Pages

Thursday, June 7, 2012

မြန်မာနိုင်ငံ အကြီးဆုံး Mobile Phone Center ဖွင့်မည်




မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံး Mobile Phone Center ကို မန္တလေးမြို့ Great Wall Shopping Center တွင် မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရသည်။ MTG မှ ဦးဆောင်၍ မိုဘိုင်းဖုန်း၊ ဖုန်းအပိုပစ္စည်း ၊ ဖုန်းService ပိုင်းစသည့် ၀န်ဆောင်မှုလုပ်ငန်းများကို တစ်နေရာတည်းတွင် စုစည်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၁၁၂ ခုနှစ် သြဂတ်လ တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေ ကြောင်း MTG မှ MD ကိုမင်းသန့်က ပြောသည်။ 
 
ဖုန်းအရောင်းဆိုင်ဖွင့်လိုသူများ၊ ဖုန်းနှင့်ပတ်သတ်၍ ၀န်ဆောင်မှုပေးလိုသူ လုပ်ငန်းရှင်များကိုဖြင့် ဆိုင်ခန်းဌား ရမ်းနိုင်ရန် MTG မှဖိတ်ခေါ်ထားသည်။ မန္တလေးမြို့ Great Wall Shopping Center စတုတ္ထထပ် တွင်ဖွင့်လှစ်မည့် Mobile Phone Center ကို အမည်မပေးရသေးဘဲ အမည်ရွေးချယ်ပေးရန် MTGကဖိတ်ခေါ်ထားသည်။
 
အကောင်းဆုံးအမည် ရွေးချယ်ပေးနိုင်သူကို ဆုငွေကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းစင်တာအတွက် အကောင်းမွန်ဆုံး နည်းဗျူဟာဖြင့်Project ရေးဆွဲတင်ပြနိုင်သူကိုလည်း ဆုငွေကျပ် သိန်း ၂၀ ချီးမြှင့်မည်ဖြစ်ကြောင်း MTG ကကြေညာထားသည်။
 
မိမိရွေးချယ်ထားသော အမည် (၅ )မျိုးကို ဇွန်လကုန်နောက်ဆုံးထား၍ MTG ရုံး ၊ Great Wall Shopping Center တတိယထပ်သို့ပေးပို့နိုင်ကြောင်းသိရသည်။
 
Popular Myanmar News :

0 comments:

Post a Comment