Pages

Friday, June 14, 2013

ယာဉ်လိုင်းတိုးချဲ့ခြင်းကြောင့် ထားဝယ်တွင် ယာဉ်မောင်းရှားပါးလာ

Friday, June 14 , 2013

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရန်ကုန် - ထားဝယ် - မြိတ် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ထပ်မံ

တိုးချဲ့ လာသည့်အတွက် ဒေသခံယာဉ်မောင်းများ ရှားပါးလာကြောင်းယာဉ်ပိုင်ရှင်များနှင့်ယာဉ်လိုင်းဂိတ်မှူး
များထံမှ သိရသည်။ ယာဉ်လိုင်းအသစ်များ ပြေးဆွဲလာခြင်း၊ ယခင်ယာဉ်လိုင်း အဟောင်းများ တိုးချဲ့ခြင်းတို
့ကြောင့် ကားအစီးရေ များလာပြီး၊ ယာဉ်မောင်း ရှာဖွေရ ခက်ခဲလာကြောင်း၊ အခြားဒေသမှ ယာဉ်မောင်းများ
မှာ လမ်းအခြေအနေနှင့် ရပ်ဝေးတွင် လာရောက်နေထိုင်ရခြင်းကြောင့် မမောင်းလိုကြကြောင်း ကားပိုင်ရှင်

တစ်ဦးက ပြောသည်။
လက်ရှိတွင်ကျွမ်းကျင်သည့် ဒေသခံယာဉ်မောင်းများဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိပြီးအရန်ယာဉ်မောင်းထား
ရှိရန် ကြိုးစားနေသော်လည်း ခက်ခဲမည်ဟု ထင်မြင်ကြောင်း ရွှေဝယ်ရတနာ ခရီးသည်တင် မော်တော်ယာဉ်
လိုင်းမှ ဂိတ်မှူး ဦးသန်းစိုးက ရှင်းပြသည်။

''အခုက ကျွမ်းကျင်ယာဉ်မောင်းတွေတောင် မနည်းရှာထားရတဲ့ အနေအထားမှာ ရှိတယ်'' ဟု ဦးသန်းစိုး
က

 ပြောသည်။

ထားဝယ်ဒေသတွင် ပြေးဆွဲနေသည့် မော်တော်ကားလိုင်းများတွင် အရန်ယာဉ်မောင်းအား သီးသန့်ခန့်ထား

လေ့ မရှိဘဲ ယာဉ်မောင်းလိုင်စင်ရှိပြီးဖြစ်သည့် ကားပိုင်ရှင်(သို့မဟုတ်) ကားပိုင်ရှင်၏ ကိုယ်စားလှယ်များက အရန်ယာဉ်မောင်းအဖြစ် လိုက်ပါလုပ်ကိုင်လေ့ရှိကြောင်း မော်တော်ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရ
သည်။

အရန်ယာဉ်မောင်းများသည်ပင်မယာဉ်မောင်းအိပ်ငိုက်နေသည့်အချိန်တွင်ဝင်ကူရန်သာထားခြင်းဖြစ်ကြာင်း

၊ ခရီးစဉ်တစ်လျှောက်လုံးကိုမူ ပင်မယာဉ်မောင်းက အဓိက မောင်းနှင်ကြောင်း ယင်းအသိုင်းအဝိုင်းက ဆို
သည်။

ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းအရ မိုင်၂ဝဝ ထက်ကျော်သော ခရီး

တွင် ယာဉ်မောင်း နှစ်ဦးနှင့် နောက်လိုက် တစ်ဦး ထားရှိရမည်ဖြစ်သည်။

၂ဝ၁၃ ခုနှစ်အတွင်းတွင် ထားဝယ်-ရန်ကုန် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများ လုပ်ငန်းတိုးချဲ့လာပြီး ယာဉ်လိုင်းအသစ် လေးလိုင်း တိုးလာသည်။

Mizzima News , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၄.၆.၂၀၁၃

0 comments:

Post a Comment