Pages

Wednesday, May 15, 2013

မဟာစင် ဆိုက်ကလုန်းမုန်တိုင်း အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး (၂၀၁၃ခုနှစ်၊ မေလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်အ
လယ်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ မောင်တော
မြို့ ၏ အနောက်တောင်ဘက် မိုင်(၂၇၀)ခန့်၊စစ်တွေမြို့ ၏အနောက်တောင်ဘက်မိုင်(၂၈၀)ခန့်၊ ကျောက်မြို့

၏ အနောက်တောင်ဘက် မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက် မိုင် (၂၆၀) ခန့် အ
ကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့ လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ နှင့် မြန်မာနိုင်ငံ မောင်တောမြို့ အကြားမှ ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်
ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင်အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီး၊ဘင်္ဂလား

ဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့ လျားလျက် ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီ

လျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်း အမြင့်မှာ 
 မောင်တောမြို့ နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်
 ကျောက်ဖြူခရိုင် ကမ်းခြေတွင် (၄)ပေမှ (၆)ပေခန့် မြင့်တက် နိုင်ပါသည်။

ထို့အပြင် မုန်တိုင်းနှင့် အတူမိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ

သကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်
ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့်
 လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေ

ပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်သည့် အတွက် ပင်လယ်သို့ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှား
ကြပါရန် အကြံပြု အပ်ပါသည်။


မိုးလေးဝသနှင့် ဇလဗေညညွန်ကြားရေးဦးစီးငှာန
Rangonnewsdaily
RND:  :15.5.2013


0 comments:

Post a Comment