မရမ်းကုန်းမြို့နယ် ဥက္ကာလမ်းဆုံအနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီးမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ပဲခူးမြို့ဆေးရုံပိုင် ယာဉ်အားဝင်ရောက် တိုက်မိသဖြင့် ဆေးရုံယာဉ်တိမ်းမှောက်ကာ ဆေးရုံယာဉ်ပေါ်ပါ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မရမ်းကုန်း မြို့နယ် ပြည်လမ်းအတိုင်း ရှစ်မိုင် ဘက်မှလေဆိပ်ဘက်သို့ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၈စ/ ၂၁၆၈ လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် ဥက္ကာလမ်းဆုံအနီး အရောက်ဝဲဘက်သို့ ‘ဂ’ ကွေ့ ချိုးကွေ့မောင်းစဉ်မျက်နှာချင်းဆိုင် မှယာဉ်မောင်း ဦးဝင်းလှိုင် (၄၇နှစ်) ပဲခူးမြို့နေသူ မောင်းနှင်လာသည့် ၁က/ ၆၅၄၄ ဟိုက်အေ့စ် အဖြူရောင် ပဲခူးမြို့ဆေးရုံပိုင်ယာဉ်အား တိုက်မိပြီးထွက်ပြေးသွားကြောင်း သိရသည်။
၁က/--ယာဉ်မှာယာဘက် သို့ တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ သန်းမင်းနိုင် (၂၄ နှစ်) (လူနာ)၊ မထွေးထွေးငယ် (၁၁ နှစ်) ပဲခူး တိုင်းဒေသကြီးနေသူတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအပေါ် အရေးယူပေးရန် ဒုရဲအုပ်မြင့်ကျော်ဦး (ယာဉ်မှုစစ်)မှ တရားလိုပြုတိုင်တန်းမှုအား မရမ်းကုန်းရဲစခန်း (ပ)၂၉၉/၂၀၁၂ပုဒ်မ ၃၃၈/၂၇၉/၂၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
0 comments:
Post a Comment