Pages

Friday, November 29, 2013

အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁စီချမှတ်

Photo: အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို 
ထောင်ဒဏ် ၁၁စီချမှတ်
Friday, November 29, 2013

အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှ အဖမ်းခံခဲ့ရသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်က 
ချမှတ်ခဲ့သော စီရင်ချက်သည် ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကို တင်းကျပ်စွာ ကိုင်တွယ်သည့် ဥပဒေသစ်ကို စတင်အကောင်အထည် ဖော်လိုက်ခြင်းပင် ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသော အမျိုးသမီးများသည် ရာထူးမှ ဖြုတ်ချခံခဲ့ရသော သမ္မတမဟာမတ်မောစီကို 
ထောက်ခံ သူများဖြစ်သည်။ သူတို့သည် အစိုးရဆန့်ကျင်ရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေရာမှ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ 
ယခု ၂၁ဦးထဲတွင် ဥပဒေအရ အရွယ်မရောက်သေးသူ မိန်းကလေး 
ခုနှစ်ဦး ရမန်ပေးခဲ့သည်။ အငယ်ဆုံး မိန်းကလေးမှာ အသက် ၁၅နှစ်ဖြစ်သည်။

တစ်ဘက်တွင်လည်းမွတ်စလင်ဘရားသားဟုဒ်မှ ခေါင်းဆောင် 
ခြောက်ဦးကိုလည်း အကြမ်းဖက်အဖွဲ့အစည်းဝင်များ အဖြစ်သတ်မှတ်ကာ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်။ 

နိုဝင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယာယီဝန်ကြီးချုပ် ဟာဇမ်အီလ်ဘက်ဘာဝီက ပြည်သူများသည် ချီတတ်ကန့်ကွက်ပွဲများမပြုလုပ်မီ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းခံရမည်ဟု ဆိုသည်။ ၀န်ကြီးများအဖွဲ့က အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသော ရဲတပ်ဖွဲ့ကို အထောက်အကူပေးသည့်အနေဖြင့် ယခုဥပဒေသစ်ကို 
အပြည့်အ၀ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု 
ပြောကြားခဲ့သည်။ 

Ref: Al jazeera
The Myanma Age

RangonNewsDaily:: November . 29 .2013
အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှအဖမ်းခံခဲ့ရသောအမျိုးသမီး ၂၁ဦးကို ထောင်
ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်ကချမှတ်ခဲ့သော စီရင်ချက်သည်
ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကိုတင်းကျပ်စွာကိုင်တွယ်သည့် ဥပဒေသစ်ကိုစတင်အကောင်အထည်
 ဖော်လိုက်ခြင်းပင် ဖြစ်သည်။ ထောင်ဒဏ်ချမှတ်ခံခဲ့ရသော အမျိုးသမီးများသည် ရာထူးမှ ဖြုတ်ချခံခဲ့ရသော သမ္မတမဟာမတ်မောစီကို
ထောက်ခံ သူများဖြစ်သည်။ သူတို့သည် အစိုးရဆန့်ကျင်ရေး လက်ကမ်းစာဆောင်များ ဖြန့်ဝေရာမှ အဖမ်း
ခံခဲ့ရခြင်း ဖြစ်သည်။ 

ယခု ၂၁ဦးထဲတွင် ဥပဒေအရ အရွယ်မရောက်သေးသူ မိန်းကလေး ခုနှစ်ဦး ရမန်ပေးခဲ့သည်။ အငယ်ဆုံး
မိန်းကလေးမှာ အသက် ၁၅နှစ်ဖြစ်သည်။

တစ်ဘက်တွင်လည်းမွတ်စလင်ဘရားသားဟုဒ်မှ ခေါင်းဆောင် ခြောက်ဦးကိုလည်း အကြမ်းဖက်အဖွဲ့အ
စည်းဝင်များ အဖြစ်သတ်မှတ်ကာ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်။

နိုဝင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယာယီဝန်ကြီးချုပ် ဟာဇမ်အီလ်ဘက်ဘာဝီ
က ပြည်သူများသည် ချီတတ်ကန့်ကွက်ပွဲများမပြုလုပ်မီ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းခံရမည်ဟုဆိုသည်။ 
 
ဝန်ကြီးများအဖွဲ့ကအကြမ်းဖက်မှုများနှင့်ရင်ဆိုင်နေရသောရဲတပ်ဖွဲ့ကိုအထောက်အကူပေးသည့်အနေဖြင့်
ယခုဥပဒေသစ်ကို အပြည့်အ၀ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref: Al jazeera
The Myanma Age ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment