Pages

Thursday, September 14, 2017

ရန်ကုန်ကနေ ချောင်းသာကိုတစ်နာရီခွဲတည်းနဲ့ ရောက်မယ့် မိုးပျံလမ်းဖောက်လုပ်မယ်


RangonNewsDaily::Thursday. September 14. 2017
ရန်ကုန်မြို့နေ ချောင်းသာကမ်းခြေကို အချိန်တစ်နာရီခွဲခန့်အတွင်း ရောက်ရှိနိုင်မယ့် မိုးပျံလမ်းဖောက်လုပ်ဖို့ စမ်းသပ်လေ့လာ တွက်ချက်မှုတွေ ပြုလုပ်နေတယ်လို့ Myanmar Construction & Development Public(MCD) ကုမ္ပဏီကနေ သိရပါတယ်။

အဆိုပါ လမ်းမကြီးတစ်ခုဖောက်လုပ်ဖို့ Myanmar Construction & Development Public(MCD)ကုမ္ပဏီက သက်ဆိုင်ရာအစိုးရအဖွဲ့ထံ အကြံပြုချက်(Proposal) တင်ပြထားပြီး အစိုးရက လမ်းဖောက်ရာမှာ လိုအပ်တဲ့ လေ့လာမှုတွေ၊ တိုင်းထွာစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ခွင့်ပြုထားတယ်လို့ MCD ကုမ္ပဏီရဲ့ Board of Secretary ဦးရဲလင်းက ပြောပါတယ်။

''ရန်ကုန်ကနေ ချောင်းသာ ကိုသွားဖို့အတွက် မြေကြီးပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်ထားတဲ့ လမ်းကသတ်သတ် ပေါ့လေ။ ခုဖောက်မှာက မြေကြီးပေါ်ကမဟုတ်ဘူး။ ချောင်းသာကို အမြန်ဆုံးရောက်နိုင်မယ့် လမ်းကြောင်းကိုရွေးပြီး မြေကြီးပေါ်မှာ တိုင်တွေစိုက်ပြီး (Elevated Road) တည်ဆောက်မှာပေါ့။ တစ်နည်းအားဖြင့်မိုးပျံလမ်းပေါ့။
ရန်ကုန်ကနေ ချောင်းသာကို နာရီဘယ် လောက်နည်းနည်းနဲ့ သွားနိုင်မလဲ။ အဲဒီလမ်းဖောက်တဲ့အခါမှာ မြေသားခံနိုင်ရည်စွမ်းအား၊ လမ်းကတကယ်ထိရောက်မှုရှိ၊ မရှိ။ ပြည်သူတွေအတွက်တကယ် ထိရောက်လားဆိုတွေကိုခုလေ့လာဖို့ အစိုးရကခွင့်ပြုထားပြီဖြစ်လို့ လေ့လာနေပါပြီ"လို့ ဦးရဲလင်းက ပြောပါတယ်။
အဆိုပါ လမ်းဖောက်လုပ်ဖို့ လေ့လာစမ်းစစ်မှုတွေကို Myanmar Construction & Development Public(MCD) ကုမ္ပဏီနဲ့ ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ KECC နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လမ်းဖောက်လုပ်ဖို့ လိုအပ်တဲ့ မြေပြင်ကွင်းဆင်းတာတွေနဲ့ လမ်းအူကြောင်း ရှာဖွေရေးကို ဂြိုဟ်တု (Satellite) နဲ့ ရှာဖွေဆောင်ရွက်တာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး လေ့လာမှုများဆောင်ရွက်နေတာတွေကို ၂ဝ၁၈ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
--
Source : Yangon Times
===========
Duwun



0 comments:

Post a Comment