Pages

Friday, June 14, 2013

(၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်က ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့

Friday, June 14 , 2013

ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင် (၁၃ ရက်နေ့)မွန်းလွဲ ၁ နာ
ရီအချိန်ခန့်၌ဆိုင်ကယ်လေးစီးကစာသင်ကျောင်းအားမီးရှို့နေပြီ'' ဟု အော်ဟစ်ထွက်ပြေးသွားရာမှ ကျောင်း
သားမိဘများမှာသက်ဆိုင်ရာ ကျောင်းများရှေ့တွင်ကလေးငယ်များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်း
ကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ဖြစ်ပေါ်ခဲ့ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ကျောင်းများရှေ့တွင် စုရုံးရောက်ရှိ
နေသော ကျောင်းသားမိဘများအားမည်သည့်ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျောင်းများအားလုံးမှာ
အေးချမ်းစွာ စာသင်ကြားလျက်ရှိကြောင်း ဖြေရှင်းပြီး အားလုံးလူစုခွဲရန်၊ သင်ကြားရေးအား အနှောင့်အယှက် မပြုရန် ရှင်းလင်းပြောကြားခဲ့သည့် အတွက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။

''ပြဿနာဖြစ်အောင် ဖန်တီးတဲ့ လှုံ့ဆော်မှုတွေပါ။ အမှတ်(၃)ရပ်ကွက်မှာ ရှိတဲ့ အ.မ.က (၁၇)ကျောင်းရှေ့မှာ ဆိုင်ကယ်လေးစီးကနေ စာသင်ကျောင်းတွေကို မီးရှို့နေပြီလို့ အော်ပြေးသွားတဲ့အတွက်လူစုလူဝေး ဖြစ်သွား

တာပါ။အခြေအနေကို အေးအေးဆေးဆေးဖြစ်အောင် ထိန်းသိမ်းနိုင်ပါပြီ။ လက်ရှိတော့ စာသင်ကျောင်းတွေ
ရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပါတယ်'' ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြို့ခံများကြားတွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ပေါ်ပေါက်ရန်အတွက် လှုံ့ဆော်ဖန်တီးခြင်း ဖြစ်

နိုင်ကြောင်း၊ ထိုကဲ့သို့''စာသင်ကျောင်းတွေကို မီးရှို့နေပြီ'' ဟု လှုံ့ဆော်အပြီး မြို့ထဲရှိ လမ်းများပေါ်တွင် အ
ရက်သောက်သုံး ထားသည်ဟု ယူဆရသော သူများမှာတုတ်၊ဓားများဖြင့် သွားလာနေသည်ကို တွေ့မြင်ရပြီး
ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ထိန်းသိမ်းနေကြောင်း သိရသည်။


EMG , RangonNewsDaily
kolatt(PBDN): 14.6.2013


0 comments:

Post a Comment