Pages

Thursday, June 7, 2012

NLD ပါတီ ဒီဇင်ဘာတွင် နိုင် ငံလုံးဆိုင်ရာပါတီညီလာခံကျင်းပမည်




ရေးသားသူ - ဝေမာသိမ့်
နေရာ - ရန်ကုန်
ရက်စွဲ June 07, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက် နိုင်ငံလုံးဆိုင်ရာပါ တီညီလာခံကိုဒီဇင်ဘာတွင်ကျင်းပ မည်ဖြစ်ကြောင်း မြို့နယ်တိုင်းတွင် ရပ်ကွက်အဆင့် ပါတီဖွဲ့စည်းရေးလုပ် ငန်းစဉ်များ ကိုပြင်ဆင် ဆောင်ရွက် နေသည့်  လွှတ်တော် ကိုယ်စားလှယ်  များက ဆိုကြသည်။


''ဗဟို ကော်မရှင်ဥက္ကဌ ဘဘဦးဝင်းတင်   ကပြောတယ်။နိုင်ငံ လုံးဆိုင်ရာ  ညီလာခံကြီးကို ၂၀၁၃ ကိုရောက်သွား နိုင်ပေမယ့်မူလ ရည်ရွယ်ထား တဲ့ဒီဇင်ဘာမှာ ကျင်းပသွား မယ်။ ဒါကြောင့်တိုင်း ညီလာခံ ကျင်းပရေး ကော်မရှင်တွေ ကို ဖွဲ့စည်း ပေးခဲ့ပြီးပြီ။  ရပ်ကျေးကနေခရိုင်အ ထိအ ဆင့်ဆင့် ဖွဲ့စည်း  ဖို့မြို့နယ်အလိုက်တာ ဝန်တွေခွဲဝေပေးထားပြီးပါပြီ။ဒါ ကြောင့် ပြင်ဆင်ဆောင်ရွက်နေ ပါပြီ။''  ဟု လှည်းကူး မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်  ဦးဖြိုးမင်း သိန်းက ဆိုသည်။

 NLDပါတီအား ဒီမိုကရေစီနည်းလမ်း ကျသောပါတီကြီး  အဖြစ်တည်ထောင်သွားရန်  ညီလာခံ ကျင်းပနိုင်ရေး ဗဟိုကော်မရှင်က လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်တိုင်းတွင် ရပ်ကျေးမှာ ပါတီဝင် အင်အား စုဆောင်းခြင်းနှင့်ပါတီဖွဲ့ စည်းရေး လုပ်ငန်း များ  ကိုဆောင်ရွက် နေကြပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ မြတ်ဉာဏစိုးနှင့်လှည်းကူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့ကဆိုသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ် ဉာဏစိုးက ''NLD အနေနဲ့အသစ် တဖန်ပြန်လည်မွေးဖွားဖို့ရှေ့နှစ်ဆန်း မှာနိုင်ငံလုံး ဆိုင်ရာပါတီ ညီလာခံ ကျင်းပပြီ ဒီမိုကရေစီနည်းလမ်းတကျ သွေးသစ်လောင်း တည် ထောင်  ဖို့ရှိပါတယ်။ ကျွန်တော်က ကျွန်တော့် မဲဆန္ဒတွေဖြစ် တဲ့မြို့နယ်လေးမြို့နယ်မှာပါတီပြန်  လည်ဖွဲ့စည်းရေး လုပ်ငန်း တွေ  ကိုဦး ဆောင်ပြီး ဆောင်ရွက်နေပါတယ်'' ဟုဆိုသည်။

လှည်းကူး မြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်းက လှည်းကူးမြို့နယ်တွင် ပါတိဝင်အင်အား စုဆောင်းခြင်းကို စတင်လုပ်ဆောင်လျှက်ရှိပြီး အင်အားနှစ်သောင်းဝန်း ကျင်ရှိပြီဖြစ် ကြောင်း၊ ယခုလအတွင်း မြို့နယ်တွင်း တွင် လှည့်လည်၍ပါတီမူဝါဒများနှင့်ပါတီ ဖွဲ့စည်းပုံများ  ကိုရှင်းလင်း  ပြောကြား သွားမည်ဖြစ်ကြောင်း  သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်း မှာ အဖွဲ့ချုပ်မှ မြို့နယ်အလိုက် စည်းရုံးရေးလုပ်ငန်းများ  နှင့်ပါတီဖွဲ့စည်း ရေးလုပ်ငန်း များ ကို ဆောင်ရွက်ကြ ရန်ညွှန်ကြားခဲ့သည့်အတွက် ပထမအကြိမ်တတိယလွှတ်တော်ပုံမှန် အစည်းအဝေး များ  အပြီးတွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

အဆိုပါလုပ်ငန်းကို အမျိုးသား  လွှတ်တော် ကိုယ်စား လှယ်ဒေါက်တာ ဒေါက်တာမြတ်ဉာဏစိုး က တာမွေမြို့နယ် ရှိရပ်ကွက်(၂၀)အား အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်မှမြို့ နယ်တာဝန်ခံများ နှင့် အတူတကွ စတင်လုပ်ဆောင် နေပြီဖြစ်ပြီး၊ ကျန် သည့် မြို့နယ်များဖြစ်သည့်  မင်္ဂလာ တောင် ညွှန့်မြို့နယ်၊  ဒေါပုံမြို့နယ်၊ ပုဇွန်တောင် မြို့နယ်နှင့်ဗိုလ်တထောင်မြို့နယ် များကိုလည်း ဆက်လက်  ဆောင်ရွက် သွား ဖြစ်ကြောင်း  သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ညီလာခံကျင်းပနိုင်ရေး ဗဟိုကော်မရှင်ကို မေ(၉)ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်ဖွဲ့စည်း ပြီးနောက်တွင် ပါတီစည်းရုံးရေး လုပ်ငန်းများ နှင့် ပါတီဖွဲ့ စည်းရေး  လုပ်ငန်း များ ကို မြို့နယ် အလိုက်   ဆောင်ရွက် စေခဲ့ခြင်းဖြစ် ကြောင်း   သိရသည်။

Yangon Media Group

0 comments:

Post a Comment