Pages

Friday, November 29, 2013

" ရိုင်းပျမှုကြောင့် ဘီယွန်းစေးအား အီဂျစ်ပိရမစ်များဆီသို့ လည်ပတ်ခွင့်ပိတ်ပင် "

Photo: " ရိုင်းပျမှုကြောင့် ဘီယွန်းစေးအား အီဂျစ်ပိရမစ်များဆီသို့ လည်ပတ်ခွင့်ပိတ်ပင် "
Friday, November 29, 2013

အမေရိကန်အဆိုတော် ဘီယွန်းစေးအား ရိုင်းပျမှုကြောင့် အီဂျစ်နိုင်ငံရှိ ပိရမစ်များရှိရာသို့လည်ပတ်ခွင့်တားမြစ် ပိတ်ပင်ခဲ့ကြောင်း အီဂျစ်ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေးဝန်ကြီးဟောင်းဇာဟီဟားဝတ်စ်က Egypt Independent သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းကို ပိရမစ်များရှိရာသို့ သွားရောက်လည်ပတ်ခွင့်အား မကြာသေးမီကပေးခဲ့ကြောင်း သို့ရာတွင် ၎င်းသည် အချိန်တိကျမှန်ကန်မှုမရှိဘဲ နောက်ကျသဖြင့် အခက်ကြုံရကြောင်း အဆိုပါဝန်ကြီး ဟောင်းက ဆိုသည်။

''ပိရမစ်ကြီးတွေကို လေ့လာလည်ပတ်ချင်လို့ သွားတဲ့ခရီးသွားတွေက ဖော်ရွေကြတယ်။ ကျွန်တော်တို့တွေသွားရင်း လာရင်းနဲ့ ခင်မင်သွားကြတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးကကျတော့ သူ ညနေ ၃ နာရီရောက်မယ်လို့ပြောသွား ပြီး နောက်ကျတယ်။ ကျွန်တော်က သူ့ကို တောင်းပန်ဖို့ပြောပေမယ့် ဘာတစ်လုံး မှမပြောဘူး''ဟု ၎င်းကဆိုသည်။

၎င်းသည် ခက်ထန်ကြမ်းတမ်းသော သဘောထားရှိပြီး ရန်ငြိုးဖွဲ့တတ်သည့်သမိုင်းရှိကြောင်း၊ ယခင်ကလည်း အီဂျစ်အရေးကျွမ်းကျင်သူ ဂျုံးဖလက်ချာ အား ဘုရင်မနီဟတီတီမံမီရုပ်တုအား ရှာဖွေတွေ့ရှိခြင်းကို ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးဆိုင်ရာ တရားရုံးချုပ် သို့ တင်ပြခြင်းမရှိဘဲ Discovery Channel ၌ ပြသခဲ့သည်ဟု စွပ်စွဲ၍ အဆိုပါ ပိရမစ်ဒေသများတွင် အလုပ် ပိတ်ပင်ခဲ့ကြောင်း အဆိုပါသတင်းဌာန က ဖော်ပြသည်။ ဟားဝတ်စ်အား အကျင့်ပျက် ခြစားမှုဖြင့် ဇန်နဝါရီ ၂၅တော်လှန် ရေးမတိုင်မီ ရာထူးမှဖယ်ရှားခဲ့ကြောင်း သိရသည်။ 

Ref:UPI
Popular Myanmar News Journal

RangonNewsDaily:: November . 29 .2013

Popular Myanmar  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment