Pages

Friday, November 29, 2013

ကြက်ခြေနီအသင်းအမှတ်အသားသက်ဆိုင်သည့် တပ်ဖွဲ့မှလွဲ၍မည်သူမှအသုံးမပြုရန်ထုတ်ပြန်

RangonNewsDaily:: November . 29 .2013
မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှတ်အသားကို ကြက်ခြေနီ အသင်းများနှင့် တပ်မတော်ဆေး တပ်ဖွဲ့မှလွဲ၍ မည်သူမှအသုံးမပြု ရန် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသည် ဂျီနီဗာအများ သဘောတူစာချုပ်များ လက်မှတ် ရေးထိုးထားသောအဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီပထမဂျီနီဗာသဘော တူညီစာချုပ် (၁၉၄၉)Article-53အရ ကြက်ခြေနီအမှတ်အသား (အနီရောင်ကြက်ခြေခတ်အမှတ် အသားနှင့်အနီရောင်လခြမ်းအမှတ် အသား)ကို အပြည်ပြည်ဆိုင်ရာ

ကြက်ခြေနီကော်မတီ(ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေး ရှင်း(IFRC)၊ အမျိုးသားကြက်ခြေ နီအသင်းများနှင့်တပ်မတော်ဆေး တပ်ဖွဲ့များသာလျှင် အသုံးပြုခွင့်ရှိ ကြောင်းသိရသည်။

ကြက်ခြေနီအမှတ်အသားကို လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့အစည်းအနေဖြင့် သော်လည်းကောင်း၊ ဆေးရုံ အဆောက်အအုံ၊ သွားဘက်ဆိုင်ရာ ဆေးကုသခန်း၊ တိုင်းရင်းဆေး ကုသခန်း၊ သမဝါယမဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန၊ကျေးရွာ ဆေးပေးခန်း၊ လူမှုရေး အသင်း အဖွဲ့များ၊ အခမဲ့လူမှုကူညီရေး ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ၊ကြက်ခြေနီနှင့်မသက် ဆိုင်သောယာဉ်များ (လူနာတင် ယာဉ်အပါအဝင်)ကူးသန်းရောင်း ဝယ်ခြင်းလုပ်ငန်း
များလုပ်ငန်းဌာန များ၊ ကုမ္ပဏီ အစရှိသောပုဂ္ဂလိက (သို့မဟုတ်) အများပြည်သူပိုင် တို့တွင် အသုံးပြုခွင့်ကန့်သတ် ထားသည်။

ကြက်ခြေနီအမှတ်အသား များကို အခွင့်မရှိသူများကသုံးစွဲ ခြင်း၊ လွဲမှားစွာ အသုံးပြုခြင်းနှင့် ဆင်တူယိုးမှားအသုံးပြုမှုများသည် သဘာဝဘေးဒုက္ခများ၊ စစ်ပွဲများ၊ မငြိမ်မသက်မှုအခြေအနေများတွင် ကြက်ခြေနီအသင်း၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် အမှတ်အသား၏ တန်ဖိုးတို့ကို ထိခိုက်
လာနိုင်သကဲ့ သို့ ကြက်ခြေနီဝန်ထမ်းများ၊ စေတနာလုပ်အားရှင်များ၏ လုံခြုံ ရေးနှင့်အကာအကွယ်ပေးနိုင်စွမ်း ကို ပြင်းထန်စွာထိခိုက်နိုင်ကြောင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆက်လက်ပြောဆိုသည်။

အာကာ
The Union Daily  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment