Pages

Friday, November 29, 2013

မြဝတီမြို့တွင် စားသောက်ဆိုင်အတွင်း နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ဝင်ပစ်

RangonNewsDaily:: November . 29 .2013
စား သောက်ဆိုင်အတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် လူတစ်ဦးအပြင်းအထန် သေနတ်ဒဏ်ရာရရှိခဲ့သည့်

ဖြစ်ရပ်တစ်ခု ယနေ့နေ့လယ်ပိုင်း က ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ် သည့် မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ့နေ့လယ် ၁၂နာရီခန့်ကကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့အထွက်လမ်း တွင်တည်
ရှိသည့် မြဝတီဂေါက် ကွင်းစားသောက်ဆိုင်၌ ယင်းမြို့ ရှိ ကသစ်သောက်ရေသန့်မှ ဦး မျိုးအောင်ဆိုသူကို အ
မည်မသိ သူတစ်ဦး က ပစ္စတိုသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
''အပစ်ခံရတာက ကသစ် သောက်ရေသန့်က မျိုးအောင်ဆို သူပါ။ သူက ဆိုင်ကယ်ပို့တဲ့လုပ် ငန်းတွေလဲလုပ်
တယ်။ဝင်ပစ်တော့ထွက်ပြေးပေမယ့်ထိသွားတယ် လို့သိရတယ်''ဟု မြဝတီမြို့ခံကုန် သည်တစ်ဦးက ယနေ့ 
ညနေ ၅ နာရီခန့်တွင် ပြော သည်။

 သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကို လက်ရှိတွင် မြဝတီမြို့ဆေးရုံ၌ အရေးပေါ်လူနာအဖြစ် ကုသနေ ပြီး သေ
နတ်ဖြင့် ပစ်ခတ်သွားသူ ကို ဖမ်းမိခြင်းမရှိသေးကြောင်း မြဝတီဒေသခံ ကုန်သည်အသိုင်း အဝိုင်းမှ သိရ
သည်။

ယနေ့ ဖြစ်ပွား ခဲ့သည့် သေ နတ်ဖြင့် ဝင်ရောက်တိုက်ခိုက်မှု ကို မြဝတီမြို့နယ် ရဲစခန်းကိုဆက် သွယ်စုံစမ်း

ခဲ့သော်လည်း အသေး စိတ်ကို မသိရှိရသေးကြောင်း၊ လက်ရှိအချိန်အထိ စုံစမ်းမှုပြုလုပ် နေဆဲဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြန်လည် ပြောသည်။

မြဝတီ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ''လိုက်နေတုန်းပါ။ အသေးစိတ် မပြောနိုင်သေးပါဘူး'' ဟု ယနေ့ ည

နေ၄နာရီခန့်က ပြော သည်။ ဒေသတွင်းသတင်းများ၏ ထုတ်ပြန်မှုများအရ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး
သူကို ဖမ်းဆီး နိုင်ရန် အခက် အခဲရှိနေကြောင်း ပြောကြားထားပြီး ယင်းမြို့သည် မကြာခဏ သေနတ်ပစ်
ခတ်မှုများ ရှိကြောင်း ဖော်ပြထားသည်။

မြဝတီမြို့သည်ကရင်ပြည်နယ်နှင့်ထိုင်းနိုင်ငံ မဲဆောက်မြို့ တို့၏နယ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း
များ၊ ဒေသစုံမှ လူမျိုးစုံများ လာရောက်စီးပွားရှာ ဖွေသည့် မြို့နယ်တစ်ခုလည်းဖြစ် ကြောင်း သိရသည်။

ကျော်ဇေယျ
Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment