Pages

Friday, June 14, 2013

ရမည်းသင်းမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

Friday, June 14 , 2013

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) တွင်ဇွန်လ၁၂ ရက်နေ့နံနက်၂ နာရီ ၃၀ မိနစ်အချိန်ကသုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း

 မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီလုပ်ကွက်ရှိ အင်းအမှတ် (၁၀၄)ရှိအင်းလုပ်သမားများ စုပေါင်းနထိုင်
ရာ တဲတွင် အင်းလုပ်သားများဖြစ်သော ဦးသိန်းလွင် ၅၀ နှစ်၊ ဇော်ဇော်ဟန် ၃၃ နှစ်၊ မောင်သိန်း ၂၀ နှစ်၊ ရန်
နိုင်ထွန်း ၁၈ နှစ်၊ တို့သည် တဲအတွင်း အိပ်ပျော်နေစဉ် လုပ်ငန်းအတူတူ အလုပ်လုပ်ကိုင်သူ အင်းလုပ်သား လင်းလင်း ၁၈ နှစ်က ဇွန်လ ၅ ရက်နေ့က ပေါင်းလောင်းဒေသ စုပေါင်း ကုမ္ပဏီဈေးတန်းရှိ ထမင်းဆိုင်တွင် ၄င်း၏အစ်ကို ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးသွားမှုနှင့် ပတ်သက်၍ သေဆုံးသူများနှင့် အချေအတင်စကားများ
ခဲ့မှုအပေါ် မကျေနပ်သဖြင့် အရိုးအသွား ၁၃ လက်မခန့်ရှိသည့် ဓားဦးချွန်ဖြင့် လိုက်လံထိုးသွင်းရာ သုံးဦးမှာ ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး တစ်ဦးကို ရမည်းသင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အဆိုပါရဲ
တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"သူတို့ဖြစ်တာက အပြင်မှာ ဖြစ်တာပါ။သူတို့ဘာသာစကားများပြီးရာမှ ဖြစ်ကြတာပါ၊ကုမ္ပဏီနဲ့ဘာမှ
မဆိုင်

ပါဘူး" ဟု ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းမြင့် က ပြောကြား
သည်။

တရားခံလင်းလင်းကို ရမည်းသင်း မြို့နယ် တူးကုန်းရဲစခန်းက (ပ) ၅၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆ အရ အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 14.6.2013

0 comments:

Post a Comment