Pages

Friday, November 29, 2013

လက်ပံတောင်းတောင်ဖြိုခွင်းမှုတစ်နှစ်ပြည့် တရုတ်အလံမီးရှို့ဆန္ဒပြ

RangonNewsDaily:: November . 29 .2013
လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်ဆန္ဒဖော်ထုတ်မှုကို နိုဝင်ဘာ ၂၉

ရက် နေလယ် ၂နာရီ မိနစ် ၃၀တွင် မြို့တော်ခန်းမမှ တရုတ်သံရုံးသို့ချီတက်ဆန္ဒပြရာ ပြည်ထောင်စုရိပ်
သာလမ်းနှင့် ဗဟိုလမ်းအရောက်တွင် နိုင်ငံတော်သီချင်းသီဆိုကာ တရုတ်အလံကို မီးရှို့ဆန္ဒပြကြောင်း People Power သတင်းထောက် ကြည်ပြာကပေးပို့သည်။
တရုတ်သံရုံးသို့သွားရာလမ်းတွင် ရဲအင်အား ၃၀ကျော်ဖြင့်ပိတ်ဆို့ပြီး သွားခွင့်မပေးသောကြောင့် အဆို
ပါနေရာ တွင် တရုတ်အလံကို မီးရှို့ကာဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒပြချီတက်ရာတွင် ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များရှိ ရဲစခန်းမှတာဝန်ရှိသူများက ဆန္ဒြ
ပခွင့်ပြုချက်ရယူခြင်းမရှိပါက အရေးယူမည်ဟုပြောကြားချက်ကို လက်ပံတောင်းအရေးလှုပ်ရှားသူ

 ဒေါ်နော်အုံးလှက ဆန္ဒပြခွင့်ပြုချက်မယူထားကြောင်း အရေးယူပါကလည်း ဆက်လက်ဆန္ဒပြ
မည်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်အရေးဆောင်ရွက်သူ ရဲများအလိုမရှိ၊ ၀မ်ပေါင်ကုမ္ပဏီ တို့နိုင်ငံကထွက်သွား၊ ပုဒ်မ-၁၈ပယ်ဖျက်ပေး၊ ဖမ်းဆီးထားသူအမြန်လွှတ်ပေး၊ လက်ပံတောင်းကြေးနီစီမံကိန်းလုံးဝဖျက်သိမ်း၊ သံဃာတော်များကို မီးရှို့သူ တရားခံကိုဖောတ်ထုတ်ဖမ်းဆီးအရေးယူပေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment