Pages

Friday, June 14, 2013

ထိုင်းနိုင်ငံတွင် ကျင်းပနေသော အာရှလူငယ် နပန်းပြိုင်ပွဲကို မြန်မာလူငယ်နပန်းအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်

Photo: ထိုင်းနိုင်ငံတွင် ကျင်းပနေသော အာရှလူငယ် နပန်းပြိုင်ပွဲကို မြန်မာလူငယ်နပန်းအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်
Friday, June 14 , 2013 

ထိုင်းနိုင်ငံတွင် ကျင်းပနေသော အာရှ လူငယ်နပန်းပြိုင်ပွဲ (Asian Junior Wrest- ling Championship 2013)ကို မြန်မာလူငယ် နပန်းအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။ ပြိုင်ပွဲကို ဇွန် ၁၃ ရက် မှ ၁၆ ရက်အထိ ဖူးခက်မြို့တွင် ကျင်းပနေခြင်း ဖြစ်သည်။

မြန်မာလူငယ် နပန်းအဖွဲ့သည် ယင်းပြိုင်ပွဲကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်နှစ်ဦး၊ ကစားသမားသုံးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှ လေ့လာရေး အဖွဲ့မှာလည်း ပြိုင်ပွဲကျင်းပပုံများ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာနိုင်ရန်အတွက် လိုက်ပါသွားကြောင်း သိရသည်။ မြန်မာနပန်းအဖွဲ့သည် လာမည့်(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ယင်းကစားသမားများထဲမှ လူငယ်ကစားသမား အချို့ကို ရွေးချယ်စေလွှတ် ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနပန်းအဖွဲ့သည် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပဏာမ ကစားသမားများ ရွေးချယ်ကာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး တူရကီနည်းပြနှစ်ဦးက လေ့ကျင့်ပေးလျက်ရှိသည်။ ထို့ပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ တူရကီနိုင်ငံ၌ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

EMG
မြန်မာနပန်းကစားသမားများ လေ့ကျင့်နေစဉ် (ဓာတ်ပုံ - စိုးညွန့်)
မြန်မာနပန်းကစားသမားများ လေ့ကျင့်နေစဉ် (ဓာတ်ပုံ - စိုးညွန့်)
Friday, June 14 , 2013

ထိုင်းနိုင်ငံတွင် ကျင်းပနေသော အာရှ လူငယ်နပန်းပြိုင်ပွဲ (Asian Junior Wrest- ling Championship 2013)ကို
မြန်မာလူငယ် နပန်းအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။ ပြိုင်ပွဲကို ဇွန် ၁၃ ရက် မှ ၁၆ ရက်
အထိ ဖူးခက်မြို့တွင် ကျင်းပနေခြင်း ဖြစ်သည်။ မြန်မာလူငယ် နပန်းအဖွဲ့သည် ယင်းပြိုင်ပွဲကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်နှစ်ဦး၊ ကစားသမားသုံးဦးဖြင့် ၀င်
ရောက်ယှဉ်ပြိုင် နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှ လေ့လာရေး အဖွဲ့မှာလည်း ပြိုင်ပွဲကျင်းပပုံများ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာနိုင်ရန်အတွက် လိုက်ပါသွားကြောင်း သိရသည်။
 
မြန်မာနပန်းအဖွဲ့သည် လာမည့်(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်
လျက်ရှိပြီးယင်းကစားသမားများထဲမှလူငယ်ကစားသမားအချို့ကို ရွေးချယ်စေလွှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနပန်းအဖွဲ့သည် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပဏာမ ကစားသမားများ ရွေးချယ်ကာ လေ့ကျင့်မှု
များ ပြုလုပ်လျက်ရှိပြီး တူရကီနည်းပြနှစ်ဦးက လေ့ကျင့်ပေးလျက်ရှိသည်။ ထို့ပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ တူ
ရကီနိုင်ငံ၌ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

EMG , RangonNewsDaily
kolatt(PBDN): 14.6.2013

0 comments:

Post a Comment