Pages

Sunday, June 23, 2013

အီတလီကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ဘရာဇီး

Photo: အီတလီကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ဘရာဇီး
Sunday, June 23, 2013

ဒဏ်ရာပြဿနာရှိနေတဲ့ ပေါ်လင်ဟိုနေရာမှာ ဟာနာနက်စ်ကို လူစားထည့်သွင်းခဲ့တဲ့ ဘရာဇီးရဲ့ကစားကွက်က အပြောင်းအလဲ
မရှိခဲ့ပေမယ့် အီတလီကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ပီယာလိုအစား မွန်တိုလီဗို ၀င်ရောက် ကစားသွားခဲ့ပါတယ်။

ပွဲချိန်အစောပိုင်း ဘာလော့တယ်လီရဲ့ ဂိုးပေါက်ကန်ချက် ၂ကြိမ်ကလွဲရင် အီတလီတို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုး မလုပ်နိုင်ခဲ့ဘဲ ဘရာဇီးဘက်ကတော့ တိုက်စစ်ပိုဆင်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ နေမာရဲ့ ကန်ချက်တွေ ဂိုးပေါက်လွဲချော်ခဲ့တာကြောင့် ဘရာဇီးတို့ ဂိုးမရခဲ့ပါဘူး။

ပထမပိုင်း နာကျင်အချိန်ပို အရောက်မှာတော့ ဘရာဇီးတို့ ဂိုးစရခဲ့ပြီး နေမာရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ဖရက်ဒ်ခေါင်းတိုက်ခဲ့ရာမှာ ဘူဖွန်ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဒန်တီက ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၁မိနစ်မှာဘာလော့တယ်လီ
နောက်ပေါက်နဲ့ချပေးလိုက်တဲ့ ဘောလုံးကို ဂီယာချီရီနီရသွားပြီး ထောင့်ဖြတ်ကန်သွားယူနိုင်ခဲ့လို့ အီတလီတို့ ချေပဂိုးရခဲ့ပါတယ်။

ဒါပေမဲ့ နောက်၎မိနစ်အကြာမှာ နေမာက ပြစ်ဒဏ်ဘောကန်ချက်နဲ့ ဘရာဇီးအတွက် ဒုတိယဂိုး သွင်းပေးနိုင်ခဲ့သလိုမာဆယ်လိုရဲ့
ဖြတ်တင်ဘောကနေ ဖရက်ဒ်က တတိယဂိုးသွင်းယူခဲ့ပြန်ပါတယ်။ ပွဲချိန် ၇၁မိနစ်အရောက်မှာ ထောင့်ကန်ဘောကနေ ချီလီနီက အီတလီအတွက် ဒုတိယချေပဂိုး သွင်းပေးနိုင်ခဲ့ပြီး ပွဲပြီးဖို့ ၂မိနစ်အလိုမှာ မာဆယ်လို ဖန်တီးပေးတာကနေ ဖရက်ဒ်က ပွဲသိမ်းဂိုးသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်မှာ စပိန်ကို ရှောင်လွဲနိုင်ခဲ့သလို နောက်ဆုံး ၇ကြိမ်တွေ့ဆုံမှုမှာ ၄ပွဲနိုင်၊ ၃ပွဲသရေ ရလဒ်ရယူသွားနိုင်ခဲ့ပါတယ်။

ရိုးရာလေး

Sunday, June 23, 2013

ဒဏ်ရာပြဿနာရှိနေတဲ့ ပေါ်လင်ဟိုနေရာမှာ ဟာနာနက်စ်ကို လူစားထည့်သွင်းခဲ့တဲ့ ဘရာဇီးရဲ့ကစားကွက်
က အပြောင်းအလဲ မရှိခဲ့ပေမယ့် အီတလီကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ခြေသလုံး ကြွက်
သားဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ပီယာလိုအစား မွန်တိုလီဗို ၀င်ရောက် ကစားသွားခဲ့ပါတယ်။
ပွဲချိန်အစောပိုင်း ဘာလော့တယ်လီရဲ့ ဂိုးပေါက်ကန်ချက် ၂ကြိမ်ကလွဲရင် အီတလီတို့ ထိရောက်တဲ့ တိုက်စစ်
ဆင်မှုမျိုး မလုပ်နိုင်ခဲ့ဘဲ ဘရာဇီးဘက်ကတော့ တိုက်စစ်ပိုဆင်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ နေမာရဲ့ ကန်
ချက်တွေ ဂိုးပေါက်လွဲချော်ခဲ့တာကြောင့် ဘရာဇီးတို့ ဂိုးမရခဲ့ပါဘူး။

ပထမပိုင်းနာကျင်အချိန်ပိုအရောက်မှာတော့ဘရာဇီးတို့ဂိုးစရခဲ့ပြီး နေမာရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကိုဖရက်
ဒ်ခေါင်းတိုက်ခဲ့ရာမှာ ဘူဖွန်ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကိုဒန်တီက ပိတ်သွင်းယူနိုင်ခဲ့
ပါတယ်။ပွဲချိန်၅၁မိနစ်မှာဘာလော့တယ်လီနောက်ပေါက်နဲ့ချပေးလိုက်တဲ့ ဘောလုံးကို ဂီယာချီရီနီရသွားပြီး
 ထောင့်ဖြတ်ကန်သွားယူနိုင်ခဲ့လို့ အီတလီတို့ ချေပဂိုးရခဲ့ပါတယ်။

ဒါပေမဲ့ နောက်၎မိနစ်အကြာမှာ နေမာက ပြစ်ဒဏ်ဘောကန်ချက်နဲ့ ဘရာဇီးအတွက် ဒုတိယဂိုး သွင်းပေးနိုင်
ခဲ့သလိုမာဆယ်လိုရဲ့ဖြတ်တင်ဘောကနေ ဖရက်ဒ်က တတိယဂိုးသွင်းယူခဲ့ပြန်ပါတယ်။ 
 
ပွဲချိန် ၇၁မိနစ်အရောက်မှာ ထောင့်ကန်ဘောကနေ ချီလီနီက အီတလီအတွက် ဒုတိယချေပဂိုး သွင်းပေးနိုင်
ခဲ့ပြီး ပွဲပြီးဖို့ ၂မိနစ်အလိုမှာ မာဆယ်လို ဖန်တီးပေးတာကနေ ဖရက်ဒ်က ပွဲသိမ်းဂိုးသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်
မှာစပိန်ကို ရှောင်လွဲနိုင်ခဲ့သလို နောက်ဆုံး ကြိမ်တွေ့ဆုံမှုမှာ၎ပွဲနိုင်၊၃ပွဲသရေ ရလဒ်ရယူသွားနိုင်ခဲ့ပါတယ်။

ရိုးရာလေး , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၃.၆.၂၀၁၃

0 comments:

Post a Comment