Pages

Wednesday, April 10, 2013

ဟာသ လူရွှင်တော် ဖိုးဖြူရဲ့ဟိုက်ပါပလပ် ဖောင်ဒေးရှင်း အခြေ အနေ


ဟာသ လူရွှင်တော် ဖိုးဖြူက အသည်းရောဂါ ခံစားရတဲ့ ဝေဒနာရှင် များအတွက် လက်ဆင့်တွဲကူ ပရဟိတ အလုပ်တစ်ခုကို လုပ်နေပါတယ်။ သူ့ရဲ့ဖောင်ဒေးရှင်း အမည် ကတော့ “ဟိုက်ပါပလပ်” ဖြစ်ပါတယ်။ ဟိုက်ပါပလပ် ဖောင်ဒေးရှင်း နဲ့ ပတ်သက်ပြီး ဖိုးဖြူက ကိုယ်တိုင် အသည်း ရောဂါ ခံစားဖူးကြောင်း၊ ကိုယ်ချင်းစာ တရား အနေ နဲ့ ဝေဒနာရှင် များကို လက်တွဲကာ ကုသပေးတာ ဖြစ်ကြောင်း ပြောပြ လာပါတယ်။
“အခု ဟိုက်ပါပလပ် ကတော့ အဓိက ကုသပေးတာက အသည်း ရောင် အသားဝါ ဘီပို၊ စီပိုး တွေ ကို ကုသ ပေးတာပါ။ အဓိကကတော့ ဆင်းရဲ နွမ်းပါးတဲ့ သူတွေ၊ ဘုန်းကြီး တွေ၊ မယ်သီလရှင် တွေကို နှုတ်ရည် အားဖြင့် လက်ရည်အားဖြင့် ကုသပေး ပါတယ်။

 နှုတ်ရည်ကတော့အားပေး စကားပါ။ လက်ရည်ကတော့ဆေး တွေက အစ ကူညီပေးပါတယ်။ ဒီရောဂါက အမှန်ဆိုရင် ဆေးထိုး ရတယ်လေ။ ကျွန်တော် ကိုယ်တိုင် မနှစ် က ဒီရောဂါကို ခံစားရတယ်။ ဒီ သောက်ဆေးတွေနဲ့ပဲ လုံးဝပျောက် သွားတယ်။ ၆လ ပဲသောက်ပြီး လုံးဝကို ပျောက်သွားတယ်။ ထိုးဆေးက သိန်းရာချီ ကုန် မှာလေ။ မကုတာ ထက်စာရင် ဆေးသောက်လိုက်ရင် အများကြီး ကောင်းမယ်။ ပိုးတွေသေ သွားမယ်။ ပိုးတွေ အရေအတွက် လျော့သွားမယ်။ 

ကိုယ်တိုင် ခံစားဖူး လို့ ကိုယ်ချင်းစာလို့ ဒီဖောင်ဒေးရှင်း ကိုဝါသနာ တူတဲ့သူတွေနဲ့ စုပြီးထောင် လိုက်တာပါ” လို့ ပြောပြခဲ့ပါတယ်။ ကိုယ်တိုင် ဒီရောဂါကို ခံစားဖူးတယ် ဆိုတော့ ဒီရောဂါကို ခံစား ရတဲ့ ဝေဒနာရှင်တွေကို ဘယ်လိုအကြံ ပေး စကားမျိုး ပြောချင်ပါသလဲလို့ မေး ကြည့်တော့ ဖိုးဖြူက “အသည်း ရောဂါ ဖြစ်ရင် စိတ်ဓာတ် မကျပါနဲ့။ စိတ် ဓာတ် ကျစရာ မလိုပါဘူး။ ကုသစရိတ် နည်းနည်း မြင့်တာပဲရှိမယ်။

 ဆေးထိုး မှ ပျောက်တာ မဟုတ်ပါဘူး။ ဆေး သောက်ရင် ပျောက်ပါပြီ။ အသည်း ရောဂါမှန်း သိရင်သိချင်း ကုသ လိုက် ရင် ဂရုစိုက်လိုက်ရင် ပျောက်သွား မှာပါ။ စိတ်ဓာတ် မကျကြပါနဲ့။ စိုးရိမ်စိတ်တွေပေါ့။ ငါ့မှာ ဒီရောဂါပိုးတွေ ရှိတယ်။ ငါမကုနိုင်တော့ဘူး။ ငါသေသွားမယ် ဆိုပြီး စိတ်အားမငယ်ပါနဲ့။ အသည်းလို့ သိရင် ကုလို့ရတယ်။ ကင်ဆာလို မဟုတ်ပါဘူး။ အချိန်တွေကို အလဟဿ မဖြစ်စေဘဲ အမြန်ဆုံး ကုသပါလို့ တိုက်တွန်း စကား ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 ဖောင်ဒေးရှင်း တစ်ခုမှာ အဓိက ကတော့ ရန်ပုံငွေ ပဲဖြစ်ပြီး၊ အခု လိုအပ်တာက ရန်ပုံငွေ၊ များနေတာက လူနာတွေ ဖြစ်နေကြောင်း ဖိုးဖြူ ကပြောပါတယ်။ အလှူရှင်တွေ လှူချင်ရင် ပဲဖြစ်ဖြစ်၊ ဝေဒနာရှင်တွေ ကုသချင် ရင်ပဲဖြစ်ဖြစ် ဆက်သွယ် ချင်ရင်တော့ ဖိုးဖြူ အမှတ် ၂၈၇/၁ ကျောင်းလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း၊ဖုန်း နံပါတ် ကတော့ ဝ၉-၅၁၈၃၉၁၇ ကို ဆက်သွယ်နိုင်ပါတယ်။

Popular Myanmar News,  Rangonnewsdaily
RND:10.4.2013

0 comments:

Post a Comment