Pages

Sunday, June 23, 2013

ကားရထားကို ခဲဖြင့်ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူ

Sunday, June 23, 2013

၂၁-၆-၂၀၁၃ ရက်နေ့ ၂၃၅၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတဘူတာသို့ ဆိုက်ရောက်လာသော အမှတ်(၁၈၄)အစုန်ကြံခင်းဟင်္သာတRBE-2550ကားရထားသည်စက်ခေါင်းရုံသို့ဝင်ရန်တွဲဆိုင်းလမ်းကြောင်း

ရှန်တိန်ပြုလုပ်စဉ် ဟင်္သာတဘူတာနှင့် ဘုရားကုန်း ဘူတာကြား၊ မိုင်တိုင်အမှတ်(၁၀၉/၉-၁၀)ကြားတွင် ရ
ထားသံလမ်းကူးအား ဂိတ်စောင့်ဦးကျော်စိုးမှ ဂိတ်တံခါးပိတ်ထားခဲ့သည်။
ထိုသို့ပိတ်ထားသဖြင့် ဆိုင်ကယ်စီးလာသည့်လူငယ်များမှ ဆဲရေးတိုင်းထွာပြီး ဂိတ်တံခါးအားဖွင့်ရန် ပြုလုပ်
ကြ၍ ဂိတ်စောင့်ဦးကျော်စိုး၊ ရထားစက်ခေါင်းမောင်း ဦးစိုးမြတ်၊ စက်ခေါင်းမောင်းအကူ ဦးခင်အုန်းတို့မှ ၀ိုင်း
ဝန်းတားဆီးပြောဆိုခဲ့ရာ အဆိုပါလူငယ်များမှာ ဆိုင်ကယ်များဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။

၂၂-၆-၂၀၁၃ ရက်နေ့ ၀၀၀၅ အချိန် အဆိုပါလူငယ်အဖွဲ့သည် ဟင်္သာတဘူတာရှိ မြန်မာ့မီးရထားတို
င်းရုံး

ရှေ့၊ ရထားလူသွားလမ်းကူးဘူတာဘက်ခြမ်းမှနေ၍ RBE-2550 ကားရထား စက်ရုံဝင်ရန်ခုတ်မောင်းလာစဉ် ခဲများဖြင့်ဝိုင်းဝန်းပစ်ပေါက်ခဲ့သဖြင့် စက်ခေါင်း၏ယာဘက်ခြမ်း မှန်(၂)ချပ်နှင့် ၀ဲဘက်ခြမ်း မှန်(၁)ချပ်၊ စုစု
ပေါင်းမှန်(၃)ချပ်ကွဲသွား၍တန်ဘိုးငွေကျပ်(၆၀၀၀၀ိ/-)ခန့် ပျက်စီးခဲ့ပြီး ဆိုင်ကယ်စီးလူငယ်အဖွဲ့မှာ ထွက်ပြေး
သွားခဲ့သည်။

၎င်းနေ့ ၀၆၄၅ အချိန် ဟင်္သာတဘူတာရုံပိုင် ဦးမျိုးအောင်ထွန်း၏ အကြောင်းကြားချက်အရ ရထားရဲတပ်ဖွဲ့မှ

တပ်ဖွဲ့ဝင်များ လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ရထားအားခဲဖြင့်ပစ်ပေါက်သူ ဟင်္သာတမြို့၊ ရွှေဂူရပ်ကွက်နေ သီ
ဟထွန်း (၂၄)နှစ်ပါ (၃)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် သီဟထွန်း ပါ(၃)ဦးအား ဟင်္သာတမြို့မရဲစခန်း (ပ)၁၄၁/
၂၀၁၃၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

News of Myanmar , RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment