Pages

Wednesday, May 15, 2013

MAHASEN ဆိုက်ကလုန်းမုန်တိုင်းနှင့် ပတ်သတ်ပြီး (၁၅-၅-၂၀၁၃) မြန်မာစံတော်ချိန် နံနက် ၅း၄၅ နာရီအချိန်သတင်းထုတ်ပြန်ချက်

လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်းရေယာဉ်
တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါ
တယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃
 ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။

တကယ်လို့အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)
အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါ
တယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။

နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆို တာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။
Rangonnewsdaily
RND:  :15.5.2013

0 comments:

Post a Comment