Pages

Wednesday, June 19, 2013

၈၈မျိုးဆက်ခေါင်းဆောင်များ အင်္ဂလန်နိုင်ငံသို့ ရောက်ရှိ

Photo

Wednesday, June 19, 2013

မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များသည် အင်္ဂလန်ခရီးစဉ်အဖြစ် ၁၈၊ ၆။၂၀၁၃နေ့ နံနက်၇း၃၀နာရီတွင်လန်ဒန်မြို့၊ဟိဿရိုးလေဆိပ်သို့ ဆိုက်ရောက်
ခဲ့ကြသည်။၈၈မျိုးဆက်အဖွဲ့တွင်မင်းကိုနိုင်နှင့်အတူကိုကိုကြီး၊မင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုမာကီ၊
မမီးမီးနှင့် မနီလာသိန်းတို့လည်း ပါဝင်ခဲ့ကြသည်။ ဟိဿရိုးလေဆိပ်အရောက်တွင် အင်္ဂလန်နိုင်ငံရောက် မြန်မာမိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အင်္ဂလန်သံရုံးမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုးဆက်တို့သည် အင်္ဂလန်နိုငံ၊ ချဲလ်ဆီး
မြို့၊ကွန်းဝဲလမ်းရှိ Radisson Hotelတွင် ခေတ္တတည်းခို နေထိုင်ကြသည်။ နေ့လည်၁း၃၀နာရီတွင်BBCသတင်း
ဌာနသို့ သွားရောက်၍ BBC တွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာမိသားစုဝင်များနှင့် တွေ့ဆုံနှုတ်
ဆက်ပြီး၊ BBC သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှုအစီအစဉ် ပြုလုပ်ခဲ့ကြသည်။

နေ့လည်၂း၃၀နာရီတွင် British Council ၏ CE ဖြစ်သော Mr. Martin Davison နှင့် လန်ဒန်မြို့ရှိ ၎င်း၏ရုံးခန်း
တွင် တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံအပေါ် အကူအညီပေးနေမှု အစီအစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ
 ဆွေးနွေးခဲ့ကြသည်။ 
 
ညနေ ၆း၃၀ နာရီတွင် Chief of Staff(1997-2007) ဖြစ်သူ Mr.Jonathan Poweel တည်ခင်းဧည့်ခံသော ညစာ
စားပွဲသို့ တက်ရောက်ခဲ့ကြပြီး အိုင်ယာလန်၏ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို လေ့လာ၍
 မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု ဖြစ်စဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

The 88 Generation Peace and Open Society
RangonNewsDaily
kolatt(PBDN): 19.6.2013
Photo

Photo

Photo

Photo

0 comments:

Post a Comment