Pages

Friday, November 29, 2013

" အွန်လိုင်းပေါ်ကသီချင်းများနှင့် သူတို့ရဲ့အမြင် "

Photo: " အွန်လိုင်းပေါ်ကသီချင်းများနှင့် သူတို့ရဲ့အမြင် "
Friday, November 29, 2013

ခေတ်ကာလ၏ လှုပ်ရှားမှုအရ ဖြစ်တည်ပေါ်ပေါက်လာခဲ့သော အင်တာနက်ဝက်ဘ်ဆိုက်များကို ပိုမို အသုံးပြုလာကာ တက်သစ်စ အဆိုတော်များ အနေဖြင့် မိမိတို့၏ သီချင်းများကို ပရိသတ်နားထောင်နိုင်စေရန် Download Link များ တင်တတ်ကြသလို ပရိသတ်အသိအမှတ်ပြုနာမည်ရ အဆိုတော် များအနေဖြင့်လည်း အခွေတစ်ခွေ ထွက်လာလျှင် မိမိသီချင်းကို ကြော်ငြာသောအားဖြင့် သီချင်းအပိုင်းအစလေးများအား အမြည်းအနေဖြင့် တင်ပေးတတ်ကြသည်များလည်းရှိသည်။ မည်သို့ပင်ဆိုစေ တိုး တက်လာသော ခေတ်ကာလကြီး ၌ နည်းပညာကို အသုံး ပြု၍ အလုပ်လုပ်နေကြသောအနုပညာရှင်များအနေဖြင့် နည်းပညာ၏ ကောင်းကျိုး၊ဆိုးကျိုး၊အကျိုးသက်ရောက်မှု အတိုင်းအတာများကို နာမည်ရအဆိုတော်များဖြစ်သည့် နိုင်းဝမ်း၊လွှမ်းပိုင်၊ ဘန်နီဖြိုး၊နန်းသူဇာတို့က ယခုလိုရှင်းလင်းပြောပြခဲ့သည်။

ပရိသတ်တွေကြားထဲ ပိုပျံ့နှံ့တဲ့ အရာတစ်ခုလို့ပဲ မြင်ပါတယ်…

► ဘန်နီဖြိုး

“ကိုယ်က ကောင်းတဲ့ နည်းလမ်းနဲ့ အသုံးချရင် ကိုယ့် အတွက် ကောင်းကျိုးဖြစ်ပြီး တော့ တစ်ခါတလေကျရင် လည်း ဆိုးကျိုးဖြစ်သွားနိုင် တာ တွေရှိတယ်။ဒီတော့ ကိုယ်လုပ် တဲ့အရာပေါ်မှာပဲ မူတည်တယ် လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက် Official အခွေချည်းပဲ ထွက် နေ၊ ထွက်နေ သီချင်းတွေက နောက်ဆုံး ကျရင်တော့ Down-load Link တွေနဲ့ အွန်လိုင်း ပေါ်ရောက်သွားကြတာပဲ။ ကျွန်တော်တို့က အဲဒါကို အကျိုးစီးပွားထက် ကိုယ့် သီချင်း ပရိသတ်တွေကြားထဲ ပိုပျံ့နှံ့တဲ့ အရာတစ်ခုလို့ပဲ မြင်ပါတယ်။ ကိုယ်က အခွေရောင်းစားနေ တာမှမဟုတ်တာ။ ကျွန်တော် တို့က သီချင်းဆိုဖို့အတွက်ပဲ လုပ်နေတာလေ။ အခုဆိုMyanmar Music Store ကနေ လုပ်တဲ့ System မျိုးဆို ဘာပဲဖြစ်ဖြစ် တော်တော်ကို အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လူကြီးတွေမှာလည်းအခက်အခဲတွေ ရှိသလို ကျွန် တော်တို့မှာ လည်း အခက် အခဲ တွေရှိတယ်။ တစ်ခါတလေ ကျရင်လည်း ကမောက်ကမ ဖြစ်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အဲဒီ System ကအခုမှစလုပ် တာဖြစ်တဲ့အတွက် တအား ကို ကောင်းတဲ့ System မျိုးပါ။ နောက်ပိုင်းဆိုရင်လည်း ဝက်ဘ် ဆိုက်တွေကနေ ရောင်းတဲ့ သီချင်းတွေ၊ ကိုယ်ပိုင် Sample တွေနဲ့ ရောင်းတဲ့ဟာမျိုးတွေ ရှိလာမယ်လို့ ထင်ပါတယ်။ “

ဖေ့စ်ဘုတ်က လူတော်တော်များများ အကုန်လုံး သုံးနေ ကြတာ …
► လွှမ်းပိုင်

“ကျွန်တော့်အမြင်ပြော ရရင် နည်းပညာက social network ပိုင်းမှာ အကောင်း ဘက်ကို ပိုသွားတယ်လို့ ကျွန် တော်က မြင်ပါတယ်။ အဆိုတော် အသစ်တစ်ယောက် အနေနဲ့ ဆိုရင် သူ့မှာ တအားကောင်း တဲ့ သီချင်းရှိထားတယ်။ ဒါပေမဲ့ သူ့ မှာ အသိုင်းအဝိုင်း မရှိဘူး။ ပိုက်ဆံမရှိဘူး။ အဲဒါမျိုးဆိုရင် ဖေ့စ်ဘုတ်က သီချင်းshare တဲ့ ဝက်ဘ် ဆိုက်တွေမှာ Link လေးတင်လိုက်ရင် သူ့ သီချင်း ကို လူတွေနားထောင်မယ်။ ကျွန်တော်ကတော့ အကောင်း ဘက်က ပိုသွားမယ်လို့ပဲ မြင်ပါ တယ်။ ဖေ့စ်ဘုတ်က လူတော် တော်များများအကုန်လုံး သုံးနေ ကြတာဖြစ်တဲ့အတွက် တချို့က အကောင့်အတုတွေလုပ် တယ်။ အကောင့်အသစ်တွေ လျှောက် လုပ်ပြီးတော့ ဝင်ဆဲတာတို့ အဲဒီ လို မျိုးတွေတော့ ရှိတယ်။ အကောင်းနဲ့ အဆိုးက အမြဲ တမ်းရှိတယ်။ “

ရောင်းလိုက် လည်း ဒီသီချင်းက အွန်လိုင်း တက်မှာပဲလေ…

► နိုင်းဝမ်း


“ကောင်းတဲ့သီချင်းတွေဆို အွန်လိုင်းရောက်သွားတာ နှမြော ဖို့ ကောင်းတာပေါ့။ အွန်လိုင်း တင်တာကတော့ ကိုယ်လုပ်တဲ့ သီချင်း၊ ကိုယ်ပစ်တဲ့Target က အဓိကပါ။ ဥပမာ-အခွေ ထုတ်မလား၊ အခွေထုတ်ပြီး သီချင်းကို ရောင်းစားပြီးတော့ တကယ် Official အထိသွား မှာလား။ ဒါမှမဟုတ် ပရိသတ်ကို အလကားပေးလိုက်မှာလား နှစ် မျိုးတော့ တွေးရမှာပေါ့။ ရောင်းလိုက် လည်း ဒီသီချင်းက အွန်လိုင်း တက်မှာပဲလေ။ ကျွန်တော်တို့ အခွေ ဒီနေ့ ထွက်မယ်ဆို ဒီနေ့ည အဲဒီသီချင်း အွန်လိုင်းမှာရနေပြီ။ အဲဒီ တော့ ကိုယ်ပစ်တဲ့ Target ပေါ့။ အနုပညာကြေး ယူပြီး သီချင်း ကို ရောင်းမလား၊ ဒါမှမဟုတ် ပရိသတ်ကို အလကားပေး မလား။ ဒါကတော့ ကိုယ့် သမိုင်းပါပဲ။ကိုယ် က အခွေ ထွက် ချင်တယ်ဆိုရင်တော့ အခွေ တစ်ခွေစာ ဥထားလိုက်ပေါ့။ ဒါမှမဟုတ် Underground Sample ဝေချင်တယ်ဆိုရင် တော့ အွန်လိုင်းတင်လိုက်ရုံပဲ ပေါ့”

နန်းသူဇာတို့ဆိုရင်လည်း အခွေ မထွက် ခင်ကတည်းက အွန်လိုင်းတင်ဖြစ်ပါတယ်။ သီချင်းကို တစ်ပိုင်း၊ တစ်ပိုင်းစီဖြတ် ပြီးတော့ တင်တာမျိုး

► နန်းသူဇာ-

“အွန်လိုင်းက နာမည်ကြီး အနု ပညာရှင်၊ အဆိုတော်တစ်ယောက် အနေနဲ့ဆိုရင်တော့ သီချင်းတွေလုပ်သမျှကိုမတင်ကြဘူးလေ။ အသစ်တွေ ဆိုရင်တော့ ပိုကောင်းတာေ ပါ့။ နန်းသူဇာတို့ဆိုရင်လည်း အခွေမထွက်ခင် ကတည်းက အွန်လိုင်းတင်ဖြစ်ပါတယ်။ သီချင်းကို တစ်ပိုင်း၊ တစ်ပိုင်းစီဖြတ် ပြီးတော့တင်တာမျိုး၊ ကိုယ့်သီချင်းကို Promote လုပ်တာပေါ့နော်။ ကိုယ် ကလည်းအသစ်ဆိုတော့လေ။ နောက်ပြီးတော့သူများဝက်ဘ်ဆိုက်မှာ တင် လို့ရှိရင်လည်း ဘယ်လိုမျိုးရမလဲမေးဖြစ် တယ်။ လေ့ လာဖြစ်တယ်။ နောက်ပိုင်းဆိုရင်တော့မြန်မာနိုင်ငံမှာဝက်ဘ်ဆိုက်ကနေရောင်းဖို့အစီအစဉ်ရှိတယ် လို့ကြားတယ်။ အဲဒီလိုမျိုးဆိုရင်လည်းဝယ်ဖို့အစီအစဉ်ရှိပါတယ်”

မျိုးမောင်
Popular Journal

RangonNewsDaily:: November . 29 .2013
ခေတ်ကာလ၏ လှုပ်ရှားမှုအရ ဖြစ်တည်ပေါ်ပေါက်လာခဲ့သော အင်တာနက်ဝက်ဘ်ဆိုက်များကို ပိုမို အသုံးပြုလာကာ တက်သစ်စ အဆိုတော်များ အနေဖြင့် မိမိတို့၏ သီချင်းများကို ပရိသတ်နားထောင်နိုင်စေရန် Download Link များ တင်တတ်ကြသလို ပရိသတ်အသိအမှတ်ပြုနာမည်ရ အဆိုတော် များအနေဖြင့်လည်း အခွေတစ်ခွေ ထွက်လာလျှင် မိမိသီချင်းကို ကြော်ငြာသောအားဖြင့် သီချင်းအပိုင်းအစလေးများအား အမြည်းအနေဖြင့် တင်ပေးတတ်ကြသည်များလည်းရှိသည်။ 
 
မည်သို့ပင်ဆိုစေ တိုး တက်လာသော ခေတ်ကာလကြီး ၌ နည်းပညာကို အသုံး ပြု၍ အလုပ်လုပ်နေကြသောအနုပညာရှင်များအနေဖြင့် နည်းပညာ၏ ကောင်းကျိုး၊ဆိုးကျိုး၊အကျိုးသက်ရောက်မှု အတိုင်းအတာများကို နာမည်ရအဆိုတော်များဖြစ်သည့် နိုင်းဝမ်း၊လွှမ်းပိုင်၊ ဘန်နီဖြိုး၊နန်းသူဇာတို့က ယခုလိုရှင်းလင်းပြောပြခဲ့သည်။

ပရိသတ်တွေကြားထဲ ပိုပျံ့နှံ့တဲ့ အရာတစ်ခုလို့ပဲ မြင်ပါတယ်…

► ဘန်နီဖြိုး

“ကိုယ်က ကောင်းတဲ့ နည်းလမ်းနဲ့ အသုံးချရင် ကိုယ့် အတွက် ကောင်းကျိုးဖြစ်ပြီး တော့ တစ်ခါတလေကျရင် လည်း ဆိုးကျိုးဖြစ်သွားနိုင် တာ တွေရှိတယ်။ဒီတော့ ကိုယ်လုပ် တဲ့အရာပေါ်မှာပဲ မူတည်တယ် လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက် Official အခွေချည်းပဲ ထွက် နေ၊ ထွက်နေ သီချင်းတွေက နောက်ဆုံး ကျရင်တော့ Down-load Link တွေနဲ့ အွန်လိုင်း ပေါ်ရောက်သွားကြတာပဲ။ 
 
ကျွန်တော်တို့က အဲဒါကို အကျိုးစီးပွားထက် ကိုယ့် သီချင်း ပရိသတ်တွေကြားထဲ ပိုပျံ့နှံ့တဲ့ အရာတစ်ခုလို့ပဲ မြင်ပါတယ်။ ကိုယ်က အခွေရောင်းစားနေ တာမှမဟုတ်တာ။ 
 
ကျွန်တော် တို့က သီချင်းဆိုဖို့အတွက်ပဲ လုပ်နေတာလေ။ အခုဆိုMyanmar Music Store ကနေ လုပ်တဲ့ System မျိုးဆို ဘာပဲဖြစ်ဖြစ် တော်တော်ကို အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လူကြီးတွေမှာလည်းအခက်အခဲတွေ ရှိသလို ကျွန် တော်တို့မှာ လည်း အခက် အခဲ တွေရှိတယ်။ တစ်ခါတလေ ကျရင်လည်း ကမောက်ကမ ဖြစ်တာမျိုးတွေရှိတယ်။ 
 
ဒါပေမဲ့ အဲဒီ System ကအခုမှစလုပ် တာဖြစ်တဲ့အတွက် တအား ကို ကောင်းတဲ့ System မျိုးပါ။ နောက်ပိုင်းဆိုရင်လည်း ဝက်ဘ် ဆိုက်တွေကနေ ရောင်းတဲ့ သီချင်းတွေ၊ ကိုယ်ပိုင် Sample တွေနဲ့ ရောင်းတဲ့ဟာမျိုးတွေ ရှိလာမယ်လို့ ထင်ပါတယ်။ “

ဖေ့စ်ဘုတ်က လူတော်တော်များများ အကုန်လုံး သုံးနေ ကြတာ …
► လွှမ်းပိုင်

“ကျွန်တော့်အမြင်ပြော ရရင် နည်းပညာက social network ပိုင်းမှာ အကောင်း ဘက်ကို ပိုသွားတယ်လို့ ကျွန် တော်က မြင်ပါတယ်။ အဆိုတော် အသစ်တစ်ယောက် အနေနဲ့ ဆိုရင် သူ့မှာ တအားကောင်း တဲ့ သီချင်းရှိထားတယ်။ ဒါပေမဲ့ သူ့ မှာ အသိုင်းအဝိုင်း မရှိဘူး။ ပိုက်ဆံမရှိဘူး။ 
 
အဲဒါမျိုးဆိုရင် ဖေ့စ်ဘုတ်က သီချင်းshare တဲ့ ဝက်ဘ် ဆိုက်တွေမှာ Link လေးတင်လိုက်ရင် သူ့ သီချင်း ကို လူတွေနားထောင်မယ်။ ကျွန်တော်ကတော့ အကောင်း ဘက်က ပိုသွားမယ်လို့ပဲ မြင်ပါ တယ်။
 
 ဖေ့စ်ဘုတ်က လူတော် တော်များများအကုန်လုံး သုံးနေ ကြတာဖြစ်တဲ့အတွက် တချို့က အကောင့်အတုတွေလုပ် တယ်။ အကောင့်အသစ်တွေ လျှောက် လုပ်ပြီးတော့ ဝင်ဆဲတာတို့ အဲဒီ လို မျိုးတွေတော့ ရှိတယ်။ အကောင်းနဲ့ အဆိုးက အမြဲ တမ်းရှိတယ်။ “

ရောင်းလိုက် လည်း ဒီသီချင်းက အွန်လိုင်း တက်မှာပဲလေ…

► နိုင်းဝမ်း



“ကောင်းတဲ့သီချင်းတွေဆို အွန်လိုင်းရောက်သွားတာ နှမြော ဖို့ ကောင်းတာပေါ့။ အွန်လိုင်း တင်တာကတော့ ကိုယ်လုပ်တဲ့ သီချင်း၊ ကိုယ်ပစ်တဲ့Target က အဓိကပါ။ ဥပမာ-အခွေ ထုတ်မလား၊ အခွေထုတ်ပြီး သီချင်းကို ရောင်းစားပြီးတော့ တကယ် Official အထိသွား မှာလား။ 
 
ဒါမှမဟုတ် ပရိသတ်ကို အလကားပေးလိုက်မှာလား နှစ် မျိုးတော့ တွေးရမှာပေါ့။ ရောင်းလိုက် လည်း ဒီသီချင်းက အွန်လိုင်း တက်မှာပဲလေ။ ကျွန်တော်တို့ အခွေ ဒီနေ့ ထွက်မယ်ဆို ဒီနေ့ည အဲဒီသီချင်း အွန်လိုင်းမှာရနေပြီ။ 
 
အဲဒီ တော့ ကိုယ်ပစ်တဲ့ Target ပေါ့။ အနုပညာကြေး ယူပြီး သီချင်း ကို ရောင်းမလား၊ ဒါမှမဟုတ် ပရိသတ်ကို အလကားပေး မလား။ ဒါကတော့ ကိုယ့် သမိုင်းပါပဲ။ကိုယ် က အခွေ ထွက် ချင်တယ်ဆိုရင်တော့ အခွေ တစ်ခွေစာ ဥထားလိုက်ပေါ့။ ဒါမှမဟုတ် Underground Sample ဝေချင်တယ်ဆိုရင် တော့ အွန်လိုင်းတင်လိုက်ရုံပဲ ပေါ့”

နန်းသူဇာတို့ဆိုရင်လည်း အခွေ မထွက် ခင်ကတည်းက အွန်လိုင်းတင်ဖြစ်ပါတယ်။ သီချင်းကို တစ်ပိုင်း၊ တစ်ပိုင်းစီဖြတ် ပြီးတော့ တင်တာမျိုး

► နန်းသူဇာ-

“အွန်လိုင်းက နာမည်ကြီး အနု ပညာရှင်၊ အဆိုတော်တစ်ယောက် အနေနဲ့ဆိုရင်တော့ သီချင်းတွေလုပ်သမျှကိုမတင်ကြဘူးလေ။ အသစ်တွေ ဆိုရင်တော့ ပိုကောင်းတာေ ပါ့။ နန်းသူဇာတို့ဆိုရင်လည်း အခွေမထွက်ခင် ကတည်းက အွန်လိုင်းတင်ဖြစ်ပါတယ်။ သီချင်းကို တစ်ပိုင်း၊ တစ်ပိုင်းစီဖြတ် ပြီးတော့တင်တာမျိုး၊ ကိုယ့်သီချင်းကို Promote လုပ်တာပေါ့နော်။ ကိုယ် ကလည်းအသစ်ဆိုတော့လေ။
 
 နောက်ပြီးတော့သူများဝက်ဘ်ဆိုက်မှာ တင် လို့ရှိရင်လည်း ဘယ်လိုမျိုးရမလဲမေးဖြစ် တယ်။ လေ့ လာဖြစ်တယ်။ နောက်ပိုင်းဆိုရင်တော့မြန်မာနိုင်ငံမှာဝက်ဘ်ဆိုက်ကနေရောင်းဖို့အစီအစဉ်ရှိတယ် လို့ကြားတယ်။ အဲဒီလိုမျိုးဆိုရင်လည်းဝယ်ဖို့အစီအစဉ်ရှိပါတယ်”

မျိုးမောင်
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment