Pages

Thursday, September 14, 2017

အခြေခံပညာကဏ္ဍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲများစစ်ဆေးရန် ရက်သတ်မှတ်ချက်နှင့် ဖြေဆိုချိန်များ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်


RangonNewsDaily::Thursday. September 14. 2017
အခြေခံပညာကဏ္ဍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲများ စစ်ဆေးရန် ရက်သတ်မှတ်ချက်နှင့် ဖြေဆိုချိန်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပထမနှစ်ဝက် စာမေးပွဲများကို တိုင်းမှ သတ်မှတ်ပေးသည့် ရက်အတွင်း အချိန်စာရင်း ထုတ်ပြန်စစ်ဆေးရန်ဖြစ်ပြီး မိမိကျောင်း မေးခွန်းဖြင့် စနစ်တကျစစ်ဆေးရန်၊ ကျောင်းအုပ်ကြီးက စာမေးပွဲအဖွဲ့ဖြင့်မေးခွန်းနှင့် အမှတ်ပေးစည်းမျဉ်းများကို သတ်မှတ်ပုံစံအ တိုင်းပြုစုရန်၊ မိမိကျောင်း၏ မေးခွန်းနှင့်အမှတ်ပေးစည်းမျဉ်းများ အားလုံးကို မှန်ကန်တိကျရန်နှင့် လုံခြုံမှုရှိရန် အဆင့်ဆင့် တာဝန်ယူ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“စာမေးပွဲက KG တန်းမှာ မရှိဘူး။ Grade 1 လည်း စာမေးပွဲ မရှိပါဘူး။ ဒုတိယ တန်းအတွက်ကိုတော့ သြဂုတ်လနဲ့ စက်တင်ဘာလ သင်ခန်းစာတွေကို အခြေခံပြီး လပတ်ပုံစံနဲ့ ၂၅ မှတ်ဖိုးကို စာသင်ချိန် တစ်ချိန် စာမိနစ် ၃၀ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေအနေနဲ့ ညွှန်ကြားချက်အတိုင်း စာမေးပွဲစစ်ဆေးဖို့ ခရိုင်နဲ့မြို့နယ် ပညာရေးမှူးတွေကတစ်ဆင့် ဆက်လက် အကြောင်းကြားထားပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တတိယတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် တစ်နာရီ၊ ပဉ္စမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန်တစ်နာရီခွဲ၊ ဆဋ္ဌမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ သတ္တမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ န၀မတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် နှစ်နာရီ၊ စတုတ္ထတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၁၀၀ နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ အဋ္ဌမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၁၀၀ နှင့် ဖြေဆိုချိန် နှစ်နာရီ၊ ဒသမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၁၀၀ နှင့် ဖြေဆိုချိန် သုံးနာရီ စသဖြင့် တစ်နေ့လျှင် တစ်ဘာသာ နှုန်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကဏ္ဍ ပထမနှစ်ဝက် စာမေးပွဲများကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှ စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းသားကျောင်းသူများထံမှ စာမေးပွဲစစ်ဆေးခြင်း များအတွက် ငွေကြေး (လုံးဝ) မကောက် ခံရန် ညွှန်ကြားထားပြီး လက်ဆောင်ပစ္စည်း/ ငွေကြေးများ တောင်းခံမှုရှိခဲ့ပါက တိုင်ကြားမှုများပြုလုပ်နိုင်ရန် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
===========
Eleven Media Group




0 comments:

Post a Comment