိုတော့ ထွက်ပြေးသွားတယ်" လို့ အဆိုပါမိသားစုဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပေါ်ပြူလာနယူးစ်က ပြင်စာရဲစခန်းကို မေလအတွင်းမှာ တစ်ကြိမ် ၊ ဇွန်လ ၈ ရက်နေ့မှာ တစ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပြီး နေရဲအကြောင်းစုံစမ်းခဲ့ပေမယ့် ပြင်စာရဲစခန်းမှာ နေရဲ ဆိုတဲ့နာမည်နဲ့ ရဲတပ်ဖွဲ့ဝင်/အရာရှိ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပိတ်ချင်းမြှောင်ရဲစခန်းမှူးကတော့ "သူ့နာမည်က နေရဲ တော့မဟုတ်ဘူးထင်တယ်။ ကျွန်တော်လည်းနေရဲ ရယ်လို့တော့မသိဘူး။ ရဲတပ်သားတော့ ရဲတပ်သားပါပဲ။ မန္တလေး အထဲက ရဲစခန်းတစ်ခုကပဲ။ ပြည်ကြီးတံခွန် ရဲစခန်းကပါ" လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

နေရဲ လို့အမည်ခံပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ကာ နာမည်ကြီးနေတဲ့ အဆိုပါရဲတပ်သားရဲ့နာမည်အရင်းကိုတော့မသိရှိရသေးပါဘူး။ နေရဲ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်ရောက်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေအားလုံးအထဲမှာ နေရဲ ဟာ ရဲတပ်ဖွဲ့ဝင်ယူနီဖောင်းဝတ်ထားတာမျိုးမတွေ့ရဘဲ ခါးကြားမှာတော့ လက်ထိပ်တစ်ခုရှိနေတာကို တွေ့ရပါတယ်။
အခု ပိတ်ချင်းမြှောင်ရဲစခန်း က အရေးယူလိုက်ပြီး သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုတဲ့ နေရဲအမည်ခံရဲတပ်ဖွဲ့ဝင် တစ်ဦး နဲ့ အခြားရဲတပ်ဖွဲ့ဝင်၂ ဦး ကိစ္စကို ပေါ်ပြူလာနယူးစ်က ထပ်မံစုံစမ်းနေပြီး နောက်ဆက်တွဲရရှိတဲ့သတင်းတွေ ဆက်လက်ဖော်ပြနိုင်ဖို့ကြိုးစားနေပါတယ်။
----
AF-178
ပုံစာ- ပထမ ပုံမှာ လူမှုကွန်ရက်တွင် ပထမအကြိမ် ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်မှ နေရဲအမည်ခံ ရဲတပ်ဖွဲ့ဝင် ၏ ပုံဖြစ်ပြီး ဒုတိယပုံမှာ ဇွန် ၇ ရက်နေ့က ပိတ်ချင်းမြှောင်ရဲစခန်းဝင်းအတွင်းတွေ့ရပုံတို့ဖြစ်ပါသည်
==============
Popular News Journal
ပြင်ဦးလွင် ၊ ဇွန် ၉

0 comments:

Post a Comment