Pages

Wednesday, April 10, 2013

ပန်းဘဲတန်း မြို့နယ်NLD ပညာဒါနကျောင်းတွင် အဓမ္မကျူးလွန်သူဟု ယူဆရသူကို စွဲချက်တင်

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်NLDပညာဒါနကျောင်းတွင် ဖြစ်ပွားခဲ့သည့်အဓမ္မကျုးလွန်မှုတွင်
ကျူးလွန်သူဟု ယူဆရသူ ခင်မောင်ထူး (ခ) သားကြီးကို ပန်းဘဲတန်းမြို့နယ် တရားရုံး က ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၈ ရက်က စွဲချက်တင်ခဲ့ကြောင်း အဆိုပါတရားရုံးထံမှ သိရှိ ရသည်။
မှုခင်းဆရာဝန်၏ဆေးစစ်ချက်အရတရားခံဟုယူဆရသူမှာအဓမ္မကျူးလွန်မှု မမြောက်ခဲ့ကြောင်း ဆေးစာ
ထွက်ချက်ကို ကိုးကား၍ စွပ်စွဲခံရသူဘက်မှ လိုက်ပါ ကူညီသူများက ပြောကြားသည်။

ပုဒ်မ - ၃၇၆ သည် အဓမ္မကျူးလွန်မှု မမြောက်ခဲ့သော်လည်း ကျူးလွန်ရန် ကြံစည်ပါက အဆိုပါပုဒ်မဖြင့် စွဲချက်တင်နိုင်ပြီး ပြစ်မှုအခြေအနေပေါ် မူတည်၍ ငွေဒဏ်၊ ထောင်ဒဏ် ၁၀ နှစ်ထိ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ငွေဒဏ်၊ ငွေဒဏ် နှင့် ထောင်ဒဏ် တွဲ၍ဖြစ်စေ ချမှတ်နိုင်ကြောင်း အထက်တန်းရှေ့နေ ဦးသိန်းထွန်းက ပြောကြားသည်။ အဆိုပါအမှု စစ်ဆေးရာသို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့ လာရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်NLD ရုံးခန်းရှိ ပညာဒါနကျောင်း၌ ဇန်နဝါရီလ ၃ ရက်နေ့က ကျောင်းဆင်းချိန် မွန်းလွဲ ၃ နာရီခန့်တွင် အသက်၂၂ နှစ် အရွယ်ရှိ ယင်းပါတီဝင် ဦးခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်းက အဆိုပါကျောင်း တွင်ပညာသင်ကြားနေသည့် အသက် ၁၅ နှစ်အရွယ် ဒသမတန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ဘူးတွင် မူးမေ့ စေတတ်သည့် ဆေးတိုက်ကာ ယင်းစာသင်ခန်း ထဲတွင် အဓမ္မကျူးလွန်ခဲ့ကြောင်း တရားလိုဘက်မှ ပန်းဘဲတန်း ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။

အဆိုပါအမှုကို ယင်းမြို့နယ်တရားရုံး က ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီတွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုခဲ့သည်။
 
 
The Voice Weekly, Rangonnewsdaily
RND:10.4.2013 

0 comments:

Post a Comment