Pages

Wednesday, May 15, 2013

တွန်းဇံ-တီးတိန်ကားလမ်းပေါ်တွင် လမ်းချော်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော်၊ မေ ၁၅ ၁၄-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကြို့သုံးပင် ရပ်ကွက်နေ ထန်ရှင်းခိုင်(၂၂)နှစ် မောင်းနှင်လာသည့် ၆က/xxxx ““ချင်းတောင်တန်း””ခရီးသည်တင် မှန်လုံယာဉ်သည် တွန်းဇံ-တီးတိန်ကားလမ်း မိုင်တိုင်အမှတ်(၁၆/၅-၆)ကြားအရောက်တွင် လမ်းချဲ့ ထားသောနေရာမှမြေသားများ မိုးရွာထားသဖြင့်လမ်းချော်ပြီး ၃၅ ပေခန့်အနက်ရှိ လမ်းယာဘက် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ထန်ရှင်းခိုင်တွင် ယာဒူးပွန်း၊ ၀ဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိပြီး ခရီးသည်များဖြစ်သည့် တီးတိန်မြို့၊ ဂန်လှိုင်ကျေးရွာနေ ဒေါ်ကျိန်လွန်းညောင်(၄၀)နှစ်တွင် ၀ဲလက်ဖျံပွန်း၊ ၀ဲနားထင်ပေါက်ပြဲ၊ ၀ဲခြေသလုံးပေါက်ပြဲ၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။
ဒေါ်ခေါင်ဆွင်းညောင် ပါ ၉ ဦးတွင် ရင်ဘတ်နာကျင်၊ ယာဒူးပွန်း၊ ၀ဲလက်သန်းပေါက်ပြဲ၊ ယာမျက်ခုံးပေါက်ပြဲ၊ ယာဂျိုစောင်းပွန်း၊ ခါးနာကျင်၊ နဖူးထိပ်ပွန်း၊ ၀ဲလက်မောင်း ဖူးရောင်၊ ယာပေါင်နာကျင်၊ ရင်ဘတ်ပွန်း၊ ကျောနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တီးတိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ထန်ရှင်းခိုင်အား တီးတိန်ရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Rangonnewsdaily
RND:  :15.5.2013

0 comments:

Post a Comment