Pages

Saturday, June 9, 2018

ဆင်ဆာအဖွဲ့မှ လူကြီးတွေကို အသနားခံလိုက်တဲ့ ယုန်လေး


RangonNewsDaily::Saturday. June 9. 2018
ရိုင်းခဲ့တာရှိရင်လည်း တောင်းပန်ပါတယ်လို့ ဆိုပါတယ်။
ယုန်လေးက ဆင်ဆာခွင့်ပြုချက်မရဘဲ ရိုက်ကူးခဲ့တဲ့ ORIGINAL GANGSTER 3 ဇာတ်ကားကို ပြန်လည်ကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ဝင်လူကြီးတွေကို အသနားခံလိုက်တာ ဖြစ်ပါတယ်။

ဆင်ဆာအဖွဲ့ဝင်လူကြီးတွေကို ရည်ညွှန်းတဲ့ တောင်းပန်စာကို ယုန်လေးက ဖေ့စ်ဘွတ်မှာ ဇွန်လ ၇ ရက်နေ့က တင်ခဲ့တာပါ။




ယုန်လေးက ORIGINAL GANGSTER 3 ကို ဆင်ဆာမကျဘဲ ရိုက်ကူးခဲ့ရတဲ့ အကြောင်းအရင်းများနဲ့ အခက်အခဲများကို အရင်ဆုံး ရေးသားပြောပြခဲ့ပါတယ်။

“ORIGINAL GANGSTER 3 ဖြစ်စဉ်…ရုပ်ရှင်ရဲ့ စည်းကမ်းအရ ဇာတ်လမ်းအရင်တင်ရပါသည်။ ဇာတ်လမ်းတင်ပြီးကျမှ ရိုက်ကူးခွင့်တင်ရပါသည်။ ရိုက်ကူးခွင့်ကျမှ ရိုက်ရပါသည်။ ဒီစည်းကမ်းတွေ သိရှိပြီးဖြစ်ပါသည်။ Original Gangster 3 ကိုမရိုက်ကူးခင် ဇာတ်လမ်း ၂လကြိုတင်ခဲ့ပါသည်။ ဇာတ်လမ်းတင်လိုက်သည့်ကားတိုး င်တော်တော်များများ အဆင်ပြေစွာကျတတ်ပါသည်။ ORIGINAL GANGSTER 3 သည် သမာရိုးကျဇာတ်လမ်းတစ်ခု မဟုတ်သည့်အတွက် ရိုက်ကူးမဲ့ရက် ရောက်လာသည့်အချိန်ထိ ဇာတ်လမ်းခွင့်ပြုချက် မကျခဲ့ပါဘူး။ ကျွန်တော်လည်း အချိန်တန်ရင် ကျလာမှာပဲဟု တွေးပြီး ရိုက်ခဲ့ပါသည်။ ရိုက်ခဲ့တယ်ဆိုတာလည်း အဖွဲ့အစည်းတစ်ခုကို ကလန်ကဆန် မထိမဲ့မြင်လုပ်ခြင်း လုံးဝမဟုတ်ပါ” လို့ ယုန်လေးက ဆိုထားပါတယ်။

ရိုက်ကူးရတဲ့နေရာများက သာမန်နေရာမျိုးမဟုတ်တဲ့အပြင် ပါဝင်သူတွေကလည်းများပြားတဲ့အတွက် ရိုက်ကူးရက်တောင်းရတာ ခက်ခဲခြင်းကြောင့်အပြင် အဓိက ဇာတ်လမ်းရိုက်ကူးရာ Sky Star Hotel မှာ ရက်ယူရတဲ့အခက်အခဲကြောင့် ရိုက်ကူးခဲ့ရတာဖြစ်ကြောင်းလည်း ယုန်လေးက ရှင်းပြထားပါတယ်။

“ပါဝင်သောသူများမှာ မြင့်မြတ်၊ ယုန်လေး၊ ထူးခြား၊ ယုသန္တာတင်၊ ညိုမင်းလွင်၊ မိုးယံဇွန်၊ နေရဲ၊ D Phyo၊ Wai Hlian၊ Zay ye၊ Okka၊ Jenny၊ ပိုးအိအိခန့်၊ နွေးနွေးချစ်ဖွယ်၊ သက်ဆုနဒီ၊ Baby Maung၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ Ja Seng Ing၊ L Lit Shir ၊ ခိုင်သဇင်ငုဝါ၊ Chit Su Thel၊ လမင်းကဗျာ၊ စိုးနန္ဒာကျော် နှင့်သရုပ်ဆောင်များစွာ ဒီလိုအဓိက သရုပ်ဆောင်များစွာ ကိုရိုက်ကူးရက်တောင်းထားရတာ မလွယ်ကူပါဘူး။ အဓိက ကတော့ SKY STAR HOTEL ကရိုက်ကူးခွင့်ပေးခဲ့ပါသည် ။ အဲဒီအတွက်လည်း ဒီဇာတ်လမ်း အကောင်ထည်ဖော်ခွင့်ရပါသည်။ SKY STAR HOTEL ကိုလည်း အထူးကျေးဇူးတင်ပါသည်။ ဇာတ်လမ်းမကျသေးပေမဲ့လည်း ဒီ Hotel က ဒီတစ်လခွဲ အချိန်ပြီးတာနဲ့ ဖွင့်ပွဲတွေလုပ်ပြီး ပေးမရိုက်တော့ပါဘူး။

ဒီ Hotel ကြီးနဲ့ ဒီ သရုပ်ဆောင်များစွာ နဲ့ တခြားစီစဉ်မှုများစွာ ကို လက်အလွတ်မခံနိုင်သည့်အတွက် ရိုက်ကူးခွင့်မကျလို့ အပြစ်ပေးလည်းခံမယ်ဆိုသည့်  စိတ်ဖြစ်လည်းရိုက်ကူးခဲ့ပါသည်။ ရိုက်ပြီးမှ ဇာတ်လမ်းမကျဘူးဆိုတော့ ထူပူပြီး ဘာဆက်လုပ်ရမှန်းမသိခဲ့ပါဘူး။ အသနားခံစာ အဖစ်ပြန်တင်ခဲ့သည်မှာလည်း မရခဲ့ပါ” လို့လည်း ယုန်လေးက ရှင်းပြထားပါတယ်။

ဘာပဲဖြစ်ဖြစ် ရိုက်ခွင့်မကျဘဲ ရိုက်ခဲ့မိတာ သူ့အမှားဖြစ်ကြောင်း ယုန်လေးက ဝန်ချတောင်းပန်ထားပါတယ်။ သူ့ရဲ့စကားရိုင်းပြခဲ့ရင်လည်း တောင်းပန်ကြောင်း ပြောထားသလို အပြစ်ပေးရင်လည်း ခံယူဖို့ အသင့်ပါလို့ ယုန်လေးက ဆိုထားပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ရုပ်ရှင်ကား နှစ်ကားကိုတော့ ပြန်လည်ကြည့်ရှုပေးဖို့ အသနားခံတောင်းဆိုထားပါတယ်။
“ကျွန်တော်လည်း တစ်နှစ်မှ တစ်ကားလောက်ပဲရိုက်ရသည့်အတွက် အခုဇာတ်လမ်း မကျသည့် ORIGINAL GANGSTER 3 နှင့် SPECIAL FORCE ရုပ်ရှင်ကားနှစ်ကားအား ပြန်လည်ကြည့်ရူ့ပေးပြီး ထောက်ညွန်ခွင့်ပြုပေးဖို့အတွက် အနူးအညွန့် အသနားခံပါသည် ခင်ဗျား။

ORGINIAL GANGSTER CREW .” လို့ ယုန်လေးက သူ့စာကို နိဂုန်းချုပ်ထားပါတယ်။
ယုန်လေးက သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။
crd;





0 comments:

Post a Comment