Pages

Wednesday, April 10, 2013

သင်္ကြန်တွင်း နေလောင် အသားအရေ ကြေးချွတ်ခြင်း မပြုသင့်

သင်္ကြန်လည်ပြီးနောက် နေ လောင်ခြင်း၊အရေပြားရဲ၍ ယောင် ခြင်းများ ဖြစ်ချိန်တွင် အရေပြားscrub (ကြေးချွတ်ခြင်း) မပြုလုပ် သင့်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးအရေပြားအထူးကုဌာနမှ ဒေါက် တာလင်းထက် ပြောသည်။သင်္ကြန်လည်ပြီးပါက အရေ ပြား ထိန်းသိမ်းရန်အတွက် အရေ ပြား scrub ပြုလုပ်ကြကြောင်း၊ အရေပြား အလွန်ရဲပြီး ရောင်နေ ချိန်တွင် scrub ပြုလုပ်မိပါက ပို၍ ရောင်ခြင်း၊ အရေပြားအဖတ်လေးများ ပို၍လန်ခြင်း စသဖြင့်အခြေ အနေပိုဆိုးလာနိုင်ကြောင်း ၄င်းက ပြောသည်။”တချို့က မှားယွင်းပြီး အရေ ပြား ရဲတာရောင်တာတွေကို သွားပြီး scrub လုပ်ပြီးတော့ ပိုပြီးဆိုးလာတာ တွေကို ကြုံရတာတွေ့ရတယ်” ဟု ၄င်းက ဆိုသည်။

သင်္ကြန်တွင်း လည်သောအခါ ကြုံရသောနေဒဏ်၊ ရေဒဏ်နှင့် လေ ဒဏ်များကြောင့် အရေပြားယားယံ ခြင်း၊ရဲရောင်ခြင်း၊ အရေပြား အဖတ် လေးများလန်ခြင်းနှင့် နေလောင်ခြင်း တို့ ဖြစ်ပွားတတ်ကြောင်း ၄င်းက သတိပေးသည်။ ”သင်္ကြန်တွင်း လည်ထားတဲ့ ဒဏ်တွေကြောင့် အရေပြား ရဲရောင် တာ၊ နေလောင်တာတွေ ဖြစ်နေတဲ့ အချိန်မှာ scrub လုပ်ဖို့ကို စောင့် သင့်တယ်။ အရေပြားရဲရောင်၊ အ ဖတ်လန်တာတွေကိုအ ဆင်ပြေေ အာင် ထိန်းပြီးမှscrub လုပ်တာ ကောင်း တယ်” ဟု ၄င်းက အကြံပြုသည်။

မသန့်ရှင်းသော ရေများကြောင့် အရေပြားယားယံခြင်းများ ဖြစ်ပါက မကုတ်ဖဲ့ဘဲ ဆေးသောက်ထားသင့် ကြောင်း၊ ကုတ်ဖဲ့မိပါက ၄င်းနေရာ နှင့် မသန့်ရှင်းသော ရေများ ထပ်မံ ထိတွေ့မိပါက ပိုးမွှားများ ဝင်နိုင် ကြောင်း၊ မသန့်ရှင်းသောရေများ၊ မှိုပိုးများကြောင့် ယားယံခြင်း၊ အဖု အပိမ့်ထွက်ြ ခင်းများဖြစ်ပါက ပိုမဆိုး ခင် ဆရာဝန်နှင့် လာရောက်ပြသ သင့်သည်ဟု ဆိုသည်။ ေ
နရောင်လောင်ပါက မျက်နှာ နီရဲလာပြီး နေရောင်နှင့် ထိတွေ့ သောနေရာများပါ နီရဲ၍ စပ်ဖျဉ်း ဖျဉ်း ဖြစ်လာေ ကြာင်း၊ နေရောင် လောင်ခြင်း အလွန်များပါက နီရဲပြီး အရည်ကြည်ဖုလေးများ ထွက်လာ သည် အထိ ဖြစ်တတ်ကြောင်း၊ နီရဲ ရုံလောက်ဆိုပါက ရေခဲကပ်ထားပြီး သက်သာအောင် နေရောင်ရှောင် သင့်ကြောင်း၊ ၄င်းနှင့်မသက်သာပါ ကဆရာ ဝန်နှင့်ပြသင့်ကြောင်း အဆို ပါ အရေပြားအထူးပြုဆရာဝန်က ပြောသည်။

မြတ်စုငြိမ်း

0 comments:

Post a Comment