Pages

Sunday, June 23, 2013

မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်းလေကြောင်းလိုင်းအဖွဲ့ အကြိုပြေးဆွဲမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်

Photo: မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်းလေကြောင်းလိုင်းအဖွဲ့ အကြိုပြေးဆွဲမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်
Sunday, June 23, 2013

စက်တင်ဘာ ၁ ရက်တွင် မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်း NOK AIR MINI လေကြောင်းလိုင်းမှ အကြီးအကဲ မစ္စတာဆင့် ဦးဆောင်သော အဖွဲ့သည် ဇွန် ၂၀ ရက်က မော်လမြိုင်သို့ ရောက်ရှိကာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွန်ကုန်သည် စက်မှုအသင်း အမှုဆောင်များနှင့် တွေ့ဆုံကာ ဒေသခံများအတွက် လိုအပ်မည့် ၀န်ဆောင်မှု ကိစ္စရပ်များ ညှိနှိုင်းကာ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ဘားအံလေဆိပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

"မော်လမြိုင်-မဲဆောက် လေကြောင်းခရီးစဉ်တွက် ထိုင်းမှာလက်မှတ်တွေတောင် ကြိုရောင်းနေပါတယ်။ ဒေါ်လာ (၆၀) လို့ သိရတယ်။ သူတို့လာတာက မော်လမြိုင်မှာ အခြေစိုက်ရုံးအတွက် နေရာလာရွေးတယ်။ မြို့ခံဘဏ်တွေနဲ့ တွေ့တယ်။ မော်လမြိုင် လေဆိပ်လုံခြုံရေး၊ ပြေးလမ်း၊ အချက်ပြမီး၊ လက်မှတ်ကောင်တာတွေ ကြည့်သွားပါတယ်။ ကျွန်တော်တို့ အဖွဲ့နဲ့ ညကတွေ့တော့ လက်မှတ်လွယ်လွယ် ၀ယ်နိုင်အောင် စီစဉ်ထားပုံ၊ ထိုင်းဘက်မှာ မဲဆောက်ရောက်ပြီး လေယာဉ်၊ ကားနဲ့ချိတ်ဆက် လည်ပတ်ဖို့ ခရီးစဉ် စီစဉ်ထားတာတွေ ချပြပါတယ်" ဟု ဦးလှရှိန် (ဥက္ကဌ-မွန်ကုန်သည်စက်မှု) က ပြောကြားသည်။

မော်လမြိုင်-မြ၀တီ ကားလမ်းသည် မိုးတွင်းကာလ ကြမ်းတမ်းပြီး အန္တရာယ်များကာ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရမှုကြောင့် ဒေသခံ ကုန်သည်များ အနေဖြင့် အချိန်ကုန်သက်သာပြီး သွားလာမှု လွယ်ကူသည့် လေကြောင်းဖြင့် ကုန်ပစ္စည်း သယ်ယူမှုကို စိတ်ဝင်စားလျက်ရှိကြောင်း၊ ဆိုက်ရောက်ဗီဇာ ကိစ္စများကို တတ်နိုင်သရွေ့ ဖြေလျှော့ပေးရေးအတွက် တင်ပြဆွေးနွေးကြသည်ဟု သိရသည်။

EMG

NOK AIR MINI လေကြောင်းလိုင်းမှ လေယာဉ် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်လာစဉ်
NOK AIR MINI လေကြောင်းလိုင်းမှ လေယာဉ် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်လာစဉ်
Sunday, June 23, 2013

စက်တင်ဘာ၁ရက်တွင် မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်း NOK AIR MINI လေကြောင်း
လိုင်းမှ အကြီးအကဲ မစ္စတာဆင့် ဦးဆောင်သော အဖွဲ့သည် ဇွန် ၂၀ ရက်က မော်လမြိုင်သို့ ရောက်ရှိကာ ပျံ
သန်းပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွန်ကုန်သည် စက်မှုအသင်း အမှု
ဆောင်များနှင့် တွေ့ဆုံကာ ဒေသခံများအတွက် လိုအပ်မည့် ၀န်ဆောင်မှု ကိစ္စရပ်များ ညှိနှိုင်းကာ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ဘားအံလေဆိပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ "မော်လမြိုင်-မဲဆောက် လေကြောင်းခရီးစဉ်တွက် ထိုင်းမှာလက်မှတ်တွေတောင် ကြိုရောင်းနေပါတယ်။ ဒေါ်
လာ (၆၀) လို့ သိရတယ်။ သူတို့လာတာက မော်လမြိုင်မှာ အခြေစိုက်ရုံးအတွက် နေရာလာရွေးတယ်။ မြို့ခံ
ဘဏ်တွေနဲ့ တွေ့တယ်။
 
 မော်လမြိုင် လေဆိပ်လုံခြုံရေး၊ ပြေးလမ်း၊ အချက်ပြမီး၊ လက်မှတ်ကောင်တာတွေ ကြည့်သွားပါတယ်။ ကျွန်
တော်တို့ အဖွဲ့နဲ့ ညကတွေ့တော့လက်မှတ်လွယ်လွယ်ဝယ်နိုင်အောင်စီစဉ်ထားပုံ၊ ထိုင်းဘက်မှာ မဲဆောက်
ရောက်ပြီး လေယာဉ်၊ ကားနဲ့ချိတ်ဆက် လည်ပတ်ဖို့ ခရီးစဉ် စီစဉ်ထားတာတွေ ချပြပါတယ်" ဟု ဦးလှရှိန် (ဥက္ကဌ-မွန်ကုန်သည်စက်မှု) က ပြောကြားသည်။

မော်လမြိုင်-မြ၀တီ ကားလမ်းသည် မိုးတွင်းကာလ ကြမ်းတမ်းပြီး အန္တရာယ်များကာ မကြာခဏ ယာဉ်ကြော
ပိတ်ဆို့မှုများ ကြုံတွေ့နေရမှုကြောင့် ဒေသခံ ကုန်သည်များ အနေဖြင့် အချိန်ကုန်သက်သာပြီး သွားလာမှု လွယ်ကူသည့် လေကြောင်းဖြင့်ကုန်ပစ္စည်းသယ်ယူမှုကို စိတ်ဝင်စားလျက်ရှိကြောင်း၊ ဆိုက်ရောက်ဗီဇာ ကိစ္စ
များကို တတ်နိုင်သရွေ့ ဖြေလျှော့ပေးရေးအတွက် တင်ပြဆွေးနွေးကြသည်ဟု သိရသည်။

EMG , RangonNewsDaily
kolatt(PBDN): 23.6.2013



0 comments:

Post a Comment