Pages

Friday, June 14, 2013

ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ (KFAS) အဖွဲ့တို့ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုး

Friday, June 14 , 2013

မြန်မာနိုင်ငံတွင် သုတေသန ပညာရှင်များ ပိုမို တိုးပွားလာစေရန်နှင့် အဆင့်မြင့် နိုင်ငံတကာ ပညာရေးကို ကျယ်ပြန့် စွာ လေ့လာ သင်ယူနိုင်စေရန် ရန်ကုန် တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ၏ THE KOREA FOUNDATION FOR ADVANCED STUDIES (KFAS) တို့အကြား နှစ်နိုင်ငံ SIGNING CEREMONY for MEMORANDUM OF AGREEMENT သဘောတူညီမှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တက္ကသိုလ်အကြောင်းအား ဒေါက်တာ အေးအေးသန့်ကရှင်းလင်း တင်ပြပြီး ရန်ကုန် တက္က
သိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်နိုင်က Asia Research Center အကြောင်းကို ရှင်းလင်း ပြော
ကြားသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းနှင့် ကိုရီးယားနိုင်ငံ၏ KFAS ဥက္ကဋ္ဌ Park In KOOK နှင့် တာဝန်ရှိသူများက ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေး

နွေး ခဲ့ကြပြီး SIGNING CEREMONY for MEMORANDUM OF AGREEMENT သဘောတူညီမှု စာချွန်
လွှာ လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ် ခဲ့ကြသည်။

အဆိုပါ သဘောတူညီမှုဖြင့် Asia Reseach Center Office ကို ရန်ကုန် တက္ကသိုလ်၌ ဖွင့်လှစ် ထားရှိပြီး Korea

နိုင်ငံသို့ ပါရဂူ ဘွဲ့လွန်များအားပညာတော်သင် စေလွှတ်ခြင်း၊ မြန်မာနိုင်ငံ၏ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်
မြင့်မားမှုနှင့် အာဆီယံ နိုင်ငံများ အကြား နားလည်မှု ရရှိစေရန် ဆောင်ရွက်ခြင်း၊ အာဆီယံ ဒေသတွင် ပညာ
ရေးဆိုင်ရာများ အဆင့်မြင့်မားပြီးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်သုတေသနများ ပြုလုပ် ရန် ပညာရှင်များ
အချင်းချင်းနည်းပညာဗဟုသုတများဖလှယ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၄.၆.၂၀၁၃

0 comments:

Post a Comment