Pages

Friday, June 14, 2013

အာဆီယံ လူငယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ အဖြစ် လာအိုအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရန် မြန်မာအသင်း ယနေ့ထွက်ခွာမည်

Photo: အာဆီယံ လူငယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ အဖြစ် လာအိုအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရန် မြန်မာအသင်း ယနေ့ထွက်ခွာမည်
Friday, June 14 , 2013 

အာဆီယံ လူငယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ ကို လာမည့်ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် လာအိုအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာလူငယ် အသင်းသည် လာအိုအသင်းနှင့် ဇွန် ၁၅ ရက်တွင် ဗီယန်ကျင်းမြို့၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရန်အတွက် ဇွန် ၁၄ ရက်(ယနေ့) တွင်ထွက်ခွာမည် ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် သုံးပွဲကစားအပြီး၌ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ်လေးမှတ် ရရှိထားပြီး အုပ်စုတတိယနေရာတွင် ရပ်တည်နေသည့် အသင်းဖြစ်သည်။ မြန်မာအသင်းနှင့် ကစားရမည့် လာအိုအသင်းမှာမူ နှစ်ပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် မြန်မာအသင်းနှင့် အမှတ်တူ လေးမှတ်ရရှိထားသည့် အသင်းဖြစ်ကြောင်းလည်း သိရသည်။ မြန်မာလူငယ် အသင်းသည် အဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှားအသင်းကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို ၄-၁ ဂိုးဖြင့်ပြန်လည် အနိုင်ရရှိကာ ဘရူနိုင်းအသင်းကို အဝေးကွင်း၌ ၂-၂ ဂိုးစီ သရေကျထားကြောင်း သိရသည်။

မြန်မာအသင်း ပါဝင်သော အုပ်စု(ခ) တွင် အင်ဒိုနီးရှား အသင်းက ရမှတ်ခုနစ်မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မလေးရှား(ခ) အသင်းက ငါးမှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အုပ်စု(က)တွင်မူ ဗီယက်နမ်အသင်းနှင့် မလေးရှား(က) အသင်းတို့က ရမှတ် ခုနစ်မှတ်စီဖြင့် အုပ်စုထိပ်တွင် အပြိုင်ဖြစ်နေပြီး ထိုင်းအသင်းက ခြောက်မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

EMG

Friday, June 14 , 2013

အာဆီယံ လူငယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်၎ ကိုလာမည့်ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဆက်လက်
ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် လာအိုအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်
သည်။ မြန်မာလူငယ် အသင်းသည် လာအိုအသင်းနှင့် ဇွန် ၁၅ ရက်တွင် ဗီယန်ကျင်းမြို့၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်
ပြီး အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရန်အတွက် ဇွန် ၁၄ ရက်(ယနေ့) တွင်ထွက်ခွာမည် ဖြစ်သည်။ မြန်မာအသင်း
သည် ယင်းပြိုင်ပွဲတွင် သုံးပွဲကစားအပြီး၌ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ်လေးမှတ် ရရှိထားပြီး အုပ်စုတတိယနေရာတွင် ရပ်တည်နေသည့် အသင်းဖြစ်သည်။
 
မြန်မာအသင်းနှင့် ကစားရမည့် လာအိုအသင်းမှာမူ နှစ်ပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် မြန်မာ
အသင်းနှင့် အမှတ်တူ လေးမှတ်ရရှိထားသည့် အသင်းဖြစ်ကြောင်းလည်း သိရသည်။ မြန်မာလူငယ် အသင်း
သည် အဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှားအသင်းကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို ၄-၁ ဂိုးဖြင့်ပြန်လည် အနိုင်ရရှိကာ ဘရူနိုင်းအသင်းကို အဝေးကွင်း၌ ၂-၂ ဂိုးစီ သရေကျထားကြောင်း သိရ
သည်။

မြန်မာအသင်း ပါဝင်သော အုပ်စု(ခ) တွင် အင်ဒိုနီးရှား အသင်းက ရမှတ်ခုနစ်မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်
နေပြီး မလေးရှား(ခ) အသင်းက ငါးမှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အုပ်စု(က)တွင်မူ ဗီယက်
နမ်အသင်းနှင့် မလေးရှား(က) အသင်းတို့က ရမှတ် ခုနစ်မှတ်စီဖြင့် အုပ်စုထိပ်တွင် အပြိုင်ဖြစ်နေပြီး ထိုင်းအ
သင်းက ခြောက်မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

EMG , RangonNewsDaily
kolatt(PBDN): 14.6.2013

0 comments:

Post a Comment