Pages

Thursday, June 7, 2012

အမေရိကန်ဒေါ်လာအနွမ်း ဗဟိုဘဏ် လက်မခံခြင်း ပြန်လည်ရှင်း

အမေရိကန်ဒေါ်လာ အဟောင်း၊ အနွမ်းနှင့် တွန့်ကြေနေမှုများကို ဗဟိုဘဏ်မှ လက်မခံခြင်းမှာ စင်ကာပူနိုင်ငံရှိ ဘဏ်များကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့တွင် ပြုလုပ်သည့် စင်ကာပူလုပ်ငန်းရှင်များနှင့် စီးပွား ရေးကဏ္ဍစုံ ဆွေးနွေးဖလှယ်ပွဲ အတွင်း မြန်မာဘဏ်များမှ ကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ် သည့်အခါစိစစ်နေမှုအပေါ်
ပြည်ပ လုပ်ငန်းရှင်တို့၏ ဝေဖန်မှုအား အထက်ပါအတိုင်း ပြန်လည်ပြောဆို ခဲ့ခြင်း ဖြစ်သည်။”ကျွန်တော်တို့ နိုင်ငံက ပြည်ပ နိုင်ငံအချို့ရဲ့ ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့ အတွက် များသောအားဖြင့် နိုင်ငံ ခြားငွေတွေကို စင်ကာပူဘဏ်မှာပဲ အပ်ရပါတယ်။ အပ်တဲ့အခါမှာ အဲဒီ ဘဏ်တွေက တော်တော်လေး စိစစ်ပါ တယ်။

ဒါကြောင့်ပါ။ သူတို့ မလုပ်ရင်တော့လက်ခံလို့ရပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။အစိုးရပိုင် ဗဟိုဘဏ်အနေဖြင့် ထိုကဲ့သို့ ဒေါ်လာ အပါအဝင် နိုင်ငံ   ခြားငွေတို့အား စိစစ်လက်ခံနေမှု ကြောင့် နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာ ၆၂ ခုတို့တွင်ပါ စိစစ်နေ ရသည်ဟု သိရသည်။

 နိုင်ငံခြားငွေ အပေါ် စိစစ်လက်ခံမှု အပြင် နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတို့မှ အကန့်အသတ်ဖြင့် သာ လဲလှယ်ပေးမှုရှိနေရာယင်းကိစ္စ ကို ဗဟိုဘဏ်မှတာဝန်ရှိသူက ဈေးကွက်စီးပွားရေး စနစ်ကို ကျင့် သုံးနေ၍ ပုဂ္ဂလိကဘဏ်များအား အတင်းအကျပ်စေခိုင်း၍မရကြောင်း၊ ၄င်းတို့အနေဖြင့်ဆောင်ရွက်နိုင်သည့် အတိုင်းအတာကိုသာ လဲလှယ်ပေး နိုင်မည်ဖြစ်ေ ကြာင်း ပြောသည်။ မြန်မာနိုင်ငံတော်ဘဏ်အနေ ဖြင့် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက် ကားခွင့် လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သည်။ 

ထိုဘဏ်များထဲ မှ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့မှာ ဘဏ်စနစ်သုံး(SWIFT) အွန်လိုင်းစနစ်ကို တပ်ဆင်ပြီးဖြစ်   ၍ ဇွန်လအတွင်း ဇွန်လအတွင်း စတင်အသုံးပြု နိုင်တော့မည်ဟု ဗဟိုဘဏ်မှ သိရ သည်။

ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment