Pages

Friday, November 30, 2012

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအလှူ သံဃာပယ်ချ

သံဃာတွေကို အကြမ်းဖက်ခံရမှုကြောင့် စစ်ကိုင်းတိုင်းမုံရွာမြို့ ဇောတိကရွာမ စာသင်တိုက်တွင်း သီတင်းသုံးနေ
တဲ့ သံဃာအပါး ၁၂၀၀ ခန့်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကပ်လှူတဲ့ ဆွမ်းကို လက်မခံဘဲ ပယ်ချလိုက်
ပါတယ်၊

ဒီကနေ့ကျရောက်တဲ့ မြန်မာတန်ဆောင်မုန်းလပြည့်ကျော် (၂) ရက်နေ့မှာ အောင်လက်မှတ်ကပ်လှူတဲ့ပွဲမှာ အာ
ရုဏ်ဆွမ်းလောင်းလှူဖို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က လာလျောက်ရာမှာ ငြင်းပယ်လိုက်
တာဖြစ်တယ်လို့ ဆရာတော်တွေကို တွေ့ဆုံမေးမြန်းနေတဲ့ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက ပြောပါတယ်၊

မတင်မာဆွေက “ဇောတိကဆရာတော်ကြီးနဲ့သံဃာတော်တွေကနေပြီးတော့ ဦးသာအေးကပ်လှူမယ့် ဆွမ်းကို လုံးဝ ဘုန်းမပေးနိုင်ပါဘူး ဆွမ်းလောင်းလှူခြင်းလည်း မခံနိုင်ပါဘူးဆိုပြီးတော့ ငြင်းပယ်လွှတ်လိုက်တယ်။ ဘာ
ကြောင့်ငြင်းပယ်လိုက်ရတာလဲလို့ မေးတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဒီနယ်မြေမှာ တာဝန်အရှိ
ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်လို့ ပြောလိုက်ကြတယ်၊ 
 
သူတို့က မနက်ဆိုလို့ရှိရင် သံဃာတွေကို ၀န်ကြီးချုပ်ကော ၀န်ကြီးချုပ်ဇနီးကော။တိုင်းမှူးကောတိုင်းမှူးဇနီးကော
တွေကနေပြီးတော့ စီတန်းပြီးတော့ ကျောင်းတိုက်ထဲကနေပြီးတော့ သပိတ်တွေထဲကို လောင်းတာ၊ အဲဒါကို သူတို့
က အချက်ပြုတ်လည်း မခံတာ အလောင်းလည်း မခံတာ” လို့ ပြောပါတယ်၊

ဦးသာအေးဟာ စစ်တိုင်းမှူးဘ၀ကတည်းကမနှစ်ကထိ ဆက်တိုက် ဆွမ်းဆက်ကပ်လောင်းလှူခဲ့သူဖြစ်ပြီး ၂၉ ရက်နေ့အရုဏ်မတက်ခင် သပိတ်စခန်းဖြိုခွင်းမှုမှာ တာဝန်အရှိဆုံးလို့ သံဃာတွေက ယူဆပြီး ဆွမ်းကို ငြင်းပယ်
ကြတာဖြစ်ပါတယ်။
 
 

အေးနိုင် - DVB

0 comments:

Post a Comment