Pages

Friday, June 14, 2013

ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ

Friday, June 14 , 2013

မွန်ပြည်နယ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူး ယာဉ်အား ဓါးမြတိုက်မှုမှ ဓါးမြ(၅)ဦးအနက် (၃)ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဓါးမြ (၅)ယောက်အနက် တစ်ယောက်မှာ မော်လမြိုင်မှထွက်ပြေးပြီး၊ အခြားတစ်ယောက်မှာ ရေးမှဖြစ်ပြီး သူလည်း ထွက်ပြေးနေသည်ဟု သိရသည်။ ယခုအခါ ဖမ်းဆီးရမိသော တရားခံ(၃)ယောက်အား သထုံမှ ပြည်နယ် မော်လမြိုင်သို့ ခေါ်ဆောင်လာပြီဖြစ်သည်ဟု သိရသည်။ အဆိုပါ (၃)ယောက်တွင် သေနတ်(၂)လက်နှင့် ဗုံး(၁)လုံးလက်ရဖမ်းဆီးရမိသည်ဟုလည်း သိရသည်။

အဆိုပါ ဓါးမြမှုမှာ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူးယာဉ်အား ဇွန်လ ၉ ရက် ည ၉-နာ
ရီခန့်က သရက်တော အနီးတွင် ဓါးမြတိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရကာ ခရီးသွားပြည်သူများထံမှာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို လုယက်ဓါးမြ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်

ဇာဏီ
M-Media , RangonNewsDaily
kolatt(PBDN): 14.6.2013

0 comments:

Post a Comment