Pages

Friday, November 29, 2013

Coalition Against Religious Extremism in Myanmar မှ ယနေ့ ၂၉.၁၁.၂၀၁၃တွင် မလေးရှားရှိ မြန်မာသံရုံး ထံပေးပို့သော Memorandum of Protest ၏ မြန်မာဘာသာပြန်

RangonNewsDaily:: November . 29 .2013 
မြန်မာနိုင်ငံ ရှိ ဘာသာရေးအစွန်းရောက်မှုအား ဆန့်ကျင်သည့် မဟာမိတ်အဖွဲ့၏ကန့်ကွက် ဆန္ဒပြပွဲ ထုတ်ပြန်လွှာမြန်မာနိုင်ငံရှိဘာသာရေးအစွန်းရောက်မှုအားဆန့်ကျင်သည့်မဟာမိတ်အဖွဲ့မှမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးသို့၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉) ရက်နေ့တွင် ဤ ထုတ်ပြန်လွှာ အား ပေးပို့သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်းများမှအစ္စလာမ် ဘာသာအားတိုက်ရိုက် ပေါ်ပေါ်ထင်ထင် စော်ကားခြင်း ကို လည်းကောင်း၊ ယင်းသို့စော်ကားမှု နှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရ ၏ ဆွံ့အ နှုတ်ပိတ်နေမှု ကို လည်းကောင်း ကန့်ကွက်ဆန့်ကျင်ထုတ်ပြန်ခြင်းဖြစ်သည်။
ပကတိ ဖြစ်ရပ်အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ၏ ကိုယ်စားလှယ်များမြန်မာနိုင်ငံသို့လာရောက်လေ့လာ သည် ကို ဆန့်ကျင်သည့်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မှ ဗုဒ္ဓဘာသာရဟန်းများသည် ၂၀၁၃ ခုနှစ်၊နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လမ်းပေါ် ထွက်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်း ပြုခဲ့သည်။ ဆန္ဒ ထုတ်ဖော်သည့် ၎င်း ဗုဒ္ဓဘာသာ ရဟန်းများကိုင်ဆောင်သော ပိုစတာတံခွန်များအနက် တစ်ခုတွင် "သားဖောက်နှုန်းမြန်အစ္စလာမ် တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ" ဟူသော စာသားအားရေးသားထားသည်။
ကမ္ဘာ့ဘာသာတရားကြီးတစ်ရပ်အား ဤသို့စော်ကားခြင်းသည်တစ်ကမ္ဘာလုံးဆိုင်ရာ ရုပ်ဆိုးအကျည်းတန်သည့် ပြစ်မှုဖြစ်ကြောင်းတစ်ကမ္ဘာလုံး က အကွဲအလွဲမရှိ တစ်သဘောထဲရှိပါသည်။ သို့သော် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရသည် ယနေ့တိုင် ကမ္ဘာ့ရာဇဝတ်သားများအား မည်သို့မျှ အရေးယူခြင်းမပြုသည့်အပြင်၊ ၎င်းတစ်ကမ္ဘာလုံးဆိုင်ရာ ပြစ်မှု နှင့်ပတ်သက်၍ ဆွံ့အ နှုတ်ပိတ်နေလျှက်ရှိကြောင်းကျွန်ုပ်တို့၏ စောင့်ကြည့် လေ့လာ မှုအရသိရှိရပါသည်။
ကျွန်ုပ်တို့ ပြင်းထန်စွာ ကန့်ကွက်သည်ကမ္ဘာ့ဘာသာတရားကြီး တစ်ရပ်ဖြစ်သည့် အစ္စလာမ်ဘာသာအားစော်ကားသော တစ်ကမ္ဘာလုံးဆိုင်ရာ ရုပ်ဆိုး အကျည်းတန်ပြစ်မှုအား။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၏ ဆွံ့အ နှုတ်ပိတ်နေမှုအား။ကျွန်ုပ်တို့ ပြန်ပြောင်းအမှတ်ရစေသည်ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့်၊ အကြမ်းဖက်မှုတို့ ကို လှုံ့ဆော်သည့် လူမျိုးရေးမုန်းတီးမှု နှင့် ဘာသာရေး မုန်းတီးမှု ကို အားပေးသောကြိုးပမ်းမှုတိုင်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ရှုတ်ချရန် နှင့် ပြစ်မှု အဖြစ်သတ်မှတ်ရန် 
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၏ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ဆုံးဖြတ်ချက်အား။ကျွန်ုပ်တို့တောင်းဆိုသည်အစ္စလာမ်ဘာသာအား ပေါ်ပေါ်ထင်ထင်စော်ကားရာတွင် တာဝန်ရှိသည့်သူများအား အမြန်ဆုံးအရေးယူ ရန် နှင့် ရန်လိုမှု၊ အကြမ်းဖက်မှုတို့ကို စေ့ဆော်သည့် လှုံ့ဆော်မှုနှင့် ဘာသာရေးမုန်းတီးမှုတို့ကို ရှေ့တန်းတင် သော မည်သည့်အဖွဲ့အစည်းမျိုး ၏ မည်သည့်လုပ်ရပ်မျိုးကိုမဆိုပိတ်ပင်တားဆီးရန်နှင့် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ရန်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအား။အစ္စလာမ်ဘာသာ အားစော်ကားသည့် လုပ်ရပ်၊ 
အစ္စလာမ်ဘာသာအပေါ်ရိုင်းပြသည့် အသုံးအနှုန်းအား ပြန်လည်ရုပ်သိမ်းရန်နှင့်မြန်မာနိုင်ငံရှိမွတ်စ်လင်မ်များနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စ်လင်မ်များအား တောင်းပန်သည့်ကြေညာချက်အား ကမ္ဘာသိထုတ်ပြန်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာကောင်စီ (သို့) အလားတူအဖွဲ့အစည်းအား။မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးတင်းမာမှုများနှင့် အုပ်စုဖွဲ့တင်းမာမှုများအား ရှောင်ရှားနိုင်ရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆုံးဖြတ်ချက်နှင့်အညီ၊ ဘာသာတရားအားလုံးအား လေးစားရန် အလို့ငှါသင့်မြတ်သော မူဝါဒများချမှတ်ရေး အာမခံချက်ပေးရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရအား။ကျွန်ုပ်တို့ပန်ကြားသည်ကမ္ဘာ့ဘာသာကြီးတစ်ရပ်အား စော်ကားမှု အပေါ် မိမိတို့၏ မနှစ်မြို့မှုကို ဖော်ပြရန် 
ကမ္ဘာ့ပြည်သူများအား။ မြန်မာနိုင်ငံတွင် ဘာသာရေးစော်ကားတိုက်ခိုက်မှု ကို တားဆီးကာကွယ်ပေးရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအား သတိပေးရန်အာဆီယံ အဖွဲ့ကြီးအား။ယင်းသို့သော ရုပ်ဆိုးအကျည်းတန်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ပြစ်မှုကိုကန့်ကွက်ရှုတ်ချရန် စစ်မှန်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များအား။အစ္စလာမ်ဘာသာ အပေါ်ထားရှိသည့် မုန်းတီးရေး သဘောထားများမြန်မာနိုင်ငံတွင်ဆက်လက်တည်ရှိနေပါက၊မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အား ပြန်လည်သုံးသပ်ရန် 
အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများအား။ကျွန်ုပ်တို့အာမခံသည်အနာဂတ်တွင်မည်သူမဆို၊မည်သည့်ဘာသာတရားကိုမဆို စော်ကားပါကကျွန်ုပ်တို့ နှုတ်ဆိတ်နေမည်မဟုတ် ကြောင်း။မြန်မာနိုင်ငံတွင် ဘာသာရေးတိုက်ခိုက်သတ်ဖြတ်မှု နှင့် အစ္စလာမ်ဘာသာအား အကြမ်းဖက်မှုများအား ရပ်တန့်စေရန် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု တစ်ရပ်ကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ကြောင်း။
ဗုဒ္ဓဘာသာဝင် လူဦးရေ အများစု ၏ ဘာသာရေးနှိပ်ကွပ်မှုများရပ်တန့်စေရန်နှင့် ဘာသာတရားအားလုံးအား လုံခြုံမှုရှိစေရန်မြန်မာနိုင်ငံအားဖိအားပေးရန်အတွက် အလုံးစုံသောဘာသာတရားတို့ ၏ ခေါင်းဆောင်များနှင့်ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း။
ကျွန်ုပ်တို့အလိုရှိသည်ကမ္ဘာတွင်၊ အထူးသဖြင့်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်နှင့် နှင့် အလုံးစုံသော ဘာသာ ရေးမုန်းတီးရန်လိုမှုများ ရပ်တန့်ရန်။
အစိုးရ မှ အားပေးထောက်ပံ့ထားသော မြန်မာနိုင်ငံရှိ ဘာသာရေးမုန်းတီးမှုအင်အားနှင့် ပတ်သက်၍ ကမ္ဘာမှ အာရုံစူးစိုက်လာရန်နှင့် အကယ်၍ မြန်မာနိုင်ငံတွင် အခြေအနေတစ်စုံတစ်ရာပြောင်းလဲခြင်းမရှိပါ က ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ကြားဝင် ဆောင်ရွက်မှု ဆုံးဖြတ်ချက်အတွက် တိုက်တွန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ပါဝင်သည့် အဖွဲ့အစည်းများ

Malaysia Consultative Council of Islamic Organizations

Secretariat for the Ulama Assembly of Asia

Muslimah Ukhuwwah Association of Malaysia

TERAS Malay Empowerment Association

Ulama Association Malaysia , Kuala Lumpur

Ulama Association of Kedah

Union of World Rohingya Organizations

Muslim University Students Movement of Malaysia

Jama'iy Muslim Ngos Network Perak

Institute for Community Development and Mobilization , Malaysia

Rohingya Ulama Council Malaysia

Burma Muslim Youth Network Malaysia

Ethnic Rohingya Community Of Arakan Malaysia

Myanmar Muslim Association Malaysia

Rohingya Society in Malaysia

Sejagat Malaysia

Y.Bhg. Datuk Seri Abdul Hadi Awang – PAS

Y.Bhg Datuk Raja Kamarul Bahrin Shah – PAS

Y.Bhg Datuk Mahfuz Omar – PAS

Y.Bhg Datuk Kamaruddin Jaafar – PAS

Y.Bhg Datuk Takiyuddin Hassan – PAS

Dr. Mujahid Yusof – PAS

Dr. Izani Hussin – PAS

Dr. Siti Mariah Mahmud – PAS

Dr. Nik Mazian Nik Mohamad – PAS

Dr. Mohd Hatta Ramli – PAS

Ustaz Idris Ahmad – PAS

Nik Mohamad Abduh Nik Abdul Aziz – PAS

Nasrudin Hassan – PAS

Che Rosli Che Mat – PAS

Khairuddin Aman Razali – PAS

Wan Hassan Mohd Ramly – PAS

Khalid Samad – PAS

Mohamed Hanipa Maidin – PAS

Siti Zailah Mohd Yusoff – PAS

Ahmad Baihaki Atiqullah – PAS

Ahmad Marzuk Shaary – PAS


လက်မှတ် xxx

Mohd Azmi Abdul Hamid

Credit by: Coordinator ကိုရဲရင့်
kolatt(PBDN)
RangonNewsDaily
 

0 comments:

Post a Comment