Pages

Thursday, April 11, 2013

သေဒဏ်ပေးခြင်း အာရှ-ပစိဖိတ်ဒေသ မြန်မာအဆင့်ခုနစ်ချိတ်

Thursday, April 11, 2013

တရားစီရင်ရေးတွင် သေဒဏ်အပြစ် ပေးသော အာရှ-ပစိဖိတ် ဒေသတွင်း ၁၉ နိုင်ငံအနက် သေဒဏ်အပြစ်ပေးမှု အရေအတွက် အရ မြန်မာနိုင်ငံသည် အဆင့်ခုနစ် ချိတ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ထုတ်ပြန်သည်။ သေဒဏ်အပြစ်ပေးမှု အများဆုံး နိုင်ငံများဖြစ်သော ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပြီးပါက မြန်မာနိုင်ငံ သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ အနက် သေဒဏ်
အပြစ်ပေးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်ကြောင်း ယင်းအဖွဲ့က ရေးသားထားသည်။

ယင်း ၁၉ နိုင်ငံအနက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ထိုင်ဝမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့တွင် သေဒဏ်ကို လက်တွေ့စီရင်ခြင်း ရှိသော်လည်း မြန်မာ အပါအဝင် ကျန်အာရှ-ပစိ
ဖိတ်နိုင်ငံများ တွင်မူ သေဒဏ်ကို လက်တွေ့စီရင်ခြင်း မရှိကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကို လေးစားသော အားဖြင့် သေဒဏ်အပြစ်ပေးခြင်းကို ဖျက်သိမ်းပေးသင့်ကြောင်း ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အကြံ ပြုသည်။
"အပြစ်ပေးတယ်ဆိုတာ အမှားပြင်ဆင်ဖို့ပါ။ အမှားပြင်ဆင်နိုင်ဖို့ ပြန်လည် ပြုပြင်ပိုင်ခွင့် ပေးသင့်တယ်" ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သေဒဏ် အပြစ်ပေးသော အမှုပေါင်း ၁၇ မှုကျော် ရှိကြောင်း ယင်းအဖွဲ့၏ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံအသီးသီး၏ သေဒဏ်အပြစ်ပေးမှု အစီရင်ခံ စာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ တစ်ခုဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေ တွင် နိုင်ငံတော်ပုန်ကန်မှု၊ ဓားပြတိုက် လူသတ်မှုနှင့် လူသတ်မုဒိမ်းမှုများ ကဲ့သို့သော ပြစ်မှုကြီးများအရ သေဒဏ်အပြစ်ပေးရန် တရားသူကြီးက ဆုံးဖြတ်လေ့ရှိကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောကြား
သည်။

သေဒဏ်အပြစ်ပေးခြင်းသည်နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း၊ သေဒဏ်စီရင်ခြင်းကြောင့် ရာဇဝတ်မှုများ လျော့ကျသွားသော အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရှိရကြောင်း ယင်းအဖွဲ့က ထောက်ပြထားသည်။

The Voice Weekly , Rangonnewsdaily
RND:11.4.2013

0 comments:

Post a Comment