Pages

Friday, November 29, 2013

ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်ပါမည်

Photo: ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်ပါမည်
Friday, November 29, 2013

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ကြော်ငြာတခုက စိတ်ဝင်စား စရာပါ။ 
ခေါင်းစဉ်က ဆင်းရဲသား လျော့နည်းရေး တဲ့။ မြန်မာနိုင်ငံမှာ ဆင်းရဲသား ရာခိုင်နှုန်း အရမ်းများတာ တိုင်း သိ၊ ပြည်သိ၊ ကမ္ဘာသိပါဘဲ။ 

သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမှု ပပျောက်ရေး မဟာစီမံကိန်းကြီးထက် လက်တွေ့ကျတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော်သူတဦးက ဒီအကွက်ကို သိလို့ အခုလို သတင်းစာမှာ ကြော်ညာ ထည့်တာဖြစ်နိုင်ပါ တယ်။ 

သူ့ကြော်ညာက "အဆင်းရဲဆုံးနဲ့ ပညာအနည်းဆုံး အောက်ခြေလူတန်းစာများ စာဝတ်နေရေး ပြေလည်စေ ရန် ရန်ကုန်မြို့ပေါ် တက်၍ ဆိုက္ကား နင်းရန် ဖိတ်ခေါ်ပါသည်"တဲ့။ 

အဲ သူက ဆက်ပြောထားတာက "ဆိုက္ကားနဲ့ နေရေး"ကိုလည်း စီစဉ်ပေးပါအုံးမယ်တဲ့။ အသေးစိပ် သိချင် ရင်တော့ သူ့ ဖုန်းနံပတ် ကို ဆက်သွယ်ဖို့ ဖုန်းနံပတ် ပေးထားပါတယ်။ 

တချိန်က နဂါးနီ သီးချင်း အတိုင်း သူကတော့ ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်တာပေါ့။ ဒါပေမယ့် တကယ် ဆင်းရဲသားတွေက သူ့ ဆီကို ဖုန်းဆက်ဖို့ ဖုန်းကလည်း မဲမပေါက်၊ ပေါက်တဲ့လူရဲ့ တယ်လီဖုန်းလေး ခဏ ငှားသုံးပြီး သူနဲ့ ဆက် သွယ်လိုက်ရင်တော့ ရန်ကုန်တက်ပြီး ဆိုက္ကား နင်းကာ ဆင်းရဲတွင်းက လွတ်မယ့် မျှော်လင့်ချက်လေးက အားကောင်း လာလေမလားဘဲ။ 


အိမ့်သံစဉ် 
ဧရာဝတီ

RangonNewsDaily:: November . 29 .2013
ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ကြော်ငြာတခုက စိတ်ဝင်စား စရာပါ။
ခေါင်းစဉ်က ဆင်းရဲသား လျော့နည်းရေး တဲ့။ မြန်မာနိုင်ငံမှာ ဆင်းရဲသား ရာခိုင်နှုန်း အရမ်းများတာ တိုင်း သိ၊ ပြည်သိ၊ ကမ္ဘာသိပါဘဲ။ သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမှု ပပျောက်ရေး မဟာစီမံကိန်းကြီးထက် လက်တွေ့ကျတဲ့ စီမံကိန်းတခုကို အ
ကောင်အထည်ဖော်သူတဦးက ဒီအကွက်ကို သိလို့ အခုလို သတင်းစာမှာ ကြော်ညာ ထည့်တာဖြစ်နိုင်ပါ တယ်။

သူ့ကြော်ညာက "အဆင်းရဲဆုံးနဲ့ ပညာအနည်းဆုံး အောက်ခြေလူတန်းစာများ စာဝတ်နေရေး ပြေလည်စေ ရန် ရန်ကုန်မြို့ပေါ် တက်၍ ဆိုက္ကား နင်းရန် ဖိတ်ခေါ်ပါသည်"တဲ့။

အဲ သူက ဆက်ပြောထားတာက "ဆိုက္ကားနဲ့ နေရေး"ကိုလည်း စီစဉ်ပေးပါအုံးမယ်တဲ့။ အသေးစိပ် သိချင် ရင်
တော့ သူ့ ဖုန်းနံပတ် ကို ဆက်သွယ်ဖို့ ဖုန်းနံပတ် ပေးထားပါတယ်။

တချိန်က နဂါးနီ သီးချင်း အတိုင်း သူကတော့ ဆင်းရဲခြင်း လွတ်ကင်းအောင် ဆိုက္ကား ထောင်တာပေါ့။ ဒါပေ
မယ့်တကယ်ဆင်းရဲသားတွေက သူ့ ဆီကို ဖုန်းဆက်ဖို့ ဖုန်းကလည်း မဲမပေါက်၊ ပေါက်တဲ့လူရဲ့ တယ်လီဖုန်း
လေး ခဏ ငှားသုံးပြီးသူနဲ့ ဆက်သွယ်လိုက်ရင်တော့ရန်ကုန်တက်ပြီး ဆိုက္ကား နင်းကာ ဆင်းရဲတွင်းက လွတ်
မယ့် မျှော်လင့်ချက်လေးက အားကောင်း လာလေမလားဘဲ။


ဧရာဝတီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment