Pages

Thursday, April 11, 2013

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် သင်္ကြန်စာပါ ဟောကိန်း

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င်ကဏ္ဍပေါင်းစုံအတွက် ဆရာစံဇာဏီဘို၊ နက္ခတ်သိပ္ပံအဖွဲ့နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်းထားသည်များနှင့် သင်္ကြန်စာပါ ဟောကိန်းအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

စံဇာဏီဘို
နိုင်ငံရေး
ဒီနှစ်မြန်မာနိုင်ငံအတွက်အဓိကအကျဆုံးကနိုင်ငံရေးပဲ။ဘာကြောင့်လဲဆိုတော့မဟာဘုတ်မှာ စနေအဓိပတိ
ကျတယ်။စနေကပြည်သူလူထုရဲ့နိုင်ငံရေးဖြစ်တယ်။ဒါကြောင့်၁၃၇၅ ခုနှစ်ဟာ ပြည်သူလူထုရဲ့ တောင်းဆို
မှုအပေါ်မှာနိုင်ငံတော်အစိုးရကလိုက်လုပ်တဲ့နိုင်ငံရေးဖြစ်သွားမယ်။ဂြိုဟ်နက္ခတ်တွေ အလိုအရတော့  မြန်
မာနိုင်ငံဟာ၂၀၁၄ဇူလိုင်ထိတိုင်းရေးပြည်ရေးအုပ်ချုပ်ရေးအနေအထားကပြည်သူတွေရဲ့ စိတ်အနေအထား
ပြောင်းလဲမှုအပေါ်မှာ ပဋိပက္ခများ ဖြစ်ပွားနိုင်တယ်။ ပြည်သူလူထုတွေက စိတ်ရိုင်းဝင်လာပြီး စိတ်ရူးပေါက်
မှုတွေနဲ့ ကြုံနိုင်တယ်။
 
ပြည်သူများရဲ့စိတ်ကူးများကအချိန်နဲ့အမျှပြောင်းလဲနေတဲ့အတွက် အုပ်ချုပ်သူများက ပြည်သူရဲ့စိတ်အနေ
အထားကိုအနီးစပ်ဆုံးရအောင်လုပ်ရလိမ့်မယ်။ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီးတော့လည်းအကြီး
စားပြုပြင်ပြောင်းလဲမှုတွေဖြစ်မယ်။ဥပဒေထဲမှာပါမယ့်အချက် အလက်တွေ ပြောင်းလဲဖို့ တောင်းဆိုမှုတွေရှိ
မယ်။

စီးပွားရေး
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာမယ့် ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ရှိတယ်။ နိုင်ငံတကာအဆင့် ရင်းနှီးမြှုပ်နှံမှုတွေက ဒီနှစ်ထဲမှာ အလုံးအရင်းနှင့် ၀င်လာမယ်။ သင်္ကြန်အပြီး ရက်ပေါင်း ၉၀ အတွင်းကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ဖို့ရှိတယ်။ စီးပွားရေးကဏ္ဍမှာ စက်မှုလုပ်ငန်းများနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အထူးအောင်မြင်လာမယ့် နှစ်ပဲ။

သဘာဝပတ်ဝန်းကျင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများမှာ နည်းပညာနှင့် လူအများ၏ ပံ့ပိုးမှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုရလာမယ်။နိုင်ငံတကာမှလည်းသဘာဝပတ်ဝန်းကျင်အတွက်ငွေကြေးထောက်ပံ့မှုလည်း ရလာမယ်။ မြန်
မာသက္ကရာဇ်၁၃၇၅ခုနှစ်ဟာသင်္ကြန်မင်းကမြားနှင့်လေးကိုင်ပြီး နဂါးစီးဆင်းတာကြောင့် ပြည်ပတိုင်းတစ်ပါး
ရန်ကို သတိပြုဖို့လိုတယ်။ အထူးသဖြင့်အရှေ့မြောက်က ပဋိပက္ခများ ၀င်ရောက်နိုင်တယ်။

ဦးဇေယျာကို
နိုင်ငံရေး

၁၃၇၅ ခုနှစ်မှာ အစိုးရဟာ အတိုက်အခံနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်။ အများပြည်သူ စည်းကမ်းလျော့ပြီး မင်းမဲ့စရိုက်ကြောင့်ဆူပူမှုတွေဖြစ်နိုင်တယ်။ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အစိုးရက လိုက်လျောဖို့ အားနည်းမှုတွေ ရှိလာမယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်း မကောင်းတဲ့ နှစ်တစ်နှစ်ပဲ။ 
 
တိုင်းပြည်ရဲ့အုပ်ချုပ်သူအကြီးအကဲခေါင်းဆောင်အဆင့်ဒီနှစ်ထဲမှာ ကျန်းမာရေး ညံ့နေတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်းထူးခြားနိုင်တယ်။ကြီးမားတဲ့စစ်ပွဲကြီးတွေဆင်နွှဲဖို့ရှိတယ်။ ငြိမ်းချမ်းရေးရလုရခင်ဖြစ်ပြီး
ှ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်ခြေရှိတယ်။ 
 
နယ်စပ်ရေးရာမှာလည်းကြီးမားတဲ့ ပြဿနာတွေ ပေါ်နိုင်တယ်။ လူမျိုးရေးကိစ္စတွေလည်းသတိထားရမယ်။

စီးပွားရေး
တိုင်းပြည်စီးပွားရေးက ထင်သလောက်မျှော်မှန်း မရဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုတွေလည်း ရှိနိုင်တယ်။ တိုင်းပြည်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၂၀၁၃ ခုနှစ်မှာ ကြီးကြီးမားမားမျှော်လင့်သလောက် မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ကြီးမားတဲ့ ရေနံသဘာဝဓာတ်ငွေ့တွင်းသစ်တွေ ရှာဖွေရနိုင်တယ်။ ကမ္ဘာ့စံချိန် ချိုးမယ့်သူ၊ ထူးခြားတဲ့ ကျောက်မျက်ရတနာတွေလည်း တူးဖော်ရနိုင်တယ်။

ကျန်းမာရေး
ကျန်းမာရေးပိုင်းမှာတော့ ၀န်ကြီးဌာနအရာရှိကြီးတွေ အပြောင်းအလဲဖြစ်စဉ်တွေ ရှိတယ်။ အများပြည်သူ ရောဂါများနှင့် ပတ်သက်ပြီး စိုးရိမ်စရာတွေရှိတယ်။

ရာသီဥတု
ကြီးမားတဲ့ ငလျင်တွေ မဖြစ်ပေါ်သော်လည်း အင်အားနည်းတဲ့ ငလျင်လေးတွေတော့ ဖြစ်ပွားနိုင်တယ်။ ရာသီဥတုနဲ့ ပတ်သက်ပြီး ဇူလိုင်၊ သြဂုတ်မှာ ထူးခြားတဲ့ အခြေအနေတွေရှိတယ်။ ဧပြီ၊ မေ မှာ အပူချိန်ပြင်းထန်လာနိုင်တယ်။ မိုးခေါင်ရေရှားပြဿနာတွေ ဖြစ် မယ်။ မိုးဦးနောက်ကျပြီး မိုးလယ်၊ မိုးနှောင်းမှာ ပုံမှန်မိုးရွာသွန်းမယ်။ စိုက်ပျိုးရေးကဏ္ဍတွေ သတိထားဖို့ လိုတယ်။

သင်္ကြန်စာ
နိုင်ငံရေး

အုပ်ချုပ်သူနှင့်ပြည်သူတို့အကြားမကျေလည်မှုများ၊အနှောင့်အယှက်များကြုံတွေ့ရနိုင်တယ်။ဥပဒေကိစရပ်
များနှင့်ပတ်သက်၍လည်းလွှတ်တော်တွင်အငြင်းအခုံများပေါ်လိမ့်မယ်။တိုင်းသူပြည်သားတို့ ကိုယ်ကျင့်တ
ရားထိန်းရန်များစွာလိုအပ်တယ်။လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုမှာ ဝေဖန်မှုများလည်း
ပေါ်ပေါက်လိမ့်မယ်။

စီးပွားရေး
စီးပွားရေးနှင့်ပတ်သက်၍လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များမှာအထွက်တိုးပြီးဈေးကောင်းရမယ်။ အခွန်ဘ
ဏ္ဍာများလည်း အမြောက်အမြားရမယ်။

ရာသီဥတု
မိုးရာသီမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ တနင်္သာရီတိုင်း ဒေသကြီးတွေနဲ့ ကချင်၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာမိုးအလွန်ကောင်းမယ်။ရန်ကုန်၊ပဲခူးတိုင်းဒေသကြီးတို့မှာ မိုးများပြီး ရေလွှမ်းမိုးမှု
များရှိမယ်။
 
Rangonnewsdaily
RND:11.4.2013

0 comments:

Post a Comment