Pages

Friday, November 30, 2012

“လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”

“လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”

သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေဆီက ပေါက်ကြားလာတဲ့ သတင်းအပိုင်းအစလေးပါ။ 

လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ သပိတ်စခန်းတွေ ဖယ်ရှားဖို့ သမ္မတရုံးက ညွှန်ကြားချက် ထုတ်လိုက်တာ ဖြစ်ပေမယ့် အောက်ခြေပိုင်းက အပေါ်က ခိုင်းတာထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။
 
တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။ 

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်း အရေးယူပါလို့ အမိန့်ရလာတဲ့အခါ လိုအပ်တာထက် ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာနေကြတယ်လို့ သိရပါတယ်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားတာ သတိထားမိကြမယ် ထင်ပါတယ်။ 

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူတည်ဆောက်ထားသမျှ ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။ 

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိသလို ဒီလို ဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို နှစ်သိမ့်ပေးနိုင်မလားဆိုတဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ သတင်းတွေဖြစ်ပါတယ်။

လက်ပံတောင်း လုံခြုံရေး ရဲများ (ဓာတ်ပုံ - မုန်ရာ/ဧရာဝတီ)
လက်ပံတောင်း လုံခြုံရေး ရဲများ (ဓာတ်ပုံ - မုန်ရာ)
သမ္မတရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းတွေဆီက ပေါက်ကြားလာတဲ့သတင်းအပိုင်းအစလေးပါ။လက်ပံတောင်းတောင်
ကိစ္စနဲ့ ပတ်သက်လို့ သပိတ်စခန်းတွေ ဖယ်ရှားဖို့ သမ္မတရုံးက ညွှန်ကြားချက်ထုတ်လိုက်တာ ဖြစ်ပေမယ့် အောက်
ခြေပိုင်းက အပေါ်က ခိုင်းတာထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။ တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်
တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်
လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်
ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတ
ရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်းအရေးယူပါလို့အမိန့်ရလာတဲ့အခါလိုအပ်တာထက် ပိုပြီးတော့
 ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာ
နကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်း
သွားတာ သတိထားမိကြမယ် ထင်ပါတယ်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ သမ္မတ
ဦးသိန်းစိန်ကတော့သူတည်ဆောက်ထားသမျှယုံကြည်မှုတွေနဲ့ ပတ်သက်လို့မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်
ဆင်းရဲနေတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆို
တဲ့ သုံးသပ်ချက်တွေ ရှိသလို ဒီလို ဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို  နှစ်သိမ့်ပေးနိုင်မလားဆို
တဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်
ပ်ါလာတဲ့ သတင်းတွေဖြစ်ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment