Pages

Friday, November 30, 2012

Asia New Star Model Contest 2013 တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် Face of Myanmar ဖိုင်နယ်ရွေးချယ်ပွဲ ကျင်းပ

ha-28-11-5
ဆုရရှိသူများနှင့် တာဝန်ရှိသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်

ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Asia New Star Model Contest 2013 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွား
ရောက်ယှဉ်ပြိုင်ရမည့် Face of Myanmar ရွေးချယ်ပွဲ၏ နောက်ဆုံးအဆင့် လူရွေးပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Strand ဟိုတယ်၌ ကျင်းပခဲ့ရာ Korea Model Association မှတာ ၀န်ရှိသူများနှင့်အတူ မင်းသမီး Lee Hwa Sun လည်း တက်ရောက်ကာ အကဲဖြတ်ရွေးချယ် ပေးခဲ့သည်။

ပြိုင်ပွဲတွင် ပထမဦးစွာ အားကစားဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် Bobby Soxer က တေးသီချင်းသုံးပုဒ်ဖြင့်
 ဖျော်ဖြေပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်များ၏ Evening Dress ဖြင့် ယှဉ်ပြိုင်စေခဲ့ပြီး လွှမ်းပိုင်က တေးသီချင်းသုံး
ပုဒ်ဖြင့် ဖျော်ဖြေခဲ့သည်။ အကဲဖြတ်အမှတ်ပေးများ၏ အမှတ်စာရင်းများ ပေါင်းနေချိန်တွင်  မိုးကုတ်ပေါက်ပေါက်၏ ထိုင်မသိမ်းမင်္ဂလာဝတ်စုံများကိုSP Games မှ လက်ဝတ်ရတနာများဖြင့် တွဲဖက်ပြသသည့် မော်ဒယ်ရှိုး စတင်ခဲ့
သည်။

Face of Myanmar ဖိုင်နယ်ပွဲတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအ
မတ်ကြီး HE . Kim Hae Young ၊ Korea Model Association မှ Chairman၊ ကိုရီးယားမင်းသား Lee Hyo Jung၊ ကိုရီးယားမင်းသမီး Lee Hwa Sun၊ Korea Pro makeup, Job Interchange Association ၏ ဥက္ကဋ္ဌ Professor An Mi Ryeo၊ ရန်အောင်၊ မို့မို့မြင့်အောင်နှင့် Mizon Myanmar မှ Ms.Natalie Han တို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

“ဒီပွဲက မြန်မာမော်ဒယ်တွေအတွက် ကိုရီးယားနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေက မော်ဒယ်လ်လှုပ်ရှားမှုတွေကို သိ
ခွင့်ရမှာဖြစ်သလို နိုင်ငံတကာ မော်ဒယ်လ်လှုပ်ရှားမှုတွေကို ဒီပွဲကတစ်ဆင့် သွားနိုင်ဖို့အခွင့်အရေးတွေ ရရှိနိုင်မယ်
လို့ ထင်ပါတယ်။ Korea Model Association ရဲ့ လှုပ်ရှားမှုတွေမှာလည်း ဒီပွဲကဆုရတဲ့ မော်ဒယ်တွေက အဖွဲ့ဝင်
တွအဖြစ် ပါဝင်ခွင့်ရမှာပါ” ဟု Korae Model Association မှ Chairman, Mr Yang Eui Sik က ဆိုပါသည်။

ယင်းပြိုင်ပွဲတွင် Mr& Miss Face of Myanmar ဆုကို ထွန်းကိုကို နှင့် ဟန်သီတို့က ရရှိခဲ့ကြပြီး Mr Popular ဆုကို မာကိုမြတ်သူရအောင်၊ Miss Kerasy ဆုကို ခင်လပြည့်ဇော်၊ Miss Coreana ဆုကို Mဆိုင်းလူ နှင့် Miss Mizon ဆုကို အေးချမ်းမြေ့တို့က ရရှိခဲ့ကြသည်။

ဆုရရှိသူများသည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် Asia Beauty Contest 2013 ၏ ပြိုင်ပွဲအမျိုးအစား တစ်ခုဖြစ်သည့် Asia New Star Model Contest သို့ အာရှ ၁၅ နိုင်ငံမှ မော်ဒယ်လ်များနှင့်အတူ
 မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။


Eleven Media:

0 comments:

Post a Comment