Pages

Sunday, June 23, 2013

တောင်တရုတ်ပင်လယ်မှ မုန်တိုင်း BEBINCA – 05W ဗီယက်နန်နိုင်ငံ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ

Photo: တောင်တရုတ်ပင်လယ်မှ မုန်တိုင်း BEBINCA – 05W ဗီယက်နန်နိုင်ငံ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ
By mmweather.ygn, on June 23rd, 2013
http://blog.mmweather.com/2013/06/23/ts-bebinca-south-china-sea/

အပူပိုင်းမုန်တိုင်း BEBINCA (05W) သည် ဟိုင်နန်ကျွန်းအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားသော်လည်း တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိပြီးနောက် ပြန်လည်အားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း TSR ခန့်မှန်းချက်များတွင် ဖေါ်ပြထားပါသည်။

ဇွန်လ ၂၃ ရက် မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီ နှင့် ၂၂း၃ဝ နာရီတွင် ရရှိသည့် ဂြိုလ်တု တိမ်ပုံများအရ မုန်တိုင်း BEBINCA သည် တုံကင်ပင်လယ်ကွေ့အတွင်း အနောက်ဘက်သို့ရွေ့လျားကာ ဗီယက်နန်ကမ်းခြေအား Ha Tinh ပြည်နယ်နှင့် Nghe An ပြည်နယ် နယ်စပ်အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်လျှက်ရှိကြောင်းတွေ့ရပါသည်။

မုန်တိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လာအိုနိုင်ငံ တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း တို့သို့ မရောက်မီ လေဖိအားနည်းရပ်ဝန်းအဆင့်မှ အားပျော့ပျက်ပြယ်သွားနိုင်မည်ဟု ခန့်မှန်းရပြီး၊  ဂြိုလ်တု Animation ပုံများအရ မုန်တိုင်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့အထိရောက်နိုင်ဘွယ် ရှိကြောင်း တွေ့ရပါသည်။

View Animation - http://www.ssec.wisc.edu/data/geo/index.php?satellite=mtsat&channel=ir2&coverage=fd&file=jpg&imgoranim=8&anim_method=flash

(ပုံ – ၁) ဇွန်လ ၂၃ ရက် မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီ   
(ပုံ – ၂) ဇွန်လ ၂၃ ရက် မြန်မာစံတော်ချိန် ည ၂၂း၃ဝ နာရီ
http://blog.mmweather.com/2013/06/23/ts-bebinca-south-china-sea/

June 23rd, 2013

အပူပိုင်းမုန်တိုင်းBEBINCA (05W)သည်ဟိုင်နန်ကျွန်းအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် လေဖိအားနည်း
ရပ်ဝန်းအဖြစ်သို့ အားပျော့သွားသော်လည်း တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိပြီးနောက် ပြန်လည်အား
ကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း TSR ခန့်မှန်းချက်များတွင်
ဖေါ်ပြထားပါသည်။ ဇွန်လ ၂၃ ရက် မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီ နှင့် ၂၂း၃ဝ နာရီတွင် ရရှိသည့် ဂြိုလ်တု တိမ်ပုံများအရ မုန်တိုင်း BEBINCA သည်တုံကင်ပင်လယ်ကွေ့အတွင်းအနောက်ဘက်သို့ရွေ့လျားကာဗီယက်နန်ကမ်းခြေ
အား Ha Tinh ပြည်နယ်နှင့် Nghe An ပြည်နယ် နယ်စပ်အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ
ဆေကြာင်းတွေ့ရပါသည်။

မုန်တိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး လာအိုနိုင်ငံ တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်
ပိုင်း တို့သို့ မရောက်မီ လေဖိအားနည်းရပ်ဝန်းအဆင့်မှ အားပျော့ပျက်ပြယ်သွားနိုင်မည်ဟု ခန့်မှန်းရပြီး၊ ဂြိုလ်တု Animation ပုံများအရ မုန်တိုင်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့အထိရောက်နိုင်ဘွယ် ရှိကြောင်း
 တွေ့ရပါသည်။

View Animation - http://www.ssec.wisc.edu/data/geo/index.php?satellite=mtsat&channel=ir2&coverage=fd&file=jpg&imgoranim=8&anim_method=flash

(ပုံ – ၁) ဇွန်လ ၂၃ ရက် မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီ
(ပုံ – ၂) ဇွန်လ ၂၃ ရက် မြန်မာစံတော်ချိန် ည ၂၂း၃ဝ နာရီ
http://blog.mmweather.com/2013/06/23/ts-bebinca-south-china-sea/
 
MMWeather  , RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment