Pages

Thursday, April 11, 2013

ထိုင်းရောက်ရိုဟင်ဂျာတွေမြန်မာက ဟုတ်ရင် ပြန်ခေါ်မယ်လို့ဆို

ထိုင်းရောက်ရိုဟင်ဂျာတွေမြန်မာက ဟုတ်ရင် ပြန်ခေါ်မယ်လို့ဆို
Thursday, April 11, 2013

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၂၀၀၀ ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်ကလူတွေ ဟုတ်မဟုတ်ဆိုတာကို မြန်မာအစိုးရကစစ်ဆေးမှာဖြစ်ပြီး
ဟုတ်မှန်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်လက်ခံမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအားလုံးဟာ ရခိုင် ပြည်နယ်က
 ဖြစ်တယ် ဆိုတဲ့အပေါ် မြန်မာအစိုးရက သံသယ ရှိနေတာဖြစ်ပြီး အကယ်လို့ အဆိုပါ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာသူတွေ မှန်မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့  ပြန်လည် ခေါ်ယူ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀၀ ထဲမှာ ၅၀၀ လောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံအသင်းဝင်နိုင်ငံများ နိုင်ငံခြားရေး
ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမတိုင်ခင် မြန်မာနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ
 တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း မြန်မာနိုင်ငံကို
 ပြန်လာနိုင်အောင် ကူညီပေးဖို့ ဦးဝဏ္ဍမောင်လွင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းက လူတချို့ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်လိုကြပေ
မယ့် မြေမြုပ်မိုင်းရန်တွေ၊ ဘဝပြန်လည်ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စားရေး၊ သောက်ရေး အခက်အခဲ တွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြ
တယ်လို့လည်း ထိုင်းဝန်ကြီးက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်
သတင်းမှာ ဖော်ပြထားပါတယ်။

ABC Radio Australia

Thursday, April 11, 2013

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ရိုဟင်ဂျာအယောက်၂၀၀၀ဟာမြန်မာနိုင်ငံရခိုင်ပြည်ကလူတွေ ဟုတ်မဟုတ်
ဆိုတာကိုမြန်မာအစိုးရကစစ်ဆေးမှာဖြစ်ပြီးဟုတ်မှန်တယ်ဆိုရင်မြန်မာနိုင်ငံမှာပြန်လက်ခံမယ်လို့ သိရပါ
တယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအားလုံးဟာ ရခိုင် ပြည်နယ်က ဖြစ်တယ် ဆိုတဲ့အပေါ် မြန်မာ
အစိုးရက သံသယ ရှိနေတာဖြစ်ပြီး အကယ်လို့ အဆိုပါ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာသူတွေ မှန်မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ပြန်လည် ခေါ်ယူ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။


ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀၀ ထဲမှာ ၅၀၀ လောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။


ဘရူနိုင်းနိုင်ငံမှာကျင်းပမဲ့အာဆီယံအသင်းဝင်နိုင်ငံများနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမတိုင်ခင် မြန်
မာနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


ဒီတွေ့ဆုံမှုအတွင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်းမြန်မာနိုင်ငံကိုပြန်လာနိုင်အောင်ကူညီပေးဖို့ ဦးဝဏ္ဍမောင်လွင်ကို ပြောခဲ့
တယ်လို့ သိရပါတယ်။


ဒုက္ခသည်စခန်းက လူတချို့ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်လိုကြပေ မယ့် မြေမြုပ်မိုင်းရန်တွေ၊ ဘဝပြန်လည်ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စားရေး၊ သောက်ရေး အခက်အခဲ တွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြ တယ်လို့လည်း ထိုင်းဝန်ကြီးက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ABC Radio Australia

Rangonnewsdaily
RND:11.4.2013

0 comments:

Post a Comment