Pages

Thursday, April 11, 2013

မျှော်စင်ကျွန်းအပြည့် ပရိသတ် လာရောက်အားပေးခဲ့သည့် စိုင်းစိုင်းခမ်းလှိုင်၏ ကိုးကြိမ်မြောက်မွေးနေ့ ဖျော်ဖြေပွဲ

စိုင်းစိုင်းနှင့်သက်မွန်မြင့်တို့ဖျော်ဖြေနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
စိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ တွဲဖက်သီဆိုဖျော်ဖြေနေစဉ်
Thursday, April 11, 2013

နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ ကိုးကြိမ်မြောက် မွေးနေ့ဖျော်ဖြေပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၆နာရီခွဲတွင် ရန်ကုန်မြို့မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့သည်။ ဖျော်ဖြေပွဲ မကျင်းပခင် ညနေ ၅နာရီဝန်းကျင် ကတည်းက လူငယ်ပရိသတ် အများအပြား စတင်ရောက်ရှိလာသည်ကို တွေ့မြင်ရ
သည်။ မျှော်စင်ကျွန်း ၀င်ပေါက်တွင် လက်မှတ်များ ရောင်းချနေသည်ကိုလည်း တွေ့မြင်ရပြီး လက်မှတ်အ
တုများလည်း များစွာထွက်ပေါ်ခဲ့သည်ကို တွေ့မြင်ရသည်။
 
higher resolution cover pic bro.
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ဖျော်ဖြေပွဲကို ည ၆ နာရီခွဲဝန်းကျင်ခန့်တွင် စိုင်းစိုင်းနှင့် သူငယ်ချင်းများ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့သည်။ ထို့
နောက် စိုင်းစိုင်းက ပရိသတ်များအား နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဂျွန်၊ ကောင်းမြတ်၊ သီရိဆွေ တို့နှင့်အတူ တွဲဖက်ကာ တေးသီချင်းဟောင်းများစွာကို တွဲဖက် သီဆိုခဲ့သည်။ စိုင်းစိုင်း၏ ဖျော်ဖြေမှုကို The Trees Band နှင့် အတူတွဲဖက်ကာ သီဆိုဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ စိုင်းစိုင်းက နန္ဒစိုင်းကို ဖိတ်
ခေါ်ကာ တေးသီချင်းဟောင်းများဖြင့် ဆက်လက်သီဆိုဖျော် ဖြေခဲ့သည်။ နန္ဒစိုင်းနှင့် စိုင်းစိုင်းတို့၏ တွဲဖက်
သီဆိုမှုအပြီးတွင် နန္ဒစိုင်းက တစ်ဦးတည်း သီဆိုဖျော်ဖြေခဲ့ပြန်သည်။

ထို့နောက် စိုင်းစိုင်းက Snare အဖွဲ့ကို ဖိတ်ခေါ်ကာ 'ဒိန်းဂျား' တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့သည်။ Snare အဖွဲ့က အဆိုတော် ၀ိုင်းစုခိုင်သိန်းကို ထပ်မံဖိတ်ခေါ်ကာ 'အမုန်းမြို့သူ' တေးသီချင်းဖြင့် ထပ်မံသီဆို ဖျော်
ဖြေခဲ့သည်။ ဆက်လက်၍ စိုင်းစိုင်းနှင့် ၀ိုင်းစုခိုင်သိန်းတို့ တွဲဖက်သရုပ်ဆောင်ထားသည့် 'ဆယ့်နှစ်ကြိုးကဝေ' ဇာတ် ကားမှဇာတ်ဝင်တေးသီချင်းကိုအတူတွဲဖက်သီဆိုခဲ့ပြန်သည်။ စိုင်းစိုင်းက အတူတွဲဖက် ဖျော်ဖြေမည့်
သူတစ်ဦးအဖြစ် အဆိုတော်မိုးမိုးကို ဖိတ်ခေါ်ကာ 'ပထမဆု' တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့သည်။မိုးမိုးနှင့်
အတူ တွဲဖက်၍ တေးသီချင်းသုံးပုဒ်ခန့်ကို ဆက်တိုက် သီဆိုပြီးနောက် မိုးမိုးက 'အသက်လေးဆယ်' သီချင်း
ဖြင့် နှုတ်ဆက်ဖျော်ဖြေခဲ့သည်။

စိုင်းစိုင်းနှင့်သက်မွန်မြင့်တို့ဖျော်ဖြေနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
စိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ တွဲဖက်သီဆိုဖျော်ဖြေနေစဉ်
ထို့နောက် အထူးအစီအစဉ် တစ်ရပ်အဖြစ် စိုင်းစိုင်းက''ရုပ်ရှင် လောက က ငယ်သူငယ်ချင်းတစ် ယောက်ကို ဖိတ်ခေါ်လိုပါတယ်''ဟု ပြောကြားကာ သရုပ်ဆောင်သက်မွန်မြင့်နှင့် စိုင်းစိုင်းတို့အတူ တွဲဖက်သရုပ်ဆောင်
ထားသည့် ဇာတ်ကားများ၏ ဇာတ်ဝင်ခန်းအချို့ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည်။ ထို့နောက် ယူရေနီယမ်အ
ကအဖွဲ့နှင့်အတူ သရုပ် ဆောင် သက်မွန်မြင့်က စင်မြင့်ထက်သို့ ရောက်ရှိလာပြီးနောက် စိုင်းစိုင်းနှင့် အတူ
တွဲဖက်ကာ တေးသီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်များ နှစ်သက်အားပေးခဲ့ကြသည်။

သက်မွန်မြင့်၏ အစီအစဉ်အပြီးတွင် စိုင်းစိုင်း၏ ထင်ရှားသည့် တေးသီချင်းတစ်ပုဒ်ဖြစ်သော 'မျောလွင့်နေတဲ့
တိမ်' တေးသီချင်းကို အဆိုတော်မို့မို့၏ တူမငယ်ဗုံဘုံနှင့် တွဲဖက်ကာ သီဆိုဖျော်ဖြေခဲ့သည်။ ဆက်လက်၍ အ
ဆိုတော်ဘန်နီဖြိုးကို ဖိတ်ခေါ်ပြီးနောက် 'ရန်မဖြစ်တော့ဘူး' တေးသီချင်းအား စိုင်းစိုင်း၊ ဘန်နီဖြိုးနှင့် ဗုံဘုံတို့ တွဲဖက်သီဆိုခဲ့ကြသည်။ စိုင်းစိုင်းက ဘန်နီဖြိုးနှင့်အတူ တွဲဖက်ကာ တေးသီချင်းများစွာ သီဆိုပြီးနောက် သြ
စတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် အဆိုတော်ကိကိနှင့်လည်း အင်တာနက်မှတစ်ဆင့်ပရိသတ်များ နှင့်
တွေ့ဆုံစေခဲ့သည်။

''စိုင်းစိုင်းမွေးနေ့ဆိုရင် နှစ်တိုင်း လာကြည့်နေကြပါပဲ။ မနှစ်က သူ့မွေးနေ့ကို မန္တလေးမှာ လုပ်လိုက်တော့ မ
ကြည့်လိုက်ရဘူး။ ဒီနှစ်မှာ ရန်ကုန်မှာ လုပ်မယ်ဆိုတော့ အရမ်းပျော်သွားတာ။ ပွဲရက်မရောက်ခင်က တော့ အိမ်ကလွှတ်ရမှာ စိတ်ပူတယ်လို့ ပြောတယ်။ ရအောင်ပြောပြီး လာကြည့်တာ။ ဖျော်ဖြေပွဲရောက်တော့ အား
လုံး အေးအေးဆေးဆေးပါပဲ။ အရမ်း ပျော်စရာကောင်းပါတယ်'' ဟု လသာမြို့နယ်မှ လာရောက် ကြည့်ရှုခဲ့
သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးပရိသတ်တစ်ဦးက ဆိုပါသည်။

စိုင်းစိုင်း၏ ကိုးကြိမ်မြောက် မွေးနေ့ဖျော်ဖြေပွဲတွင် မကြာခင်က ထွက်ရှိထားသည့် 'ဒိတ်ဒိတ်ကြဲ' တေးစီးရီးမှ
 တေးသီချင်းများ အပါအ၀င် တေးသီချင်း အဟောင်းအသစ်များစွာ သီဆိုဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ဖျော်ဖြေ
ပွဲစင်မြင့်ကို gravity ရေးဆွဲသူ အာကာကျော်၏ စိုင်းစိုင်းပုံတူနှင့် မြို့ရိုးပုံစံအလှဆင်ထားပြီး ဒီဂျေညီညီဆွေက ကူညီအားဖြည့်ထားသည်။ The Trees တီးဝိုင်းနှင့်အတူ တွဲဖက်ကာ သီဆိုဖျော်ဖြေခဲ့ခြင်းဖြစ် ပြီး စင်မြင့်ကို
လည်း ပရိသတ်နှင့် အနီးဆုံး ရောက်ရှိစေသည့် ပုံစံတည်ဆောက်ထားသည်။

''ကျွန်တော့်မွေးနေ့ မနက်ခင်းရောက်တဲ့ အချိန်အထိ အခုလိုပရိသတ်တွေ ရောက်လာနိုင်ပါ့မလားဆိုပြီး စိတ်
ပူနေခဲ့တာ။ ကျွန်တော့်မွေးနေ့ကို အခုလောက် ပရိသတ်အများကြီးလာတာ တွေ့တဲ့အတွက် အရမ်းဝမ်းသာ
ပါတယ်။ မွေးနေ့ဖျော်ဖြေပွဲတိုင်းမှာ ကြားရတဲ့ ပရိသတ်လက်ခုပ်သံနဲ့ တစ်နှစ်တာလုံးကို ကျွန်တော်ဖြတ်သန်း
တာပါ။ပရိသတ်အားလုံးကို လေးစားပါတယ်။ရိုသေပါတယ်။အရမ်းချစ်ပါတယ်'' ဟု စိုင်းစိုင်းက ပရိသတ်များ
အား ပြောကြားခဲ့သည်။

စိုင်းစိုင်း၏ ဖျော်ဖြေပွဲအဆုံးသတ်အစီအစဉ်အဖြစ် မွေးနေ့ကိတ်လှီးခြင်းကိုအနုပညာရှင်များနှင့်အတူ ပြုလုပ်
ခဲ့ပြီးပရိသတ်များကိုလည်း မွေးနေ့ကိတ် ကျွေးမွေးခဲ့သည်။ ဖျော်ဖြေပွဲ အဆုံးသတ်သည်အထိပရိသတ်များ
စောင့်ကြည့်အားပေးခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ စိုင်းစိုင်း၏ မွေးနေ့ဖျော်ဖြေပွဲကို နှစ်စဉ်ဧပြီလ ၁၀ ရက်
နေ့တိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှာ ကိုးကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကာ ယခင်နှစ်က မန္တလေးမြို့တွင် ပထမဆုံးအကြိမ် သွားရောက်ပြုလုပ်ခဲ့သည်။

မွေးနေ့ဖျော်ဖြေပွဲမတိုင်မီတွင် ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့၌ ဖြစ်ပေါ်ခဲ့သော အခြေအနေများကြောင့် ဧပြီလဆန်းပိုင်းတွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲအချို့တွင် ပရိသတ် နည်းပါးခဲ့သော်လည်း စိုင်းစိုင်း၏ မွေးနေ့
ဖျော်ဖြေပွဲမှာမူ ယခင်နှစ်များအတိုင်း မျှော်စင်ကျွန်းအပြည့် ပရိသတ်အားပေး ကြည့်ရှုခဲ့သည်။

EMG, Rangonnewsdaily ,
ဧရာဝတီသတင်း 
RND:11.4.2013

0 comments:

Post a Comment