Pages

Wednesday, April 10, 2013

မိုဘိုင်းရေစိုခံအိတ် အချက်နှစ်ချက် အဓိကထား ဝယ်ယူသင့်

မိုဘိုင်းဖုန်းများ သင်္ကြန်ကာလ အတွင်း အသုံးပြုနိုင်ရန် ရေစိုခံအိတ် ဝယ်ယူကြရာ၌ အချက်နှစ်ချက်အား အဓိကထား၍ ရွေးချယ်ဝယ်ယူ သင့် ကြောင်း မိုဘိုင်းဖုန်းပြုပြင်သူများက ပြောသည်။ ရေစိုခံအိတ် ရွေးချယ်ရာတွင် အဓိကအနေဖြင့် အိတ်ဘေးပတ် လည်၌ လေမှုတ်၍ ထည့်သွင်းနိုင် မည့်အမျိုးအစားနှင့် နှစ်ထပ်ခေါက် ၍ ကပ်ခွာ အသုံးပြုအိတ်ပိတ်အမျိုး အစားများကိုသာ ရွေးချယ်သင့် ကြောင်း မိုဘိုင်းဖုန်းပြုပြင်ရေးများ က အကြံပြုသည်။ ”ဘေးကို လေမှုတ်သွင်းလို့မရ တဲ့တစ်ပြေးညီအိတ်ပါးတွေက ရေ ဝင်ဖို့ရာခိုင်နှုန်းများတယ်”ဟု မိုဘိုင်း ဖုန်းပြုပြင်ရေးဂရုပ်ပ် (Mobile Re- pairing Group) မှ ဆားဗစ်ကျွမ်း ကျင်သူတစ်ဦးက ပြောသည်။ထို့အပြင် တစ်ထပ်တည်းပိတ် သည့် ပုံစံရေစိုခံ အိတ်များတွင်လည်း ရေစိမ့်ဝင်နိုင်မှုများကြောင်း ထပ်လောင်း ပြောသည်။ လက်ရှိတွင် ပြည်တွင်းမို ဘိုင်းအပိုပစ္စည်းဈေးကွက်၌ တရုတ် နိုင်ငံထုတ်နှင့် ထိုင်းနိုင်ငံထုတ် ရေစို ခံအိတ်များဝင်ရောက်လျက် ရှိပြီး ဈေး နှုန်းအားဖြင့် ကျပ် ၆ဝဝ မှ ၃ဝဝဝ ကျပ်ကျော်ရှိကြောင်း ဈေးကွက်မှ သိရသည်။

ရေစိုခံအိတ်အသုံးပြုသူများ အ နေဖြင့် ဈေးနှုန်းအနည်း အများထက် အိတ်၏အရည်အသွေးကို ပိုမိုဂရု စိုက်သင့်ကြောင်း၊Apple တံဆိပ် အိုင်ဖုန်းများ အနေဖြင့် ၄င်းအတွက် သီးသန့်ထုတ်လုပ်ထား သည့် ရေစိုခံ အိတ်အားအသုံးပြုသင့်ကြောင်း ‘မိုဘိုင်းပါရဂူ’မိုဘိုင်းဖုန်းပြုပြင်ရေးမှ ဆားဗစ် ကျွမ်းကျင်ကိုကျော်ဖြိုးဝေ က အကြံပြုသည်။ 
သင်္ကြန်တွင်း အသုံးပြုရာ၌ မို ဘိုင်းဖုန်းအားရေစိုခံအိတ်မှ ပြင်ပသို့ ထုတ်၍ ပြောဆိုခြင်းအား ရှောင်ရှား သင့်ပြီး ရေဝင်ခြင်း၊ ရေငွေ့ ရိုက် ခြင်းမျာြး ဖစ်ခဲ့ပါက ဘတ်ထရီကို ဦး စွာ ဖြုတ်ထားသင့်သည်။ ဘတ်ထရီ ဖြုတ်မရသည့်ဖုန်းများဖြစ်ပါက ဖုန်းပါဝါပိတ်ထားသင့်ကြောင်း၊ 
ထို့အပြင် မိုဘိုင်း ဖုန်းပြုပြင်ရေးသို့မပို့မီ အချိန် အထိပါဝါမဖွင့်မိရန် အထူးလိုအပ် ကြောင်း မိုဘိုင်းဖုန်းပြုပြင်သူများက ပြောသည်။ ရေငွေ့ရိုက် မိုဘိုင်းဖုန်း များကို မူ ပြုပြင်ရန် လွယ်ကူသော် လည်း ဖုန်းအတွင်း ဆားကစ်ပြား ရှော့ခ်ဖြစ်ပါက ပြန်လည်ကောင်းမွန် ရန်ခက်ခဲကြောင်းဖုန်းပြုပြင်သူများ ထံမှသိရ သည်။

သုတလင်း

0 comments:

Post a Comment